မာတိကာသို့ ခုန်သွားရန်

ဟယောဂိုခရိုင်

ဝီကီပီးဒီးယား မှ
ဟယောဂိုခရိုင်
兵庫県
Prefecture
Japanese စာသားဖြင့် ဖော်ပြခြင်း
  Japanese兵庫県
  RōmajiHyōgo-ken
Rokkō Island and Higashinada District, Kobe City, Hyōgo Prefecture at night, view from Maya Peak
Rokkō Island and Higashinada District, Kobe City, Hyōgo Prefecture at night, view from Maya Peak
ဟယောဂိုခရိုင်၏ အလံတော်
အလံတော်
ဟယောဂိုခရိုင်၏ တရားဝင်လိုဂို
Symbol
အထိမ်းအမှတ်သီချင်း: Hyōgo Kenminka[note ၁][]
Location of ဟယောဂိုခရိုင်
ကိုဩဒိနိတ်: 34°41′26.94″N 135°10′59.08″E / 34.6908167°N 135.1830778°E / 34.6908167; 135.1830778ကိုဩဒိနိတ်: 34°41′26.94″N 135°10′59.08″E / 34.6908167°N 135.1830778°E / 34.6908167; 135.1830778
Country ဂျပန်
RegionKansai
IslandHonshu, Awaji
CapitalKobe
SubdivisionsDistricts: 8, Municipalities: 41
အစိုးရ
  GovernorMotohiko Saitō
ဧရိယာ
  စုစုပေါင်း၈,၄၀၀.၉၄ စတုရန်းကီလိုမီတာ (၃၂၄၃.၆၂ စတုရန်းမိုင်)
ဧရိယာအဆင့်12th
လူဦးရေ (1 February 2025)
  စုစုပေါင်း၅၃၂၅၂၂၈
  အဆင့်7th
  သိပ်သည်းမှု၆၃၄/km (၁၆၄၀/sq mi)
GDP[]
  TotalJP¥ 23,462 billion
US$ 173.3 billion (2022)
ISO 3166 ကုဒ်JP-28
LegislatureHyogo Prefectural Assembly
ဝဘ်ဆိုက်web.pref.hyogo.lg.jp/fl/english/
ယူနက်စကိုကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဟိမဲဂျိရဲတိုက်

ဟယောဂိုခရိုင် (兵庫県, ဟယောဂိုခန်း) သည် ဂျပန်နိုင်ငံဟွန်းရှူးကျွန်းခန်းဆိုင်းဒေသရှိ ခရိုင်တစ်ခု ဖြစ်သည်။ လူဦးရေစုစုပေါင်း ၅,၄၆၉,၇၆၂ ဦး (၂၀၁၉ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့အရ) နေထိုင်ကြသည်။ ဧရိယာအကျယ်အဝန်းသည် ၈၄၀၀ စတုရန်းကီလိုမီတာ (၃၂၀၀ စတုရန်းမိုင်) ရှိသည်။ ဟယောဂိုခရိုင်သည် အရှေ့ဘက်တွင် ကျိုတိုစီရင်စု၊ အရှေ့တောင်ဘက်တွင် အိုဆာကာစီရင်စု၊ အနောက်ဘက်တွင် အိုခယမခရိုင်နှင့် တော့တိုရိခရိုင်တို့ ရှိကြသည်။

ခိုးဘဲမြို့သည် ဟယောဂိုခရိုင်၏ အကြီးဆုံးမြို့ ဖြစ်သည်။ ဂျပန်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၇ ခုမြောက် အကြီးဆုံး ဖြစ်သည်။ ခရိုင်အတွင်း အခြားအဓိကကျသည့် မြို့များမှာ ဟိမဲဂျိမြို့၊ နိရှိနိုမိယမြို့နှင့် အမဂဆခိမြို့တို့ ဖြစ်သည်။ ဟယောဂိုခရိုင်၏ ပင်မကုန်းမြေသည် ဂျပန်ပင်လယ်မှ ဆဲတိုကုန်းတွင်းပင်လယ်အထိ ဖြန့်ကျက်တည်ရှိသည်။ အဝဂျိကျွန်းသည် ခရိုင်အတွင်းတည်ရှိသည့် သေးငယ်သည့် ကျွန်းတစ်ခုဖြစ်ကာ ဆဲတိုကုန်းတွင်းပင်လယ်၏ အရှေ့ဘက်တွင် တည်ရှိသည်။ ဂျပန်နိုင်ငံ အနောက်ပိုင်းတွင် ဟယောဂိုခရိုင်သည် စီးပွားရေး၊ ပို့ဆောင်ဆက်သွယ်ရေးတို့အတွက် အချက်အချာကျသည်။ ထို့အပြင် ခရီးသွားနေရာလည်း ဖြစ်သည်။ ခရိုင်၏ ၂၀ ရာခိုင်နှုန်းသော နယ်မြေဧရိယာကို သဘာဝဥယျာဉ်ပန်းခြံများအဖြစ် သတ်မှတ်ထားသည်။ ဟယောဂိုခရိုင်တွင် ပါဝင်သည့် ခိုးဘဲမြို့ပြဧရိယာနှင့် အိုဆာကာမြို့ပြဧရိယာတို့သည် ဂျပန်နိုင်ငံတွင် ဒုတိယမြောက်လူဦးရေအထူထပ်ဆုံး မြို့ပြဧရိယာ ဖြစ်သည်။ ဂျီဒီပီအားဖြင့် ကမ္ဘာပေါ်တွင် ထုတ်လုပ်မှုအမြင့်ဆုံး ဧရိယာများထဲမှ တစ်ခု ဖြစ်သည်။ ဂျပန်နိုင်ငံတွင် လူဦးရေအထူထပ်ဆုံး မြို့ပြဧရိယာမှာ "ကြီးမားသည့် ကျိုတိုမြို့ပြဧရိယာ" (Greater Kyoto Area) ဖြစ်သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

လက်ရှိကာလ ဟယောဂိုခရိုင်သည် ယခင်က ဟရိမ၊ တဂျိမ၊ အဝဂျိစသည့် ပြည်နယ်များနှင့် တန်းဘနှင့် ဆက်ဆွတ်ပြည်နယ်တို့၏ အစိတ်အပိုင်း ဖြစ်ခဲ့သည်။

ဟဲအိအန်ခေတ်ကာလအဆုံးပိုင်းနီးကပ်လာချိန် ၁၁၈၀ ခုနှစ်တွင် ဘုရင် အန်းတိုခု၊ တိုင်းရနိုခိယောမိုရိသည် အင်ပါယာတရားရုံးကို ခဏတာ ဖုခုဟရသို့ ရွှေ့ပြောင်းခဲ့သည်။ ဖုခုဟရသည် လက်ရှိခိုးဘဲမြို့ရှိသည့် နေရာ ဖြစ်သည်။ ငါးလကြာ မြို့တော်အဖြစ် ရှိခဲ့သည်။ ဟိမဲဂျိရဲတိုက်သည် ဟိမဲဂျိမြို့တွင်ရှိပြီး ယူနက်ကိုကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာ ဖြစ်ခဲ့သည်။[]

၁၉၉၅ ခုနှစ်တွင် ပြင်းအား ၆.၉ မဂ္ဂနီကျုရှိသည့် ဟန်းရှင်းငလျင်ကြီး လှုပ်ခတ်ခဲ့ရာ ဟယောဂေ့ါခရိုင်တောင်ပိုင်းသည် ဆိုးဆိုးရွားရွား ပျက်စီးခဲ့သည်။ ငလျင်သည် ခိုးဘဲမြို့နှင့် အဝဂျိမြို့တို့များသာမက နိရှိနိုမိယမြို့၊ အရှိယမြို့နှင့် အနီးအနားရှိ အိုဆာကာစီရင်စုရှိ အဓိကနေရာများကို ဖျက်ဆီးပစ်ခဲ့သည်။ ငလျင်ကြောင့် လူ ၆၅၀၀ နီးပါးသေဆုံးခဲ့သည်။

ပထဝီသွင်ပြင်

[ပြင်ဆင်ရန်]

ဟယောဂိုခရိုင်တွင် ပင်လယ်ကမ်းရိုးတန်းနှစ်ခု ရှိသည်။ ခရိုင်၏ မြောက်ဘက်တွင် ဂျပန်ပင်လယ်ရှိပြီး တောင်ဘက်တွင် ဆဲတိုကုန်းတွင်းပင်လယ်ရှိသည်။ ခိအိရေလက်ကြားသည် ပစိဖိတ်သမုဒ္ဒရာကမ်းရိုးတန်းနှင့် ဟယောဂိုခရိုင်၏ နယ်မြေကို ပိုင်းခြားပေးထားသည်။ တိုယောအိုခမြို့မှလွဲ၍ ခရိုင်မြောက်ပိုင်းသည် လူနေထိုင်မှု နည်းပါးသည်။ ခရိုင်အလယ်ပိုင်းရှိ ကုန်းမြင့်ဒေသများတွင် ရွာငယ်လေးများ၌သာ လူနေထိုင်မှု ရှိသည်။ ခရိုင်၏ လူနေထိုင်မှုအများဆုံးအပိုင်းမှာ တောင်ဘက်ကမ်းရိုးတန်း ဖြစ်သည်။ ၎င်းနေရာသည် အိုဆာကာ - ခိုးဘဲ - ကျိုတိုမြို့ပြဧရိယာတွင် ပါဝင်သည်။ အဝဂျိသည် ကျွန်းတစ်ခုဖြစ်ကာ ကုန်းတွင်းပင်လယ်နှင့် အိုဆာကာပင်လယ်အော်ကို ပိုင်းခြားပေးထားသည်။ ဤကျွန်းသည် ဟွန်းရှူးကျွန်းနှင့် ရှိခိုခုကျွန်းအကြား တည်ရှိသည်။

နွေရာသီကာလ ခရိုင်၏ ရာသီဥတုမှာ ပူပြင်း၍ စိုထိုင်းသည်။ ဆောင်းရာသီကာလတွင် ခရိုင်မြောက်ပိုင်းသည် နှင်းများစွာကျဆင်းသည်။ ခရိုင်တောင်ပိုင်းမှာမူ အခါအားလျော်စွာ အနည်းငယ်သာ ကျဆင်းတတ်သည်။

ဟယောဂိုခရိုင်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ဒေသများမှာ အိုဆာကာစီရင်စု၊ ကျိုတိုစီရင်စု၊ တော့တိုရိခရိုင်နှင့် အိုခယမခရိုင်တို့ ဖြစ်သည်။

၂၀၀၈ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အချက်အလက်အရ ခရိုင်၏ ကုန်းမြေဧရိယာ၏ ၂၁ ရာခိုင်နှုန်းသည် အမျိုးသားဥယျဉ်နယ်မြေများ ဖြစ်သည်။ ၎င်းအမျိုးသားဥယျာဉ်နယ်မြေများမှာ ဆန်းအင်းခိုင်းဂန်းနှင့် ဆဲတိုနိုင်းခန်းအမျိုးသားဥယျာဉ်၊ ဟယောနိုဆန်း - အုရှိရိုယမ - နဂိဆန် အမျိုးသားဥယျာဉ်၊ အဆဂေါ့ဂွန်းဇန်၊ ဟရိမချူးဘုခယူးယော၊ အိနဂဝခဲခိုခု၊ အိဇုရှိ - အိတိုအိ၊ ခဆဂတယမ - ဆန်းဂမိနဲ၊ ခိယောမိဇု - တိုးဂျောခို - တချိအိခုအိ၊ အွန်းဇုအိ - ချိခုဆ၊ ဆဲဘန်းခယူးရော၊ ဆက်ပိခို - မိနဲယမ၊ တဂျိမဆန်းဂခုနှင့် တခိရန်းဇန်ခရိုင်အမျိုးသားဥယျာဉ်တို့ ဖြစ်ကြသည်။

လက်ရှိကာလ မြို့များ

[ပြင်ဆင်ရန်]
ဟယောဂိုခရိုင် သည် Hyōgo Prefecture တွင် တည်ရှိသည်
ခခိုဂဝ加古川市
ခခိုဂဝ加古川市
ခိုးဘဲ (ခရိုင်မြို့တော်)神戸市
ခိုးဘဲ (ခရိုင်မြို့တော်)神戸市
မိခိ三木市
မိခိ三木市
ယဘု養父市
ယဘု養父市
ဟရိမ播磨町
ဟရိမ播磨町
အိနဂဝ猪名川町
အိနဂဝ猪名川町
ခမိ香美町
ခမိ香美町
ဆယော佐用町
ဆယော佐用町
တခ多可町
တခ多可町
ဟယောဂိုခရိုင်အတွင်းရှိ မြို့ပြများ      Government Ordinance Designated City      City      Town

မြို့ပြများ

[ပြင်ဆင်ရန်]

ဟယောဂိုခရိုင်အတွင်း မြို့ပြ ၃၀ ခု တည်ရှိသည်။ ၎င်းတို့မှာ အောက်ပါအတိုင်း ဖြစ်သည်။

အမည် ဧရိယာ (km2) လူဦးရေ မြေပုံ
ရိုမဂျိ ခန်းဂျိ
Aioi 相生市 90.40 28,208
Akashi 明石市 49.42 305,925
Akō 赤穂市 126.85 45,747
Amagasaki 尼崎市 50.72 455,555
Asago 朝来市 403.06 28,971
Ashiya 芦屋市 18.47 92,976
Awaji 淡路市 184.32 42,597
Himeji 姫路市 534.35 525,682
Itami 伊丹市 25.00 197,215
Kakogawa 加古川市 138.48 255,523
Kasai 加西市 150.98 42,494
Katō 加東市 157.55 39,628
Kawanishi 川西市 53.44 155,165
Kobe (capital) 神戸市 557.02 1,522,188
Miki 三木市 176.51 75,009
Minamiawaji 南あわじ市 229.01 45,489
Nishinomiya 西宮市 99.96 484,368
Nishiwaki 西脇市 132.44 39,001
Ono 小野市 92.94 47,609
Sanda 三田市 210.32 108,452
Shisō 宍粟市 658.54 35,639
Sumoto 洲本市 182.38 42,094
Takarazuka 宝塚市 101.80 221,846
Takasago 高砂市 34.38 86,030
Tamba 丹波市 493.21 62,152
Tamba-Sasayama 丹波篠山市 377.59 40,050
Tatsuno たつの市 210.87 74,414
Toyooka 豊岡市 697.55 74,268
Yabu 養父市 422.91 22,177

မြို့များ

[ပြင်ဆင်ရန်]

ဒေသတစ်ခုချင်းစီတွင် အောက်ပါမြို့ငယ်များလည်း ပါဝင်သည်။

Name Area (km2) Population District Map
Rōmaji Kanji
Fukusaki 福崎町 45.79 18,742 Kanzaki District
Harima 播磨町 9.13 34,735 Kako District
Ichikawa 市川町 82.67 11,275 Kanzaki District
Inagawa 猪名川町 90.33 29,579 Kawabe District
Inami 稲美町 34.92 30,622 Kako District
Kami 香美町 368.77 16,256 Mikata District
Kamigōri 上郡町 150.26 14,179 Akō District
Kamikawa 神河町 202.23 10,794 Kanzaki District
Sayō 佐用町 307.44 15,701 Sayō District
Shin'onsen 新温泉町 241.01 12,814 Mikata District
Taishi 太子町 22.61 33,753 Ibo District
Taka 多可町 185.19 19,589 Taka District

ကျွန်းများ

[ပြင်ဆင်ရန်]

ဟယောဂိုခရိုင်တွင် အဓိကကျသည့် လူလုပ်ကျွန်းနှစ်ခု ရှိသည်။

အမျိုးသားဥယျာဉ်များ

[ပြင်ဆင်ရန်]

ပေါင်းစပ်ထားသည့် ဒေသများ

[ပြင်ဆင်ရန်]

နောင်တွင် ပေါင်းစပ်မည့်ဒေသများ

[ပြင်ဆင်ရန်]

အခိုးမြို့နှင့် အခိုးအရပ် (ခမိဂိုးရိ) ကို ပေါင်းစပ်ရန် စီစဉ်ထားသည့်။ ပေါင်းစပ်လိုက်သော်လည်း မြို့၏ အမည်သည် "အခိုး" ဟူသည့် အမည်သာ ကျန်ရှိနေမည် ဖြစ်သည်။ ပေါင်းစပ်မှု အောင်မြင်သွားပါက အခိုးအရပ်သည်လည်း ပျော်ကကွယ်သွားမည် ဖြစ်သည်။ သို့သော် ထိုပေါင်းစပ်မှုသည် မဖြစ်မြောက်သေးပေ။

စီးပွားရေး

[ပြင်ဆင်ရန်]
၂၀၂၀ ခုနှစ် ဟယောဂိုခရိုင် လူဦးရေပိရမစ်

ဟယောဂိုခရိုင်၏ စီးပွားရေးတွင် စိုက်ပျိုးရေး၊ သစ်လုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းများသည် အဓိကနေရာတွင် ပါဝင်ကြသည်။ ထို့အပြင် စီရင်စုတွင် အိုင်တီလုပ်ငန်းများ၊ များစွာသော အကြီးစားစက်ရုံများ၊ သတ္တုနှင့် ဆေးဝါးလုပ်ငန်းများလည်း ရှိသည်။ ခိုးဘဲဆိပ်ကမ်းသည် ဂျပန်နိုင်ငံ၏ အကြီးဆုံးသောဆိပ်ကမ်းများထဲမှ တစ်ခု ဖြစ်သည်။ ခိုးဘဲဆိပ်ကမ်းတွင် ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာများကို ထုတ်လုပ်လျက်ရှိသည်။ ၁၉၇၅ ခုနှစ်ကတည်းက ဟယောဂိုခရိုင်သည် ခိုးဘဲဆိပ်ကမ်းကို နျူကလီးယားကင်းစင်သည့်ဇုန်အဖြစ် ဥပဒေသတ်မှတ်ထားခဲ့သည်။[]

ဟယောဂိုခရိုင်သည် ဟန်းရှင်းစက်မှုဒေသ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ခိုးဘဲမြို့နှင့် ဟရိမမြို့တွင် ရိခန်းသုတေသနအင်စတီကျု နှစ်ခုရှိသည်။ ဟရိမမြို့တွင် SPring-8 ဟုအမည်ရှိသည့် သုတေသနနေရာလည်း ရှိသည်။[]

ခိုးဘဲဆိပ်ကမ်း

ယဉ်ကျေးမှု

[ပြင်ဆင်ရန်]

ဂျပန်နိုင်ငံ၏ နိုင်ငံ့ရတနာများ

[ပြင်ဆင်ရန်]

ဂျပန်နိုင်ငံ၏ သမိုင်းဝင်အဆောက်အဦများရှိသည့်အတွက် ထိန်းသိမ်စောင့်ရှောက်ထားသည့် ဒေသများ

[ပြင်ဆင်ရန်]
  • အိဇုရှိ
  • ခိတနိုချော၊ ယမမိုတိုလမ်း
  • ဆဆယမမြို့


ပြတိုက်များ

[ပြင်ဆင်ရန်]

ပညာရေး

[ပြင်ဆင်ရန်]

တက္ကသိုလ်များ

[ပြင်ဆင်ရန်]

အထက်တန်းကျောင်းများ

[ပြင်ဆင်ရန်]

အားကစား

[ပြင်ဆင်ရန်]

ခရီးသွားလုပ်ငန်း

[ပြင်ဆင်ရန်]

ပွဲတော်များ

[ပြင်ဆင်ရန်]

ပို့ဆောင်ဆက်သွယ်ရေး

[ပြင်ဆင်ရန်]

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. 金旻革။ "布く新憲法 ゆくては明かるし…幻の兵庫県民歌"၊ 2015-01-01 2015-01-09 တွင် ပြန်စစ်ပြီး Archived from the original on 2016-03-09။
  2. 2020年度国民経済計算(2015年基準・2008SNA) : 経済社会総合研究所 - 内閣府 (in ja)။ 2023-05-18 တွင် ပြန်စစ်ပြီး။
  3. Nussbaum, "Provinces and prefectures" in Japan Encyclopedia, p. 780, p. 780, at Google Books.
  4. XII Income of Agriculture, Forestry and Fisheries Ministry of Agriculture, Forestry and Fisheries။ 2015-09-19 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2017-10-02 တွင် ပြန်စစ်ပြီး။
  5. RIKEN Advanced Institute for Computational Science 2017-09-26 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2017-10-02 တွင် ပြန်စစ်ပြီး။
  1. The Hyōgo Prefectural Government has expressed the view that the "Prefectural song does not exist" and denied the fact that currently, this song has been enacted in 1947.
ကိုးကား အမှား - <ref> tags exist for a group named "note", but no corresponding <references group="note"/> tag was found.