ဟာဖှီဇ်

ဝီကီပီးဒီးယား မှ

ဟာဖှီဇ် (အင်္ဂလိပ်: Hafiz, အာရပ်: حافظ‎, ရောမအက္ခရာ: ḥāfiẓ, حُفَّاظ, حافظة) ဆိုသည်မှာ ထိန်းသိန်းစောင့်ရှောက်သူ (စာပေနှင့်ပတ်သက်လျှင်အာဂုံဆောင်သူ) ဟု အဓိပ္ပာယ်ရသည်။ မွတ်စ္စလာမ်များအကြား ကုရ်အာန်ကျမ်းစာတစ်အုပ်လုံးကို အလွတ်ကျက်မှတ် အာဂုံဆောင်ထားသူအား ဟာဖှီဇေကွရ်အာန် ဟု ခေါ်သည်။

အူရန်ဂ်ဇီးဘ်(ဟာဖှီဇေကွရ်အာန်).

အစ္စလာမ့်တမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) သည် ခရစ်သက္ကရာဇ် ၆ရာစုလောက်က လူအနည်းငယ်သာ ပညာတတ်သော အရဗ်များအကြား ဘဝလုပ်ခဲ့သည်။ အရဗ်တို့သည် သမိုင်း၊ ကဗျာစာပေနှင့် မျိုးနွယ်များကို အလွတ်ကျက်မှတ်အာ ဂုံဆောင်ခြင်းများဖြင့်သာ ထိန်းသိမ်းတတ်ကြသည်။ ဤဓလေ့ကြောင့် တမန်တော်မြတ်ကြီး (ဆွ) သည် ကျမ်းမြတ်၏ စူရာ မုက္ခပါဌ်တော်များကို စုစည်းကြေညာသည့်အခါ သက်ဝင်ယုံကြည်သူ နောက်လိုက်များသည် ထိုအာဂုံဆောင်သည့်နည်းဖြင့် ကျက်မှတ်စောင့်ရှောက်ခဲ့ကြသည်။