ဟဲအိအန်ခေတ်
ပုံပန်းသွင်ပြင်
ဟဲအိအန်ခေတ် သည် ဂျပနိုင်ငံ၏ သမိုင်းကြောင်းတွင် ၇၉၄ ခုနှစ်မှ ၁၁၈၅ ခုနှစ်အထိကာလကို ရည်ညွှန်းခေါ်ဆိုသည့် ခေတ်ကာလတစ်ခု ဖြစ်သည်။ ဤနှစ်ကာလအပိုင်းအခြားသည် မြို့တော်ဖြစ်သည့် "ဟဲအိအန်ခယော" ကို အစွဲပြုကာ ခေါ်ဝေါ်ခြင်း ဖြစ်သည်။ ဟဲအိအန်ခယောဆိုသည်မှာ လက်ရှိအချိန် "ကျိုတိုမြို့" ၏ ရှေးကျသည့် အမည်တစ်ခု ဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ဟဲအိအန်ခေတ်ကာလသည် ၇၉၄ ခုနှစ် ဂျပန်နိုင်ငံ၏ မြို့တော်သည် "ဟဲအိအန်ခယော" သို့ ပြောင်းရွှေ့သည့်အချိန်ကာလမှ စတင်ခဲ့သည်။ ကမာကူရခေတ်ကာလ စတင်သည့် ၁၁၈၅ ခုနှစ်မတိုင်မီအထိ ကြာမြင့်ခဲ့သည်။[၁]
ထိုအချိန်ကာလတွင် ကျိုတိုမြို့သည် ဂျပန်ယဉ်ကျေးမှု၏ ဗဟိုနေရာ ဖြစ်ခဲ့သည်။ ပထမဆုံးထင်ရှားသည့် ဝတ္ထုကို ဤခေတ်ကာလတွင် ရေးသားခဲ့သည်။ ရေးသားသူစာရေးဆရာမှာ အမျိုးသမီးတစ်ဦး ဖြစ်သည်။ ဟဲအိအန်ခေတ်ကာလတွင်လည်း ကဗျာများသည် အထူးရေပန်းစားခဲ့သည်။
အချိန်ကာလအလိုက်မှတ်တမ်း
[ပြင်ဆင်ရန်]- ၇၉၄ - ဘုရင်ကမ်းမုသည် မြို့တော်ကို "ဟဲအိအန်ခယော" (ယခု-ကျိုတိုမြို့) သို့ ရွှေ့ပြောင်းခဲ့သည်။
- ၈၀၄ - ဆိုင်းချော (ဒန်းဂယောဒိုင်းရှိ ဟုလည်းသိကြ) သည် ဂျပန်နိုင်ငံတွင် တန်းဒိုင်းဗုဒ္ဓဘာသာဂိုဏ်းကို တည်ထောင်ခဲ့သည်။
- ၈၀၆ - ခူးခိုင်း (ခိုးဘိုးဒိုင်းရှိ ဟုလည်းသိကြ) သည် ဂျပန်နိုင်ငံတွင် ရှင်းဂွန်းဗုဒ္ဓဘာသာကို တည်ထောင်ခဲ့သည်။
ရုပ်ပုံများ
[ပြင်ဆင်ရန်]- ဘုရင့်နန်းတော်နှင့်အတူ ဖော်ပြထားသည့် ရှေးခေတ်ကျိုတိုမြို့ပုံစံငယ်
- South wing of the Phoenix Hall in the Byodo-In temple in Uji
ကိုးကား
[ပြင်ဆင်ရန်]- ↑ Nussbaum, Louis-Frédéric. (2002). "Heian-jidai" in Japan Encyclopedia, p. 302.