မာတိကာသို့ ခုန်သွားရန်

ဟုန်းငိုင်း

ဝီကီပီးဒီးယား မှ
ဗိုလ်မှူးချုပ် (ငြိမ်း)

ဟုန်းငိုင်း
ချင်းပြည်နယ် ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁  ၃၀ မတ် ၂၀၁၆
ယခင်လူကိုယ်တိုင် (ပအဖဥက္ကဋ္ဌ)
ဆက်ခံသူဆလိုင်းလျန်လွယ်
ချင်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၃၁ ဇန်နဝါရီ ၂၀၁၁  ၃၁ ဇန်နဝါရီ ၂၀၁၆
ယခင်လူရာထူးစတင်
မဲဆန္ဒနယ်မင်းတပ်မြို့နယ် မဲဆန္ဒနယ် (၂)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1956-03-30) မတ် ၃၀၊ ၁၉၅၆ (အသက် ၆၉)
မင်းတပ်မြို့နယ်၊ ချင်းပြည်နယ်
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
အစိုးရအဖွဲ့ချင်းပြည်နယ် အစိုးရအဖွဲ့
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
အမှုထမ်းကာလ? - ၂၀၁၀
ရာထူးဗိုလ်မှူးချုပ်

ဦးဟုန်းငိုင်း (အင်္ဂလိပ်: Hong Ngai, ၃၀ မတ် ၁၉၅၆[]) သည် မြန်မာနိုင်ငံ ချင်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် ၂၀၁၁ မတ်လမှ ၂၀၁၆ မတ်လအထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ဦးဟုန်းငိုင်းသည် တပ်မတော်မှ အငြိမ်းစား ဗိုလ်မှူးချုပ်ဖြစ်ပြီး ချင်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ (? - ၂၀၁၀) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။[]

ရွေးကောက်ပွဲ ဝင်ပြိုင်မှု

[ပြင်ဆင်ရန်]

စစ်မှုထမ်းခြင်းမှ ၂၀၁၀ တွင် အငြိမ်းစားယူပြီး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်အဖြစ် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ချင်းပြည်နယ် လွှတ်တော်အတွက် မင်းတပ်မြို့နယ် မဲဆန္ဒနယ် ၂ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။[][]

ပထမအကြိမ် ချင်းပြည်နယ်လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်သဘာပတိ အဖြစ် ရွေးချယ်ခံရသည်။ [] ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၎င်းကို ချင်းပြည်နယ် ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခဲ့သည်။ ထိုရာထူးကို ၃၀ မတ် ၂၀၁၆ အထိ ထမ်ဆောင်ခဲ့သည်။

၂၀၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော် မင်းတပ်မြို့နယ် မဲဆန္ဒနယ် (၂) မှ ပြန်လည် ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။

၂၀၂၀ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အတွက် မင်းတပ်မဲဆန္ဒနယ်မှ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း အဖြစ် ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။[]

စဉ် ကိုယ်စားလှယ်လောင်း ပါတီအမည် မဲရုံမဲ ကြိုတင်မဲ စုစုပေါင်းမဲ ရာခိုင်နှုန်း
၁။ ဦးနေလင်းအောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၁၀,၄၁၁ ၂,၅၀၆ ၁၂,၉၁၇ ၅၄.၀၄%
၂။ ဦးဟုန်းငိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၅,၆၅၅ ၁,၆၂၇ ၇,၂၈၂ ၃၀.၄၇%
၃။ ဦးရွှေနိုင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၂,၈၅၄ ၆၂၈ ၃,၄၈၂ ၁၄.၅၇%
၄။ ဦးနိုင်းကီး ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ၁၆၂ ၅၈ ၂၂၀ ၀.၉၂%
စုစုပေါင်း ၁၉,၀၈၂ ၄,၈၁၉ ၂၃,၉၀၁ ၉၉.၉၉%
* အနိုင်ရရှိသူမှာ ဦးနေလင်းအောင် ဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ဦးဟုန်းငိုင်း mVoter။ 19 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၇ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  2. Burma's New Government: Prospects for Governance and Peace in Ethnic States Transnational Institute (မေ ၂၀၁၁)။ ၉ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး။
  3. "Chin State MPs"၊ Alternative Asean Network on Burma ၉ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး Archived from the original on 4 March 2016။
  4. "USDP sweeps speaker posts in local assemblies"၊ Mizzima၊ ၁ ဖေဖော်ဝါရီ ၂၀၁၁ ၉ ဇူလိုင် ၂၀၁၅ တွင် ပြန်စစ်ပြီး Archived from the original on 10 July 2015။
  5. ချင်းပြည်နယ် လွှတ်တော်အကြီးအကဲ နေရာအားလုံး ကြံ့ဖွံ့ ကိုယ်စားလှယ်များ ရွေးချယ်ခံရ BNI (February 1, 2011)။ 12 August 2025 တွင် ပြန်စစ်ပြီး။
  6. ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ ဆန္ဒမဲရရှိမှုအခြေအနေ (၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ) (in Burmese)။ 1 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။