ဟယခဝမြို့၊ ယမနရှိ
| ဟယခဝမြို့ 早川町 | |||
|---|---|---|---|
| Town | |||
Akasawa district in Hayakawa Town | |||
| |||
Location of Hayakawa in Yamanashi Prefecture | |||
| ကိုဩဒိနိတ်: 35°24′46″N 138°21′47″E / 35.41278°N 138.36306°Eကိုဩဒိနိတ်: 35°24′46″N 138°21′47″E / 35.41278°N 138.36306°E | |||
| Country | Japan | ||
| Region | Chūbu Tōkai | ||
| Prefecture | Yamanashi Prefecture | ||
| District | Minamikoma | ||
| အစိုးရ | |||
| • Mayor | Hajime Fukazawa (since November 2024) [၁] | ||
| ဧရိယာ | |||
| • စုစုပေါင်း | ၃၆၉.၈၆ စတုရန်းကီလိုမီတာ (၁၄၂.၈၀ စတုရန်းမိုင်) | ||
| လူဦးရေ (2020) | |||
| • စုစုပေါင်း | ၁,၀၉၈ | ||
| • သိပ်သည်းမှု | ၃�၀/km၂ (၇.၇/sq mi) | ||
| အချိန်ဇုန် | Japan Standard Time (UTC+9) | ||
| City symbols | |||
| • Tree | Cercidiphyllum japonicum | ||
| • Flower | Rhododendron | ||
| • Bird | Crested kingfisher | ||
| • Mammal | Sika deer | ||
| Phone number | 0556-45-2511 | ||
| Address | 758 Koju Hayakawa-cho Minimikoma-gun, Yamanashi-ken 409-2702 | ||
| ဝဘ်ဆိုက် | တရားဝင် ဝက်ဘ်ဆိုက်တ် | ||
ဟယခဝမြို့ (早川町, Hayakawa-chō) သည် ဂျပန်နိုင်ငံ၊ ယမနရှိခရိုင်တွင်ရှိသည့် မြို့တစ်ခု ဖြစ်သည်။ ၂၀၂၀ ခုနှစ်တွင် မြို့နေခန့်မှန်းလူဦးရေသည် ၁၀၉၈ ဦး ရှိခဲ့သည်။ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာလျှင် ၂.၉၇ ဦး နေထိုင်ကြသည်။ မြို့၏ စုစုပေါင်းဧရိယာသည် ၃၆၉.၈၆ စတုရန်းကီလိုမီတာ (၁၄၂.၈၀ စတုရန်းမိုင်) ရှိသည်။ ဤလူဦးရေမှာ ဂျပန်နိုင်ငံရှိ မြို့အားလုံးထဲတွင် အနည်းဆုံး ဖြစ်သည်။ ဟယခဝမြို့သည် "ဂျပန်နိုင်ငံ၏ အလှပဆုံးရွာများစာရင်း" တွင် ပါဝင်သည့် ရွာတစ်ရွာ ဖြစ်သည်။[၂]
ပထဝီသွင်ပြင်
[ပြင်ဆင်ရန်]ဟယခဝမြို့သည် ယမနရှိခရိုင်၏ အနောက်တောင်ဘက် ဝေးကွာသည့်နေရာတွင် တည်ရှိသည်။ ဖုဂျိမြစ်၏ မြစ်လက်တက်ဖြစ်သည့် ဟယခဝမြစ်သည် မြို့ကို ဖြတ်သန်းစီးဆင်းလျက်ရှိသည်။ မြို့၏ ၉၆ ရာခိုင်နှုန်းသည် သစ်တောများနှင့် တောင်များဖြင့် ဖုံးလွှမ်းလျက်ရှိသည်။
ဆက်စပ်နေသည့် မြို့ရွာများ
[ပြင်ဆင်ရန်]ရာသီဥတု
[ပြင်ဆင်ရန်]မြို့၏ ရာသီဥတုသည် ပူပြင်း၍ စိုထိုင်းသည့် နွေရာသီရှိသည်။ ဆောင်းရာသီသည် အသင့်အတင့် အေးမြသည်။ နှစ်ပတ်လည်ပျမ်းမျှအပူချိန်မှာ ၁၃.၀ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။ ပျမ်းမျှမိုးရေချိန်မှာ ၁၆၅၅ မီလီမီတာရှိသည်။ စက်တင်ဘာလသည် အစိုစွတ်ဆုံးဖြစ်သည်။ ဩဂုတ်လသည် အပူချိန်အမြင့်ဆုံးဖြစ်ပြီး ပျမ်းမျှအပူချိန်မှာ ၂၄.၉ ဒီဂရီစင်တီဂရိတ် ရှိသည်။ ဇန်နဝါရီလသည် အပူချိန်အနိမ့်ဆုံးဖြစ်ပြီး ၁.၅ ဒီဂရီစင်တီဂရိတ်ပတ်ဝန်းကျင်ရှိသည်။[၃]
လူဦးရေဆိုင်ရာ
[ပြင်ဆင်ရန်]ဂျပန်နိုင်ငံ၏ လူဦးရေစာရင်းအရ ဟယခဝမြို့၏ လူဦးရေသည် လွန်ခဲ့သည့် နှစ် ၅၀ ကာလကျော်အတွင်း ကျဆင်းလျက်ရှိသည်။[၂]
| သမိုင်းတစ်လျှောက် လူဦးရေများ | ||
|---|---|---|
| ခုနှစ် | လူဦးရေ | ±% |
| 1940 | ၇၁၄၃ | — |
| 1950 | ၇၂၆၂ | +1.7% |
| 1960 | ၁၀၆၇၉ | +47.1% |
| 1970 | ၄၈၆၂ | −54.5% |
| 1980 | ၃၀၀၅ | −38.2% |
| 1990 | ၂၂၆၉ | −24.5% |
| 2000 | ၁၇၄၀ | −23.3% |
| 2010 | ၁၂၄၇ | −28.3% |
| 2020 | ၁၀၉၈ | −11.9% |
ပြင်ပလင့်များ
[ပြင်ဆင်ရန်]
Wikimedia Commons ရှိ ဟယခဝမြို့၊ ယမနရှိ နှင့်ပတ်သက်သော မီဒီယာများ
- Official Website (in ဂျပန်)