ဟေဗြဲဘာသာစကား
ဟေဗြဲဘာသာစကား၊ ရဟူဒီဘာသာစကား သို့မဟုတ် ဟီဘရူးဘာသာစကား (Hebrew language)သည် စီမီတစ် ဘာသာစကားတစ်ခုဖြစ်ပြီး အစ္စရေးနိုင်ငံတွင် အသုံးပြုသည်။ ယင်းဘာသာစကားကို ရဟူဒီလူမျိုးများကအသုံးပြုကြသည်မှာ ဘီဘယ်ဟုခေါ်သည့် ရှေးဟောင်းစာပေရေးသားခဲ့သည့်ခေတ်မှစ၍ နှစ်ပေါင်းများစွာကြာပြီးဖြစ်သည်။ ဘေဘီလိုးနီးယတို့၏ တိုက်ခိုက်ခြင်းခံခဲ့ရသော ဂျူးဒက်နိုင်ငံ ပျိုကွဲပြီးနောက်ပိုင်းတွင် ဂျူးလူမျိုးတို့သည် ဘေဘီလုံ၌ မြို့တည်ပြီး အာရမစ်စကားကို စတင်အသုံးပြုခဲ့ကြသည်။ ဟီဘရူးဘာသာစကားကိုကား ယနေ့ခေတ်တွင် အသုံးပြုမှုများပြားခြင်း မရှိသော်လည်း ဘာသာတရားလေ့လာကြသည့် ဂျူးလူမျိုးအချို့သည်သာ သိရှိနားလည်ကြလေသည်။
၂၀ ရာစုနှစ်တွင် ဂျူးလူမျိုးအများစုက ဟီဘရူးဘာသာစကားကို ပြန်လည် အသုံးပြုရန် အတွက်ဆုံးဖြတ်ခဲ့ကြသည်။ ၁၉၄၈ ခုနှစ်တွင် အသစ်ဖြစ်တည်လာသည့် အစ္စရေးနိုင်ငံ၏ ဘာသာစကားအဖြစ် ရောက်ရှိလာခဲ့သည်။ နေရာဒေသများစွာမှ လူများသည် အစ္စရေးနိုင်ငံသို့ရောက်ရှိလာပြီး ဟီဘရူးဘာသာစကားကို လေ့လာရန်ဆုံးဖြတ်ပြီးနောက် ဘာသာစကားတစ်ခုတည်းကို ပြောဆိုအသုံးပြုနိုင်ခဲ့လေသည်။
ဟီဘရူးဘာသာစကားသည် အာရပ်ဘာသာစကားနှင့် နီးစပ်သည်။ စာလုံးများသည် ပုံစံတစ်ခုနှင့်အတူ အခြေတစ်ခုပေါင်းစပ်ခြင်းဖြင့် ပြုလုပ်ထားကြသည်။ အစ္စရီ ဟီဘရူးဘာသာစကားတွင် အချို့သော စကားလုံးများတွင် အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်နှင့် ရုရှားကဲ့သို့သော ဥရောပနိုင်ငံများ၏ ဘာသာစကားများကို ဘာသာပြန်ဆိုထားသည်ကိုလည်း တွေ့ရှိရသည်။ ရှေးဟောင်းသမာကျမ်းမှ စကားလုံးပေါင်းမြောက်မြားစွာသည် အစ္စရီ ဟီဘရူးထဲသို့ အဓိပ္ပာယ်အသစ်ပေါင်းများစွာကို ပေးထားခဲ့သည်။ ဟီဘရူးဘာသာကို လေ့လာသူများသည် သရများမပါပဲ အစီစဉ်အတိုင်း မှန်ကန်စွာ ဖတ်နိုင်ရန်အတွက် ရှေးဦးစွာ "သဒ္ဒါ" ကို လေ့လာတတ်မြောက်ထားရန် လိုအပ်သည်။ အစ္စရီဟီဘရူးတွင် မျက်မှောက်ကာလပြရန်အတွက် ကြိယာ
ဆက်စပ်ဖတ်ရှုရန်
[ပြင်ဆင်ရန်]ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]- History of the Ancient and Modern Hebrew Language 22 December 2012 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . by David Steinberg
- Short History of the Hebrew Language 23 May 2012 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . by Chaim Menachem Rabin
- Fully Transliterated Modern Hebrew Course 21 August 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . (with listing of verb roots and derived verbs)
- Modern Hebrew for Beginners at the University of Texas at Austin College of Liberal Arts
- Morfix online dictionary
- USA Foreign Service Institute (FSI) Hebrew basic course
- Hebrew language, alphabet and pronunciation
- Early Hebrew Newspapers 18 May 2011 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ., thousands of pages of mid- to late-19th-century and early 20th-century Hebrew newspapers.
- Categorized Hebrew language study resources
- Biblical Hebrew Poetry and Word Play – Reconstructing the Original Oral, Aural and Visual Experience
- Hebrew Pronunciation, Rabbi Gil Student about how Hebrew should be pronounced in prayer, in accordance with Halakha and Poskim
- Hebrew fonts 6 September 2015 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- Jewish Story Writing[လင့်ခ်သေ] Resource for Jewish writers.
- Hebrew Phrases with Audio