မာတိကာသို့ ခုန်သွားရန်

ဟိုဆေး ရာမို့စ်ဟောတာ

ဝီကီပီးဒီးယား မှ
ဟိုဆေး ရာမို့စ်ဟောတာ
José Ramos-Horta
၂၀၂၃ ခုနှစ်ကပုံ
၄ကြိမ်မြောက် နှင့် ၇ကြိမ်မြောက်
တီမောလက်စ်တေနိုင်ငံ၏သမ္မတ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၀ မေ ၂၀၂၂
ဝန်ကြီးချုပ်Taur Matan Ruak
Xanana Gusmão
ယခင်လူFrancisco Guterres
တာဝန်သက်တမ်း
၁၇ ဧပြီ ၂၀၀၈  ၂၀ မေ ၂၀၁၂
ဝန်ကြီးချုပ်Xanana Gusmão
ယခင်လူFernando de Araújo (East Timorese politician) (acting)
ဆက်ခံသူTaur Matan Ruak
တာဝန်သက်တမ်း
၂၀ မေ ၂၀၀၇  ၁၁ ဖေဖော်ဝါရီ ၂၀၀၈
ဝန်ကြီးချုပ်Estanislau da Silva
Xanana Gusmão
ယခင်လူXanana Gusmão
ဆက်ခံသူVicente Guterres (acting)
တီမောလက်စ်တေနိုင်ငံ၏ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၂၆ ဇွန် ၂၀၀၆  ၁၉ မေ ၂၀၀၇
သမ္မတXanana Gusmão
ယခင်လူMari Alkatiri
ဆက်ခံသူEstanislau da Silva
ကိုယ်ရေး အချက်အလက်များ
မွေးဖွားJosé Manuel Ramos-Horta
(1949-12-26) ၂၆ ဒီဇင်ဘာ၊ ၁၉၄၉ (အသက် ၇၅)
ဒေလီမြို့
နိုင်ငံရေးပါတီNational Congress for Timorese Reconstruction (၂၀၂၂ – လက်ရှိ)
အခြား
နိုင်ငံရေးလွှမ်းမိုးမှု
Fretilin (၁၉၈၈ မတိုင်မီ)
လွတ်လပ်သည့် နိုင်ငံရေးသမား (၁၉၈၈–၂၀၂၂)
ကြင်ဖော်Ana Pessoa Pinto (ကွာရှင်းထား)
သားသမီး၁ ဦး
မိခင်ကျောင်းAntioch University
The Hague Academy of International Law
International Institute of Human Rights
Columbia University
လက်မှတ်

ဟိုဆေး ရာမို့စ်ဟောတာ သို့မဟုတ် ဂျူဇဲ မာနွဲလ် ဟာ့မုစ်အော့ရ်တာ(ပေါ်တူဂီ: José Manuel Ramos-Horta, [ʒu'zɛ 'ʁɐmuz 'oɾtɐ]; ၂၆ ဒီဇင်ဘာ ၁၉၄၉ မွေးဖွား) သည် [][] တီမောလက်စ်တေ နိုင်ငံရေးသမား နှင့် လက်ရှိ တီမောလက်စ်တေနိုင်ငံ၏ သမ္မတ ဖြစ်သည်။သူသည် နိုင်ငံ၏ သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီး နှင့် ၀န်ကြီးချုပ် အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။၁၉၉၆ ခုနှစ် တွင် ငြိမ်းချမ်းရေးနိုဘယ်ဆု ကို Carlos Filipe Ximenes Belo နှင့်အတူ ပူးတွဲရရှိခဲ့သည့်အပြင်၊Words of Hope in Troubled Times စာအုပ်ကိုလည်း ရေးသားခဲ့သည်။[]

ငယ်ဘဝနှင့်ပညာရေး

[ပြင်ဆင်ရန်]

ရာမို့စ်ဟောတာ သည် ၁၉၄၉ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့တွင် တီမောလက်စ်တေနိုင်ငံ၏ လက်ရှိ မြို့တော် ဒီလီ တွင် မွေးဖွားခဲ့သည်။သူသည် ပေါ်တူဂီ-အရှေ့တီမော လူမျိုး ဖြစ်ပြီး ပေါ်တူဂီ ဖခင်နှင့် ပေါ်တူဂီ-တီမော မိခင်တို့မှ မွေးဖွားခဲ့သည်။၎င်း၏ ညီအစ်ကို မောင်နှမ ၁၁ ဦးအနက် လေးဦးသည် အင်ဒိုနီးရှားစစ်တပ်၏လက်ချက်ကြောင့် အသက်ဆုံးခဲ့ရသည်။

သူသည် ငယ်စဥ်ဘဝပညာရေးအား ကက်သလစ်သာသနာပြုကျောင်း တွင် ပညာသင်ကြားခဲ့ရသည်။

၁၉၈၃ ခုနှစ်တွင် နိုင်ငံတကာဥပဒေပညာရပ်ကို လေ့လာခဲ့ပြီး၊ ၁၉၈၄ ခုနှစ် ဒီဇင်ဘာလတွင် ဘွဲ့ရရှိခဲ့သည်။ သူသည် လူ့အခွင့်အရေးဥပဒေပညာရပ်ကိုလည်း လေ့ကျင့်သင်ကြားခဲ့ပြီး၊အမေရိကန် ကိုလံဘီယာ တက္ကသိုလ် မှ ဘွဲ့လွန်သင်တန်းများ ပြီးမြောက်ခဲ့သူလည်း ဖြစ်သည်။

ဘဝဖြတ်သန်းမှုများ

[ပြင်ဆင်ရန်]

သူသည် အောက်စ်ဖို့ဒ်တက္ကသိုလ်, St Antony's College တွင် ၁၉၈၇ ခုနှစ်မှစ၍ အကြီးတန်းတွဲဖက်အဖွဲ့ဝင်ဖြစ်ခဲ့သည်။ ပေါ်တူဂီ၊ အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်၊ နှင့် အရှေ့တီမောဘာသာစကား အစရှိသည့် ဘာသာစကား(၅)မျိုးအား တတ်ကျွမ်းသည်။[]

နိုင်ငံရေးဖြတ်သန်းမှု

[ပြင်ဆင်ရန်]

ရာမို့စ်ဟောတာ သည် ပေါ်တူဂီအုပ်ချုပ်မှု လက်အောက်ခံ မြို့တော် ဒီလီ တွင် ရှင်သန်ဖြတ်သန်းကြီးပြင်းခဲ့ရသူဖြစ်သည်။သူသည် နိုင်ငံလွတ်မြောက်ရေးကိစ္စရပ် နှင့် နိုင်ငံအရေးကိစ္စတို့တွင် တက်ကြွစွာ ပါဝင်ခဲ့သည်။ထိုသို့ နိုင်ငံရေးပါဝင်လှုပ်ရှားမှုကြောင့်ပင် ၁၉၇၀-၁၉၇၁ ခုနှစ်တွင် ပေါ်တူဂီ၊အရှေ့အာဖရိက သို့ နှစ်နှစ်ကြာ ပြည်နှင်ဒဏ်ပေး ခံခဲ့ရသည်။၎င်းသည် အဖိုးဖြစ်သူ၏ နိုင်ငံရေးသွေး အပြည့်အဝပါခဲ့သူဟု ဆိုရလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ၎င်း၏ အဖိုးဖြစ်သူသည် နိုင်ငံရေးကြောင့် ပေါ်တူဂီမှ ပြည်နှင် ဒဏ်ခံခဲ့ရသူဖြစ်၍ ဖြစ်သည်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ရာမို့စ်ဟော်တာသည် တီမောလွတ်လပ်ရေးအတွက် အဖွဲ့အစည်းဆိုင်ရာ အခြေခံအုတ်မြစ်များကို ညှိနှိုင်းရာတွင် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။၂၀၀၀ ပြည့်နှစ်၊ မတ် ၁ ရက်နေ့တွင် UNTAET နှင့် အရေးကြီးသော ပူးတွဲအလုပ်ရုံဆွေးနွေးပွဲတစ်ခုတွင် တီမောကိုယ်စားလှယ်အဖွဲ့အား ဗျူဟာအသစ်တစ်ခုထုတ်ကာ အဖွဲ့အစည်းဆိုင်ရာလိုအပ်ချက်များကို ဖော်ထုတ်ရန် ဦးဆောင်ခဲ့သည်။ ရလဒ်သည် တီမောပြန်လည်တည်ဆောက်ရေး အမျိုးသားကွန်ဂရက် (CNRT) ခေါင်းဆောင်များ အပါအဝင် အုပ်ချုပ်ရေးအာဏာများနှင့် ပူးတွဲအုပ်ချုပ်မှုအတွက် သဘောတူထားသည့် အသေးစိတ်ပုံစံဖြစ်သည်။

နိုဘယ်ဆုရှင်

[ပြင်ဆင်ရန်]

၁၉၉၆ ခုနှစ် ဒီဇင်ဘာလတွင် သူ သည် Timorese Bishop Ximenes Belo နှင့် နိုဘယ်ငြိမ်းချမ်းရေးဆုကို ပူးတွဲရရှိခဲ့သည်။

နိုင်ငံရေးရာထူးတာဝန်များ

[ပြင်ဆင်ရန်]

၂၀၀၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် အရှေ့တီမော (ခ) တီမောလက်စ်တေနိုင်ငံ သည် ကုလသမဂ္ဂသို့ ဝင်ရောက်ခဲ့သည်။ရာမို့စ်ဟော်တာသည် တီမောလက်စ်တေအစိုးရ၏ ပထမဆုံးနိုင်ငံခြားရေးဝန်ကြီး အဖြစ် တာဝန်ယူခဲ့သည်။

၂၀၀၆ ခုနှစ် ဇွန် ၃ ရက် တွင် ရာမို့စ်ဟော်တာသည် ကာကွယ်ရေးဝန်ကြီးရာထူးကိုပါ ထမ်းဆောင်ခဲ့သည်။[]၂၀၀၆ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးအဖြစ်မှ နုတ်ထွက်ခဲ့သည်။ထိုအချိန်ထိုကာလသည် ၂၀၀၆ တီမောလက်စ်တေ အကျပ်အတည်း ကာလ အချိန်ဖြစ်သည်။သူသည် ဝန်ကြီးချုပ် အယ်လ်ကာတီရီ အစိုးရအဖွဲ့ နှင့် စိတ်သဘောထားချင်းတိုက်ဆိုင်မှုမရှိ၍ လမ်းခွဲခဲ့ခြင်းဖြစ်သည်။

၂၀၀၆ ခုနှစ်၊ ဇွန် ၂၆ ရက်တွင် ဝန်ကြီးချုပ် အယ်လ်ကာတီရီ နုတ်ထွက်ပြီးနောက်၊ရာမို့စ်ဟော်တာသည် ဝန်ကြီးချုပ်ရာထူးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။အနိုင်ရခဲ့ပြီးနောက် ဝန်ကြီးချုပ် အယ်လ်ကာတီရီနေရာသို့ ဆက်ခံခဲ့သည်။

ဝန်ကြီးချုပ်အဖြစ် မခန့်အပ်မီက ရာမို့စ်ဟော်တာသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ကိုဖီအန်နန် နေရာ၌ ဆက်ခံရန် ဖြစ်နိုင်ခြေရှိသော ကိုယ်စားလှယ်လောင်းအဖြစ် သတ်မှတ်ခံခဲ့ရသည်။

သမ္မတရာထူးအတွက် ပထမဆုံး ရွေးကောက်ပွဲ (၂၀၀၇)

[ပြင်ဆင်ရန်]

၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ရာမို့စ်ဟော်တာသည် ၂၀၀၇ ရွေးကောက်ပွဲတွင် သမ္မတအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ပြောကြားခဲ့သည်။၂၀၀၇ ဖေဖော်ဝါရီ ၂၅ တွင် သမ္မတလောင်းအဖြစ် တရားဝင်ကြေငြာခဲ့သည်။သူသည် ဆန္ဒမဲ ၆၉.၁၈ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့သည်။၂၀၀၇ ခုနှစ် မေ ၂၀ ရက်တွင် မြို့တော်ဒီလီ ၌ အရှေ့တီမောသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။သမ္မတရာထူးကို ၅ နှစ် တာဝန် ထမ်းဆောင်ခဲ့သည်။

သမ္မတရာထူးအတွက် ဒုတိယအကြိမ် ရွေးကောက်ပွဲ (၂၀၁၂)

[ပြင်ဆင်ရန်]

သူသည် ၂၀၁၂ ခုနှစ်တွင် ကျင်းပသည့် သမ္မတရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။ပြိုင်ဖက်ကို ရှုံးနိမ့်ခဲ့သည်။

သမ္မတရာထူးအတွက် တတိယအကြိမ် ရွေးကောက်ပွဲ (၂၀၂၂)

[ပြင်ဆင်ရန်]

၂၀၂၂ ခုနှစ် တီမောလက်စ်တေ သမ္မတရွေးကောက်ပွဲ သို့ ဝင်ရောက်ရွေးချယ်ခံခဲ့သည်။ ဆန္ဒမဲ ၆၂ ဒသမ ၁၀ ရာခိုင်နှုန်း ရရှိပြီး၊ဒုတိယအကြိမ်မြောက် သမ္မတ သက်တမ်းကို ထမ်းဆောင်ခဲ့သည်။

လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းခံရမှု

[ပြင်ဆင်ရန်]

၂၀၀၈ ခုနှစ်၊ဖေဖော်ဝါရီ ၁၁ ရက် တွင် သမ္မတ ရာမို့စ်ဟော်တာ သည် သေနတ်ပစ်ခတ်ခံရပြီး လုပ်ကြံ ခံခဲ့ရသည်။ဆရာဝန်များသည် သမ္မတ၏ ညာဘက်အဆုတ်တွင် အပြင်းထန်ဆုံး ဒဏ်ရာမှာ နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် ပစ်ခတ်ခံရသည်ဟု မှတ်ချက်ပြုကြသည်။ အခြေအနေမှာ စိုးရိမ်ရသော်လည်း တည်ငြိမ်သည်ဟု စာရင်းသွင်းထားခဲ့ကြသည်။ သမ္မတသည် မေ့မြောနေရာမှ ဖေဖော်ဝါရီ ၂၁ ရက်တွင် သတိပြန်လည်လာကာ စိုးရိမ်ရသည့် အခြေအနေမှ လွတ်မြောက်သွားခဲ့သည်။[][]

သေနတ်ပစ်ခတ်လုပ်ကြံခံရမှုတွင် သမ္မတ၏ အစောင့်တစ်ဦးဒဏ်ရာရခဲ့ပြီး၊ သူပုန်ခေါင်းဆောင် Alfredo Reinado အပါအဝင် သူပုန်စစ်သားနှစ်ဦးလည်း သေဆုံးခဲ့သည်။

နိုင်ငံတကာအရေးဆောင်ရွက်မှုများ

[ပြင်ဆင်ရန်]

၂၀၁၂ ဂင်းနီဗစ်ဆောနိုင်ငံ အာဏာသိမ်းပြီးနောက်တွင် ပဋိပက္ခကို ပြေလည်အောင်ဆောင်ရွက်ပေးရန် ကမ်းလှမ်းခံခဲ့ရပြီး၊ ကုလသမဂ္ဂ အထူးသံတမန်အဖြစ်နှင့် ထိုကိစ္စကို ဆောင်ရွက်ခဲ့သည်။[]

ရာမို့စ်ဟော်တာသည် ၂၀၀၀ပြည့်နှစ်မှစ၍ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ဝဘ်ဆိုက်ဖြစ်သော TheCommunity.com အတွက် အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် ၎င်းသည် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ၂၈ ဦး၏ ဝဘ်ဆိုက်တွင် 9/11 ကြေငြာချက်များကို စုဆောင်းခဲ့ပြီး၊ ၎င်း၏လုပ်ဖော်ကိုင်ဖက်များနှင့်အတူ အခြားသော ငြိမ်းချမ်းရေးအစီအစဉ်များကို ဦးဆောင်ခဲ့သည်။

မြန်မာအရေးကိစ္စပါဝင်ခဲ့မှု

[ပြင်ဆင်ရန်]

၁၉၉၄ ခုနှစ် တွင် ထိုင်းနယ်စပ်မှတဆင့် မြန်မာနိုင်ငံ၊ကရင်ပြည်နယ် မာနယ်ပလောဒေသ၌ လူ့အခွင့်အရေးနှင့်  ဒီမိုကရေစီအရေးခေါင်းစဉ် ဖြင့် သင်တန်းများကို လာရောက်ပို့ချခဲ့သည်။[]

၂၀၀၉ ခုနှစ်၊မေလတွင် ရာမို့စ်ဟော်တာသည် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အား ဆက်လက်ဖမ်းဆီးထားပါက မြန်မာစစ်အစိုးရအား အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံးအား စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့သူအဖြစ် ထင်ရှားခဲ့သည်။[၁၀]သို့သော်လည်း ၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လတွင် မြန်မာနိုင်ငံအပေါ် ၎င်း၏အမြင်များ ပျော့ပြောင်းသွားခဲ့ပြီး၊ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းအား နွေးထွေးစွာ ဆက်ဆံခဲ့ပြီး ဆက်ဆံရေး မြှင့်တင်လိုကြောင်း နှင့် မြန်မာနိုင်ငံနှင့် ခိုင်မာသော ကူးသန်းရောင်းဝယ်ရေးကို ရယူလိုကြောင်း ကမ်းလှမ်းခဲ့သည်။[၁၁]

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်စလင်များအပေါ် ဆက်ဆံမှုအပေါ် ဒေါ်အောင်ဆန်းစုကြည် အား စိတ်ပျက်လက်ပျက် ထုတ်ဖော်ပြောဆိုဝေဖန်မှုမရှိသူအဖြစ်လည်း ကျော်ကြားခဲ့သည်။[၁၂]

၂၀၂၁ ခုနှစ်၊မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရသည့် အပေါ် ၎င်းသည် မြန်မာစစ်တပ်အား နိုင်ငံတကာသိအောင် အကျယ်လောင်ဆုံး ပြစ်တင်ဝေဖန်သူဖြစ်ခဲ့သည်။[၁၃]

သူသည် ၂၀၂၂ ခုနှစ်၊စက်တင်ဘာလ ၂၃ ရက်တွင် ကျင်းပခဲ့သည့် ၇၇-ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂအစည်းအဝေး၌ မြန်မာပြည်သူများသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ စွန့်ပစ်သစ္စာဖောက်ခြင်းကို ခံနေကြရပြီး၊ယူကရိန်းခုခံစစ်ပွဲကဲ့သို့ ထောက်ပံ့ခြင်းမရှိကြသည့်အကြောင်း၊မြန်မာ၏ ပဋိပက္ခသည် အိမ်နီး ချင်းနိုင်ငံများ၏ လုံခြုံရေးအပေါ် အကျိုးဆက်သက်ရောက်နေပြီး ဘက်စုံပါဝင်တဲ့ ဆွေးနွေးပြောဆိုမှု လိုအပ်နေကြောင်း မိန့်ခွန်းများပြောဆိုခဲ့သည်။

ယင်းအပြင် သူသည် အမျိုးသားညီညွှတ်ရေးအစိုးရကိုလည်း ထောက်ခံခဲ့သည်။၎င်း ဒုတိယအကြိမ် သမ္မတရာထူး စတင်ဆက်ခံသည့် ၂၀၂၃ ခုနှစ် အခမ်းအနားသို့ အမျိုးသားညီညွှတ်ရေးအစိုးရအဖွဲ့ကို တရားဝင်ဖိတ်ကြားကာ၊အရှေ့တောင်အာရှနိုင်ငံများထဲ ပထမဦးဆုံးအသိအမှတ်ပြုခဲ့သည့် နိုင်ငံစာရင်းဝင်ခဲ့သည်။[၁၄]ဤသို့သောဖြစ်ရပ်များကြောင့် ၎င်းဦးဆောင်သည့် တီမောလက်စ်တေအစိုးရ နှင့် မြန်မာစစ်ကောင်စီ အကြား ဆက်ဆံရေးတင်းမာလာခဲ့ပြီး၊မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ်တေသံရုံးတာဝန်ခံသည် နှင်ထုတ်ခံခဲ့ရသည်။မြန်မာစစ်ကောင်စီဘက်က တီမောလက်စ်တေနိုင်ငံ ၏ အာဆီယံတင်းပြည့်အဖွဲ့ဝင်ဖြစ်ရေးကို ကန့်ကွက်ခဲ့ပြီး၊သံတမန်ဖိအားပေးခဲ့သည်။

၂၀၂၅ ခုနှစ်၊ဇူလိုင် ၂၄ ရက် တွင် နေပြည်တော်သို့ တီမောလက်စ်တေသံရုံး တာဝန်ခံ Mr Olandino Ruide Andrade သွားရောက်ခြင်းဖြင့်၊ တင်းမာနေသည့် တီမောလက်စ်တေ - မြန်မာ ဆက်ဆံရေးအား ပြန်လည်တည်ဆောက်ကြသည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၇ တွင် တီမောလက်စ်တေဒီမိုကရက်တစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာဘန်ဒီတိုဒို့စ်ဆန်းတို့စ်ဖရိတ်တက်စ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အလုပ်သဘောခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြပြီး၊၂၀၂၅ ခုနှစ်၊စက်တင်ဘာ ၁၈ ရက် တွင် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ နှင့်တွေ့ဆုံကာ၊တီမောလက်စ်တေနိုင်ငံသည် မြန်မာအစိုးရကို ဆန့်ကျင်သည့် အဖွဲ့အစည်းများကို ရုံးဖွင့်လှစ်ခြင်း၊ တရားမဝင်ဆန့်ကျင်သည့် လှုပ်ရှားမှုများဆောင်ရွက်ခြင်းခွင့်ပြုမည်မဟုတ်ကြောင်းနှင့် မြန်မာနိုင်ငံအစိုးရအား တီမောလက်စ်တေနိုင်ငံ မြို့တော်ဒီလီ၌ မြန်မာသံရုံး လာရောက်ဖွင့်လှစ်ရန် ဆွေးနွေး ကမ်းလှမ်းခဲ့ခြင်းဖြင့် မြန်မာအတိုက်အခံများအတွက် သံတမန်တံခါးကို ပိတ်ပစ်ခဲ့သည်။[၁၅]

ပုဂ္ဂိုလ်ရေးဘဝ

[ပြင်ဆင်ရန်]

သူသည် အိမ်ထောင်သည် တစ်ဦးဖြစ်သည်။ဇနီးဖြစ်သူမှာ တီမောလက်စ်တေနိုင်ငံ၏ ပြည်တွင်းရေးရာဝန်ကြီး Ana Pessoa Pinto ဖြစ်သည်။သူသည် ဇနီးဖြစ်သူ နှင့် ကွာရှင်းထားပြီး၊သားတစ်ဦး မွေးဖွားထားသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. The Nobel Peace Prize 1996 – José Ramos-Horta Facts 23 April 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 April 2022 တွင် ပြန်စစ်ပြီး။
  2. José Ramos-Horta President East Timor club madrid member peace nobel (in es) (22 June 2020)။ 16 March 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 April 2022 တွင် ပြန်စစ်ပြီး။
  3. Carvalho၊ Raquel။ "Chinese influence on rise in East Timor? 'Nonsense', says former president José Ramos-Horta"၊ 6 September 2018။ "However, Ramos-Horta – who is in Hong Kong to launch his book Words of Hope in Troubled Times – expects greater cooperation in the future."
  4. Jose Ramos-Horta: A reluctant politician 4 September 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 March 2017 တွင် ပြန်စစ်ပြီး။
  5. Seattle Times (3 June 2003). Nobel laureate takes security posts 11 March 2007 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ..
  6. Jolliffe၊ Jill။ "Ramos-Horta shot twice"၊ 12 February 2008။
  7. Ed Johnson, "East Timor's Ramos-Horta Thanks Supporters From Hospital Bed" 22 April 2022 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ., Bloomberg.com, 12 March 2008.
  8. "E Timor's Jose Ramos-Horta gets UN Guinea-Bissau role"၊ BBC News၊ 1 January 2013။
  9. ဂျိုဆေးရာမို့စ်ဟော်တာဆိုသူ တီမောလက်စတေသမ္မတကြီးအား သိစေချင်ပါသည် MWD Webportal (၁၅ ဒီဇင်ဘာ ၂၀၂၃)။ ၂၁ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  10. Moe၊ Arkar။ "Is it Time to Take Than Shwe to International Criminal Court?"၊ The Irrawaddy၊ 20 May 2009။
  11. "Timor Leste seeks 'strong' commercial ties with Myanmar"၊ 21 August 2010။
  12. Jose Ramos-Horta on Gaza, Mandela, J.Lo and how to run a country after liberation | The InnerView (19 March 2024)။
  13. စစ်ကောင်စီ အဘက်ဘက်က ကျရှုံးနေကြောင်း အရှေ့တီမော သမ္မတပြော RFA (၂၃ ဩဂုတ် ၂၀၂၄)။ ၂၁ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  14. အရှေ့တီမော သမ္မတက NUG ဝန်ကြီးကို တရားဝင်ဖိတ်ခေါ် သီးသန့်တွေ့ဆုံမှု သံတမန်ရေးအောင်မြင်မှု ဖြစ်ဟု ဆို DVB (၄ ဇူလိုင် ၂၀၂၃)။ ၂၁ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  15. Dili closes doors to Myanmar opposition (for ASEAN membership) Asia News (19 sep 2025)။ 21 sep 2025 တွင် ပြန်စစ်ပြီး။