မာတိကာသို့ ခုန်သွားရန်

ဟလောင်းပင်လယ်အော်

ဝီကီပီးဒီးယား မှ
Hạ Long Bay and Cát Bà Islands
ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ
တည်နေရာVietnam
ရွေးချယ်သည့် စံနှုန်းNatural: vii, viii, ix, x
ရည်ညွှန်း672
စာရင်းသွင်းခြင်း1994 (Unknown အစည်းအဝေး)
သက်တမ်းတိုးခြင်း2000, 2023
ကိုဩဒိနိတ်20°54′N 107°12′E / 20.9°N 107.2°E / 20.9; 107.2ကိုဩဒိနိတ်: 20°54′N 107°12′E / 20.9°N 107.2°E / 20.9; 107.2
ဟလောင်းပင်လယ်အော် သည် ဗီယက်နမ်နိုင်ငံ တွင် တည်ရှိသည်
ဟလောင်းပင်လယ်အော်
ဟလောင်းပင်လယ်အော်၏ ဗီယက်နမ်နိုင်ငံအတွင်း တည်နေရာ

ဟလောင်းပင်လယ်အော် (ဗီယက်နမ်: Vịnh Hạ Long) သည် ဗီယက်နမ်နိုင်ငံ၊ ကွမ်နင်း (Quang Nnh) ခရိုင်ရှိ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်ပြီး နာမည်ကျော် ခရီးသွားနေရာတစ်ခုလည်း ဖြစ်သည်။ ဟလောင်းဟူသောအမည်မှာ "ဆင်းသက်နေသော နဂါး" ဟု အဓိပ္ပာယ်ရသည်။ အုပ်ချုပ်ရေးအရ ဤပင်လယ်အော်သည် ဟလောင်းမြို့၊ ကမ်ဖာမြို့တို့နှင့် သက်ဆိုင်ပြီး ဗန်ဒွန်ခရိုင်၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။

ဤပင်လယ်အော်တွင် ထုံးကျောက်တောင်တန်းများနှင့် ကျွန်းငယ်လေးပေါင်း ထောင်ချီ၍ ပုံသဏ္ဌာန်အမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးဖြင့် တည်ရှိနေသည်။ ဟာလောင်းပင်လယ်အော်သည် ပိုမိုကျယ်ဝန်းသော ဇုန်ကြီးတစ်ခု၏ ဗဟိုဖြစ်ပြီး ၎င်းဇုန်တွင် အရှေ့မြောက်ဘက်ရှိ ဗိုင်းတူလောင်းပင်လယ်အော်နှင့် အနောက်တောင်ဘက်ရှိ ကတ်ဘာကျွန်း (Cát Bà Island)တို့ ပါဝင်သည်။ ဤပိုမိုကျယ်ဝန်းသော ဇုန်များသည် ဘူမိဗေဒ၊ ပထဝီဝင်၊ ဘူမိရုပ်သွင်ဗေဒ၊ ရာသီဥတုနှင့် ယဉ်ကျေးမှုဆိုင်ရာ ဝိသေသလက္ခဏာများ တူညီကြသည်။

ထုံးကျောက်ချောက်ကမ်းပါးကို ဒရုန်းဖြင့် ရိုက်ကူမှု