ဟောလီစီ
ဗာတီကန်မြို့ပြနိုင်ငံအစိုးရ | |
---|---|
နိုင်ငံတော် သီချင်း: Inno e Marcia Pontificale "ပုပ်ရဟန်းမင်းကြီး သီချင်းနှင့် ချီတက်တီးလုံး" | |
ကက်သလစ် သာသနာနယ် | ရောမဂိုဏ်းချုပ်သာသနာနယ် |
ရုံးသုံး ဘာသာစကားများ | လက်တင် |
အလုပ်လုပ်ဘာသာစကား | အီတလီ |
ကိုးကွယ်မှု | ကက်သလစ် အသင်းတော် |
အစိုးရ | ကက်သလစ်သာသနာ လွှမ်းမိုးသော အကြွင်းမဲ့စိုးစံသည့် ရွေးချယ်တင်မြှောက်ခံ မင်းတစ်ပါး အုပ်ချုပ်သည့် တစ်ပြည်ထောင် အုပ်ချုပ်ရေးစနစ် |
ပုပ်ရဟန်းမင်းကြီး ကွယ်လွန်ချိန်ကာလ | |
• ကာဒီနယ်အမတ် အတွင်းရေးမှူးချုပ် | Pietro Parolin |
• ကက်သလစ်အသင်းတော်၏ အတွင်းဝန် | Kevin Farrell |
• ဗာတီကန်မြို့ပြနိုင်ငံအတွက် ပုပ်ရဟန်းမင်းကြီး၏ ကော်မရှင်ဥက္ကဋ္ဌ | Raffaella Petrini |
နိုင်ငံတကာဥပဒေအရအချုပ်အခြာအာဏာပိုင်နိုင်ငံ | |
1929 အီတလီနိုင်ငံနှင့် လတ္တရန်စာချုပ်ချုပ်ဆိုးခဲ့သည် | |
Holy See (လက်တင်: Sancta Sedes) (သို့) သန့်စင်မြင့်မြတ်သော ကက်သလစ်ဂိုဏ်းအုပ်သာသနာနယ် (သို့) ဟောလီစီသည် ပုပ်ရဟန်းမင်းကြီး၏ ကြီးကြပ်မှု အောက်ရှိသော ဘာသာရေးဆိုင်ရာ အုပ်ချုပ်ရေး အုပ်ချုပ်ရေး အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ဟောလီစီသည် ဗာတီကန်မြို့ပြနိုင်ငံ (Vatican City State) နှင့် ကွဲပြားသည်။
ဟောလီစီသည် ကက်သလစ်ဘာသာရေးဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းဖြစ်ပြီး ဗာတီကန်မြို့သည် ၎င်း၏ အုပ်ချုပ်ရေးနယ်မြေ ဖြစ်သည်။ နိုင်ငံကို ဗာတီကန်မြို့ပြနိုင်ငံ (သို့မဟုတ်) Vatican City State ဟု တရားဝင် ခေါ်ဆိုပါသည်။
ဟောလီစီသည် ပုပ်ရဟန်းမင်းကြီးရုံးဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ ကက်သလစ်အသင်းတော်၏ ဘာသာရေးဆိုင်ရာ အုပ်ချုပ်ရေးနှင့် ဗာတီကန်မြို့၏ အာဏာပိုင် အဖွဲ့အစည်းဖြစ်သည်။
အခေါ်အဝေါ်
[ပြင်ဆင်ရန်]Holy See သည် လက်တင်ဘာသာ 'Sancta Sedes' မှ ဆင်းသက်လာပြီး အဓိပ္ပါယ်မှာ 'သန့်ရှင်းသော နေရာထိုင်ခင်း' ဖြစ်သည်။ အခြားအမည်ကွဲများဖြစ်သော ရောမသာသနာနယ် (See of Rome)၊ Petrine See (စိန့်ပီတာသာသနာနယ်)၊ တမန်တော်များ သာသနာနယ် (Apostolic See) လို့လည်း လူသိများသည်။
See" (ဆီး) သည် "Diocese" (သာသနာနယ်) နှင့် အဓိပ္ပာယ်တူညီသော စကားလုံးဖြစ်သည်။ ၎င်းကို "ထိုင်ခုံနေရာ" (သို့မဟုတ်) "အာဏာစက်ဗဟို" အဖြစ် နားလည်နိုင်ပြီး၊ သာသနာနယ်တစ်ခုစီတွင် သာသနာပိုင် ဘိရှော့ (သို့) ဂိုဏ်းအုပ်ဆရာတော် တစ်ပါးက ဦးဆောင်လေ့ရှိသည်။
ကက်သလစ်နှင့် အင်္ဂလီကန်သာသနာတို့တွင် အသုံးအနှုန်းအနည်းငယ်ကွဲပြားသော်လည်း အခြေခံသဘောတရား ဆင်တူပါသည်။
နောက်ခံသမိုင်း
[ပြင်ဆင်ရန်]ကက်သလစ်သာသာနနှင့် ဗာတီကန်မြို့ပြနိုင်ငံ၏ ဗဟိုအုပ်ချုပ်ရေး အစိုးရအဖွဲ့ဖြစ်သည်။ ဤအစိုးရအဖွဲ့သည် ရောမမြို့၏ ဂိုဏ်းချုပ်သာသာနာ ဆရာတော်၊ ပုပ်ရဟန်းမင်းကြီးက ဦးဆောင်သည်။ နိုင်ငံတကာဥပဒေအရ Holy See သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသည့် အချုပ်အခြာအာဏာပိုင်၊ သီးခြားရပ်တည်သော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
ကက်သလစ်သာသနာ သမိုင်းအစဉ်အလာများအရ Holy See ကို အေဒီပထမရာစုတည်းတွင် စိန့်ပီတာနှင့် စိန့်ပေါလ်)တို့က တည်ထောင်ခဲ့ကြသည်။ Holy See သည် ကမ္ဘာတစ်ဝန်းက ကက်သလစ်ဘာသာဝင်များအတွက် အပြည့်အစုံသဟေတဖြစ်စေသည့် ဗဟိုနေရာ ဖြစ်လာသည်။ Holy See ၏ ဗဟိုရုံးချုပ်သည် ဗာတီကန်မြို့ပြအတွင်း၌ တည်ရှိပြီး၊ “ထူးခြားသီးခြားအုပ်ချုပ်ခွင့်” အာဏာအရ ဗာတီကန်မြို့ကိုလည်း စီမံခန့်ခွဲသည်။
ဗာတီကန်မြို့သည် ရောမမြို့က ပတ်ပတ်လည် ဝန်းရံထားသော လွတ်လပ်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့ပြနိုင်ငံတစ်ခု ဖြစ်သည်။ နိုင်ငံတော်အကြီးအကဲသည် ပုပ်ရဟန်းမင်းကြီး ဖြစ်သည်။
ရောမန်ကူရာ
[ပြင်ဆင်ရန်]ပုပ်ရဟန်းမင်းကြီး၏ အုပ်ချုပ်မှုအခွင့်အာဏာကို ကျင့်သုံးသည့် ဗျူရိုကရက်တစ်ယန္တရားကို Roman Curia (ရောမန်ကူရာ) ဟု ခေါ်သည်။ Roman Curia တွင် အုပ်ချုပ်ရေးယန္တရားများဖြစ်သော အစိုးရအဖွဲ့ရုံးများ၊ ဝန်ကြီးဌာနများ၊ ဘာသာရေးဆိုင်ရာဌာနများ ပါဝင်သည်။ Roman Curia အားဖြင့် Holy See (ဗာတီကန်မြို့ပြနိုင်ငံအစိုးရ) သည် နေ့စဉ်အုပ်ချုပ်ရေးလုပ်ငန်းများနှင့် ဘာသာရေးလုပ်ငန်းများကို ဆောင်ရွက်သည်။ ရောမန်ကူရာကို ဝန်ကြီးချုပ်နှင့်တူသည့်ရာထူးဖြစ်သော Cardinal Secretary of State (ကာဒီနယ်အမတ်အတွင်းရေးမှူး) က ဦးဆောင်သည်။ ပုပ်ရဟန်းမင်းကြီးရွေးကောက်ပွဲများကိုတော့ ကာဒီနယ်အမတ်များ၏အဖွဲ့မှ တာဝန်ယူ ဆောင်ရွက်သည်။