ဟာမက်ဒ် ဘင် အစ်စာ အယ်လ် ခါလီဖာ
ဟာမက်ဒ် ဘင် အစ်စာ အယ်လ် ခါလီဖာ
| |
---|---|
![]() ဟာမက်ဒ် ဘုရင် ၂၀၂၃ ပုံ | |
ဘာရိန်းဘုရင် မင်းမြတ် | |
နန်းသက် | ဖေဖဝါရီ ၁၄ ၂၀၀၂ – ယခု |
ရှေ့မင်းဆက် | ရာထူးစသတ်မှတ်ခဲ့ သူ့ကိုယ်သူ (အာရပ်စော်ဘွား အဖြစ်) |
အိမ်ရှေ့မင်းသား | ဆယ်လ်မန် ဘင် ဟာမက်ဒ် အယ်လ် ခါလီဖာ |
ဝန်ကြီးချုပ် | ခါလီဖာ ဘင် ဆယ်လ်မန် အယ် ခါလီဖာ ဆယ်လ်မန် ဘင် ဟာမက်ဒ် အယ် လ်ခါလီဖာ |
ဘာရိန်းစော်ဘွား | |
နန်းသက် | ၆ မတ် ၁၉၉၉ – ၁၄ ဖေဖဝါရီ ၂၀၀၂ |
ရှေ့မင်းဆက် | အစ်စာ ဘင် ဆယ်လ်မန် အယ်လ် ခါလီ |
နောက်မင်းဆက် | ရာထူးဖျက်သိမ်းခဲ့ သူ့ကိုယ်သူ (ဘုရင် အဖြစ်) |
ဝန်ကြီးချုပ် | ခါလီဖာ ဘင် ဆယ်လ်မန် အယ်လ် ခါလီဖာ |
မွေးဖွား | ရိဖ်ဖာမြို့၊ ဘာရိန်း၊ ပါရှန်ပင်လယ်ကွေ့နေထိုင်အထိန်းသိမ်းခံနိုင်ငံ | ၂၈ ဇန်နဝါရီ၊ ၁၉၅၀
အိမ်ထောင်ဖက် |
|
သားသမီးများ |
|
အင်္ဂလိပ် | Hamad bin Isa Al Khalifa |
စံအိမ် | အယ်လ်ခါလီဖာမင်းဆက် |
ခမည်းတော် | အစ်စာ ဘင် ဆယ်လ်မန် အယ်လ် ခါလီဖာ |
မယ်တော် | ဟယ်ဆာ ဘင်တ် ဆယ်လ်မန် အယ်လ် ခါလီဖာ |
ကိုးကွယ်မှု | ဆွန်နီ အစ္စလာမ်ဘာသာ |
ဟာမက်ဒ် ဘင် အစ်စာ ဘင် ဆယ်လ်မန် အယ်လ် ခါလီဖာ[၁] (အာရပ်: حمد بن عيسى بن سلمان آل خليفة၊ ၁၉၅၀ ဇန်နဝါရီ ၂၈ မွေး) သည် ၁၉၉၉ ခုနှစ်မှ စ၍ ဘာရိန်းနိုင်ငံ ၏ ဘုရင် ဖြစ်သည်။ သူသည် အယ်လ်ခါလီဖာမင်းဆက်ဘုရင် တစ်ပါး ဖြစ်သည်။
အစောပိုင်းဘာဝ
[ပြင်ဆင်ရန်]ဟာမက်ဒ် ဘင် အစ်စာ အယ်လ် ခါလီဖာ သည် ဗြိတိသျှ အုပ်စိုးခဲ့သော ပါရှန်ပင်လယ်ကွေ့နေထိုင်အထိန်းသိမ်းခံနိုင်ငံ အတွင်း ဘာရိန်းနိုင်ငံ ရိဖ်ဖာမြို့၌ ၁၉၅၀ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့မှာ မွေးခဲ့သည်။[၂] သူ၏ မိဘာများမှာ အိမ်းရှေ့မင်းသား အစ်စာ ဘင် ဆယ်လ်မန် အယ်လ် ခါလီဖာ နှင့် ဟယ်ဆာ ဘင်တ် ဆယ်လ်မန် အယ်လ် ခါလီဖာ ဖြစ်ခဲ့သည်။[၃]
ဘာရိန်း မာနာမာမြို့ အထက်တန်းကျောင်းကို တက်ရောက်ပြီး ဟာမက်ဒ်သည် အင်္ဂလန်နိုင်ငံ ဆာရီခရိုင်ရှိ အပ်ပဲဂါသ် ကောလိပ် (Applegarth) နှင့် ကိန်းဘရစ်ချ် တက္ကသိုလ်၏ လေးစ်ကျောင်း တက်ရောက်ရန် အင်္ဂလန်သို့ စေလွှတ်ခံခဲ့ရသည်။[၂] ထို့နောက် ဟာမက်ဒ်သည် ဗြိတိသျှစစ်တပ်နှင့် ဟမ်ရှိုင်းယားရှိ မောန်စ်ဗိုလ်လောင်းစစ်ကျောင်း (Mons Officer Cadet School) မှာ စစ်ရေးလေ့ကျင့်မှု ၄ နှစ် ခံယူခဲ့ပြီး ၁၉၆၈ ခုနှစ် စက်တင်ဘာလတွင် ဘွဲ့ရခဲ့သည်။ ၁၉၇၂ ခုနှစ် ဇွန်လ မှာ ဟာမက်ဒ်သည် အမေရိကန်ပြည်ထောင်စု ကန်းဆပ်ပြည်နယ်ရှိ လယ်ဗန်ဝေါ့သ် စစ်တပ်စခန်း မှာ အမေရိကန် စစ်တပ်၏ အထွေထွေဝန်တမ်းကောင်လိပ် သို့တက်ရောက်ခဲ့ပြီး ၁၉၇၃ ခုနှစ် ဇွန်လတွင် ခေါင်းဆောင်မှုဘွဲ့ရခဲ့သည်။[၄]
အိမ်ရှေ့မင်းသား
[ပြင်ဆင်ရန်]အစ်စာဘုရင်မင်းမြတ်သည် ၁၉၆၄ ခုနှစ် ဇွန် ၂၇ ရက်နေ့မှာ သားတော် ဟာမက်ဒ် မချွတ်ဧကန် အမွေဆက်ခံရမည့်သူအား သတ်မှတ်ခဲ့သည်။ ၁၉၆၈ ခုနှစ်မှာ ဆည်မြောင်းကောင်စီဥက္ကဋ္ဌနှင့် မာနာမာမြို့ကောင်စီဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံခဲ့ရသည်။ ၁၉၆၈ ခုနှစ် ဖေဖဝါရီလ ၁၆ ရက်နေ့မှာ ဘာရိန်းအမျိုးသားအစောင့်တပ်၌ တာဝန်ပေးအပ်ခြင်းခံရပြီး ထိုနှစ်တွင်ပင် ဤအစောင့်တပ်၏ တပ်မှူးအဖြစ် ခန့်အပ်ခံသည်။ ၁၉၆၉ ခုနှစ်မှာ ဘာရိန်းကာကွယ်ရေးတပ်ဖွဲ့၏ တပ်မှူးအဖြစ် ခန့်အပ်ခံရအချိန်အထိ အစောင့်တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၀ ခုနှစ်တွင် ဟာမက်ဒ် သည် ဘာရိန်းကာကွယ်ရေးဌာန၏ အကြီးအကဲနှင့် အုပ်ချုပ်ရေးကောင်စီ၏ ဒုတိယဥက္ကဋ္ဌဖြစ်လာသည်။ ၁၉၇၁ အထိ ဤနှစ်တာဝန်များ ထမ်းဆောင်ပြီးနောက် ၁၉၇၁ ခုနှစ် မှ ၁၉၈၈အထိ ကာကွယ်ရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။[၅]
၁၉၇၈ ခုနှစ်မှာ ဟာမက်ဒ်သည် ရဟတ်ယာဉ်များပျံသန်းရန် လေ့ကျင့်မှု အောင်မြင်စွာပြီးဆုံးခဲ့သည်။ ထို့နောက် သူသည် ဘာရိန်းစောဘွားလေတိပ် ကို တည်ထောင်ရန် ထန်းဆောင်ခဲ့သည်။ ဤလေတပ်က ၁၉၈၇ ခုနှစ် အီရန်-အီရတ်စစ်ပွဲ တွင် ဤ ကာကွယ်ရေးလေတပ် တည်ထောင်ခြင်းပြီးဆုံးပြီး လပ်တပ်အပြည့်အနေ ပြန်လည်ဖွဲ့စည်းခဲ့သည်။[၆][၄]
နန်းစံခြင်း
[ပြင်ဆင်ရန်]ဖခင်ဖြစ်တော် အစ်စာဘုရင် ၁၉၉၉ ခုနှစ် မတ်ဘ ၆ ရက်နေ့ သေဆုံးပြီးနောက် ဟာမက်ဒ်သည် ဘာရိန်းနိုင်ငံ ၏ အာရပ်စော်ဘွား ဖြစ်လာခဲ့သည်။[၇] စော်ဘွားအနေနှင့် ဟာမက်ဒ်သည် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရေး၊ နိုင်ငံလုံခြုံရေးတရားရုံးကို ဖျက်သိမ်းရေး၊ ၁၉၇၄ ခုနှစ် နိုင်ငံလုံခြုံရေးအမိန့်ကြေညာချက်မှားကို ဖျက်သိမ်းရေး စသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများစွာ ဆောင်ရွက်ခဲ့သည်။ ထို့အပြင် နိုင်ငံရပ်ခြား နှစ်ကြာပြည်နှင်ဒဏ်ခံရ ဘာရိန်းနိုင်ငံသားအများအပြား ပြန်လာခွင့်ပြုခဲ့သည်။[၈]
၁၉၉၉ နန်းတက်ပြီးနောက် ၁၉၉၄ မှ ၁၉၉၉ အထိ အုံကြွမှုများစွာကို ရင်ဆိုင်ခဲ့ပြီး နိုင်ငံတည်ငြိမ်မှုရရှိရန် အာရုံစိုက်ခဲ့သည်။ ဟာမက်ဒ်သည် ရှီးအိုင့်တ်ဘာသာကိုးကွယ်သူတွေကို အစိုရရာထူးများ ပေးရန်လက်ခံပေမဲ့ အလုပ်အကိုင်များကို ပိုမိုမျှတစွာ ခွဲဝေပေးရန် တော်ဆိုချက်များရှိနေခဲ့တေးသည်။ အယ်လ်ခါလီဖာ တော်ဝင်မိသားစုဝင်များကို ဝန်ကြီးများ နှင့် အစိုးရရာထူးများစွာ ဦးဆောင် ပြီး ဘာရိန်းကာကွယ်ရေးတပ်ဖွဲ့မှာလဲ ဆွန်နီဘာသာကိုးကွယ်သူတွေကို အရေးပါသောရာထူးများ ချုပ်ကိုင်ထားသည်။[၉]
၂၀၀၂ ခုနှစ်တွင် သူ့ကိုယ်သူ ဘုရင်မင်းမြတ် ရတူးအသစ်အဖြစ် အမိန့်ကြေညာခဲ့သည်။ ဘုရင်အဖြစ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကို ခန့်အပ်ခြင်း၊ စစ်တပ်ကို ကွပ်ကဲခြင်း၊ အဆင့်မြင့် တရားရေးကောင်စီ သဘာပတိမူခြင်း၊ ပါလီမန်အထက်ပိုင်းကို ခန့်အပ်ခြင်း၊ ရွေးကောက်ခံ ပါလိမန်အောက်ပိုင်းကို ဖျက်သိမ်းခြင်း စသည့် ကျယ်ပြန့်သော အာဏာပိုင်များ အသုံးခွင့်ရှိသည်။[၁၀][၁၁][၁၂][၁၃]
၂၀၁၁ ဘာရိန်းအရေးအခင်း
[ပြင်ဆင်ရန်]၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ အမျိုးသား လှုပ်ရှားမှု ပဋိညာဉ်စာတမ်း ထောက်ခံသည့် ဆန္ဒခံယူပွဲ၏ ဆယ်နှစ်မြောက် နှစ်ပတ်လည်နေ့ကို အထိမ်းအမှတ်အဖြစ် ဟာမက်ဒ်ဘုရင်သည် တစ်မိသားစုကို ဘာရိန်း ဒီနာ ၁၀၀၀ (မြန်မာကျပ် ၂၆ သိန်း ခန့်) ပေးရန် အမိန့်ကြေညာခဲ့သည်။[၁၄]
၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ဘာရိန်းနိုင်ငံသည် အာရပ်နွေဦးအပါဝင်လာမည့် ဆန္ဒပြမှုများ တုန်လှုပ်ချောက်ချားခဲ့သည်။ ဤဆန္ဒပြမှုများကို စီစဉ်ပေးခဲ့သော "ဘာရိန်းဒေါသထွက်နေ့" ဖေ့စ်ဘွတ်ခ် စာမျက်နှာ (Day of Rage in Bahrain) မှာ ဖန်းတီးပြီးတစ်ပတ်အတွင်း "ကြိုက်"လုပ်သူ သောင်းနှင့်ချီ ရှိခဲ့သည်။ ဤ ဆန္ဒပြမှုမျာကို ဘာရိန်းအစိုးရက ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းခဲ့သည်။[၁၅][၁၆] လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် နောက်ပိုင်းမှာ ဆန္ဒပြသူများက ဟာမက်ဒ် ကို နန်းဆင်းရန် တောင်းဆိုခဲ့သည်။[၁၇] ဤ ကြီးမားသောဖြိုခွင်းမှုများကြောင့် Foreign Policy မဂ္ဂဇင်းက ဟာမက်ဒ်ကို အမေရိကန်၏ ရွံရှာဖွယ်ရာမဟာမိတ်များ ၈ ဦး တွင် အဆင့် ၃ အဆိုးဆုံး အဖြစ်သတ်မှတ်ထားသည်။[၁၈]
နောက်တစ်နေ့မှာ ရှားရှားပါးပါး တီဗွီမိန့်ခွန်းတွင် ဆန္ဒပြသူနှစ်ဦး သေဆုံးမှုအတွက် ဟာမက်ဒ်က တောင်းပန်ခဲ့ပြီး ဖြစ်ရပ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် တိုက်တွန်းခဲ့သည်။[၁၉] သို့သောလည်း မတ်လ မှာ ဆန္ဒပြခြင်း ပိုမိုများလာပြီး သေဆုံးသူတွေလဲ ပိုများလာသည်။[၂၀] လကုန်မှာ ဖိအားပေးခံခဲ့ရလို့ ဟာမက်ဒ်သည် နိုင်ငံရေးအကျဉ်းသားများ အချို့လွတ်မြောက်ပေး၍ လိုက်လျောမှု ပေးဆောင်ခဲ့သည်။[၂၁]
ဤနေ့မှာ သုံးလ အရေးပေါ်အခြေအနေ ဟာမက်ဒ်က အမိန့်ကြေညာခဲ့သည်။[၂၂]
သူ့သားတော် ဆယ်လ်မန်အိမ်ရှေ့မင်းသား သည် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ၏ ပင်လယ်ကွေ့ကာအကွယ်စစ်တပ် (အာရပ်: دِرْعُ الجَزيرَة) ကို ဘာရိန်းသို့ ဝင်ရောက်ရန်ဆင့်ခေါ်ခဲ့သည်။ ဆော်ဒီအာရေးဘီးယား က တပ်သား ၁၀၀၀ နှင့် အာရပ်စော်ဘွားများပြည်ထောင်စု က တပ်သား ၅၀၀ တပ်ဖြန့်ခဲ့သည်။[၂၃]
၂၀၁၁ ခုနှစ် ဇွန် လ တွင် ဟာမက်ဒ်က ဆူပူအုံကြွမှုများနှင့် ပတ်သက်သော အဖြစ်အပျက်များကို ပြန်လည်ကဆန်းစစ်ရန် လူ့အခွင့်အရေးရှေ့နေများကို ဘာရိန်းလွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (BICI) တည်ထောင်၍ တာဝန်ပေးအပ်ခဲ့သည်။ BICI ကို တည်ထောင်ခြင်းသည် ဘာရိန်းအရေးအခင်းဖြစ်ရပ်များအတွက် တာဝန်ခံမှုသို့ ခြေလှမ်းတစ်ရပ်အဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် အပါဝင် နိုင်ငံတကာခေါင်းဆောင်များက ဟာမက်ဒ် ကို ချီးကျူးခဲ့သည်။[၂၄][၂၅]
နိုင်ငံကြားရေး
[ပြင်ဆင်ရန်]၂၀၁၁ တွင် ဝီလီယံ မင်းသား၏ မင်္ဂလာပွဲသို့ ဗြိတိန်နန်းတော်အား ဖိတ်ကြားခဲ့သော်လည်း ဆန္ဒပြသူများအား အကြမ်းဖက်မှုကြောင့် ဗြိတိန်သို့လာရင် ဆန္ဒပြနှောင့်ယှက်မည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများ ပြောဆိုငြင်းဆိုခဲ့သောကြောင် ဟာမက်ဒ် မသွားဖြစ်ခဲ့ပါ။[၂၆] ၂၀၂၂ ခုနှစ် စက်တ်ဘာလ ၁၈ ရက်မျာ ဘာကင်ဟမ်နန်းတော်တွင် ဒုတိယ အယ်လီဇဘက်၏ အသုဘ မတိုင်မီ တတိယမြောက် ချားလ်စ်ဘုရင် နှင့် တွေ့ဆုံခဲသည်။[၂၇]
၂၀၂၀ ခုနှစ် ဩဂုတ်လမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပုမ်ပေးယိုး ဘာရိန်းသို့ လာရောက်ဆွေးနွေးပွဲမှာ ဟာမက်ဒ်သည် ဘာရိန်းနိုင်ငံသည် ပါလက်စတိုင်းနိုင်ငံတည်ထောင်ရန် ကတိကဝတ်ပြုထားပြီး အစ္စရေးနှင့် ပုံမှန်ဆက်ဆံရေး မပြုလုပ်နိုင်ရန် ငြင်းဆိုခဲ့သည်။[၂၈] သို့သော်လည်း ၂၀၂၀ စက်တင်ဘာလ ၁၁ ရက်နေ့မှာ အစ္စရေးနှင့် သံတမန်ဆက်ဆံရေး အပြည့်အဝ ထူထောင်ရန် ကြေညာပြီး စက်တင်ဘာ ၁၅ ရက်မှာ ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်တွင် လူထုအခမ်းအနား၌ နှစ်နိုင်ငံ သံတမန်ရေးဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့သည်။[၂၉][၃၀] ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့မှာ ဘာရိန်းသည် ဂါဇာစစ်ပွဲအား တုံ့ပြန်ရန် အစ္စရေးနိုင်ငံမှ ဘာရိန်းသံအမတ်များကို ပြန်လည်ခေါ်ယူခဲ့သည်။[၃၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ သံအမတ်ကြီး ဦးတင်ယုက ဘာရိန်းနိုင်ငံ ဘုရင်မင်းမြတ်ထံ ခန့်အပ်လွှာပေးအပ်(၁၅-၈-၂၀၂၄ ရက်)။
- ↑ ၂.၀ ၂.၁ Embassy of the Kingdom of Bahrain to the United States။ Bahrain Embassy။ ၂၄ စက်တင်ဘာ ၂၀၁၀ တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂ အောက်တိုဘာ ၂၀၁၀ တွင် ပြန်စစ်ပြီး။
- ↑ "Bahrain mourns death of king's mother"၊ ၇ ဩဂုတ် ၂၀၀၉။
- ↑ ၄.၀ ၄.၁ HM the King။ Kingdom of Bahrain Ministry of Foreign Affairs။ ဘာရိန်းအစိုးရ။ ၂၁ ဖေဖဝါရီ ၂၀၁၁ တွင် ပြန်စစ်ပြီး။
- ↑ "H.M. KING HAMAD BIN ISA AL KHALIFA" (in en)၊ Melange Magazine၊ ၁ နိုဝင်ဘာ ၂၀၁၆။ 29 May 2025 တွင် ပြန်စစ်ပြီး။ Archived from the original on 7 April 2022။
- ↑ "H.M THE KING"။
- ↑ "Bahrain profile – Timeline" (in en)၊ ဘီဘီစီ၊ ၂၀၁၈ နိုဝင်ဘာ ၁၂။
- ↑ Bahrain: Promising human rights reform must continue။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (၁၃ မတ် ၂၀၀၁)။ ၉ ဖေဖဝါရီ ၂၀၁၁ တွင် ပြန်စစ်ပြီး။
- ↑ International Religious Freedom Report for 2011။ U.S. Department of State။ ၁၇ မတ် ၂၀၁၃ တွင် ပြန်စစ်ပြီး။
- ↑ "Bahrain Independent Commission of Inquiry"၊ Bahrain Independent Commission of Inquiry၊ ၁၃ မတ် ၂၀၁၃။
- ↑ Supreme Council for Women။ ၁၃ မတ် ၂၀၁၃ တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၃ မတ် ၂၀၁၃ တွင် ပြန်စစ်ပြီး။
- ↑ Ministry of Interior။ ၁၃ မတ် ၂၀၁၃ တွင် ပြန်စစ်ပြီး။
- ↑ BEDB Directors။ ၂၁ ဧပြီ ၂၀၁၃ တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၃ မတ် ၂၀၁၃ တွင် ပြန်စစ်ပြီး။
- ↑ "Bahrains king gifts 3000 every family"၊ France 24၊ ၁၁ ဖေဖော်ဝါရီ ၂၀၁၁။ Archived from the original on ၁၅ ဖေဖော်ဝါရီ ၂၀၁၁။
- ↑ Law၊ Bill။ "Police Brutality Turns Bahrain Into 'Island of Fear'"၊ ဘီဘီစီ၊ ၆ ဧပြီ ၂၀၁၁။
- ↑ Cockburn၊ Patrick။ "The Footage That Reveals the Brutal Truth About Bahrain's Crackdown – Seven Protest Leaders Arrested as Video Clip Highlights Regime's Ruthless Grip on Power"၊ The Independent၊ ၁၈ မတ် ၂၀၁၁။
- ↑ "Bahrain Mourners Call for End to Monarchy – Mood of Defiance Against Entire Ruling System After Brutal Attack on Pearl Roundabout Protest Camp That Left at Least Five Dead"၊ ၁၈ ဖေဖော်ဝါရီ ၂၀၁၁။ Archived from the original on ၁၈ ဖေဖော်ဝါရီ ၂၀၁၁။
- ↑ Uri Friedman။ "America's Unsavory Allies"၊ ၂၈ အောက်တိုဘာ ၂၀၁၁။ Archived from the original on ၂၂ နိုဝင်ဘာ ၂၀၁၁။
- ↑ "Bahrain Independent Commission of Inquiry"၊ Bahrain Independent Commission of Inquiry၊ ၂၃ နိုဝင်ဘာ ၂၀၁၁။
- ↑ "Comparing the Areas of the Protest in ... Pearl Square, Bahrain; Tahrir Square, Egypt"၊ The New York Times၊ ၂၃ ဖေဖော်ဝါရီ ၂၀၁၁။
- ↑ [ttp://www.alwasatnews.com/3092/news/read/528598/1.html الداخلية: إطلاق سراح 308 أشخاص تنفيذاً للعفو الملكي | الوسط اون لاين – صحيفة الوسط البحرينية – مملكة البحرين] (in ar)။ Alwasat။ ၁၅ ဧပြီ ၂၀၁၁ တွင် ပြန်စစ်ပြီး။
- ↑ "Two Killed in Bahrain Violence Despite Martial Law"၊ BBC News၊ ၁၅ မတ် ၂၀၁၁။ Archived from the original on ၅ ဧပြီ ၂၀၁၁။
- ↑ Saudi Soldiers Sent into Bahrain။ Al Jazeera (၁၅ မတ် ၂၀၁၁)။ ၁၅ ဧပြီ ၂၀၁၁ တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ Andrew Malcolm။ "Jay Carney says vacationing Obama welcomes new democratic dialogue in Bahrain"၊ ၂ ဇူလိုင် ၂၀၁၁။
- ↑ Hillary Rodham Clinton။ "Release of the Bahrain Independent Commission of Inquiry (BICI) Report"၊ U.S. Department of State၊ ၂၃ နိုဝင်ဘာ ၂၀၁၁။ Archived from the original on ၂၄ နိုဝင်ဘာ ၂၀၁၁။
- ↑ "Hindu, Jain, Sikh, Muslim leaders invited to royal wedding"၊ ၂၆ ဇူလိုင် ၂၀၁၁။
- ↑ "Queen Elizabeth II's Funeral: Arab Royals Pay Their Respects Ahead of The Ceremony"။ Harper's Bazaar (အင်္ဂလိပ်ဘာသာစကားဖြင့်)။ ၁၉ စက်တင်ဘာ ၂၀၂၂။
- ↑ "Bahrain rejects U.S. push to normalise relations with Israel"၊ Al Jazeera၊ ၂၆ ဩဂုတ် ၂၀၂၀။
- ↑ "Bahrain establishing full diplomatic relations with Israel, Trump announces"၊ ၁၁ စက်တင်ဘာ ၂၀၂၀။
- ↑ "Israel, Bahrain And UAE Sign Deals Formalizing Ties At White House"၊ ၁၅ စက်တင်ဘာ ၂၀၂၀။
- ↑ "Bahrain recalls ambassador from Israel amid escalating assault on Gaza"၊ Al Jazeera၊ ၂ နိုဝင်ဘာ ၂၀၂၃။