ဟာ့ပ်စ်ဘွတ်ရ်ခ် အိမ်တော်
ပုံပန်းသွင်ပြင်
ဟာ့ပ်စ်ဘွတ်ရ်ခ် အိမ်တော်(ဂျာမန်: Haus Habsburg; အသံထွက်: [haʊs ˈhaːpsbʊʁk] ( )) သို့မဟုတ် ဩစတြီးယား မိသားစုသည် ဥရောပ၏ ဩဇာတိက္ကမ အကြီးမားဆုံး တော်ဝင်မိသားစုများထဲမှ တစ်ခုဖြစ်သည်။ ၁၄၃၈ ခုနှစ်မှ ၁၈၀၆ ခုနှစ် အထိ သတ္တိသိဒ္ဓိ ရောမ ဧကရာဇ်နိုင်ငံ၏ ထီးနန်းကို ဟာ့ပ်စ်ဘွတ်ရ်ခ် မိသားစုမှ ဆက်တိုက်ပင် ဆက်ခံကြရသည်။ အထူးသဖြင့် ဩစတြီးယား ဧကရာဇ်မိသားစုကို နှစ်ပေါင်း ၆၀၀ နီးပါးကြာကြာ အုပ်ချုပ်ခဲ့ခြင်းဖြင့် ထင်ရှားသည်။
