ဟမ်ဘာဂါ

ဝီကီပီးဒီးယား မှ
Hamburger
အဓိကသုံးဆောင်မှုမိန်းကော့စ်
မူရင်းနိုင်ငံဂျာမနီနိုင်ငံ (disputed)
ဖန်တီးသူMultiple claims (see text)
သုံးဆောင် အပူချိန်အပူ
အဓိက ပါဝင်ပစ္စည်းအသားစင်းကော, ပေါင်မုန့်
Cookbook: Hamburger  Media: Hamburger

ဟမ်ဘာဂါ ဆိုသည်မှာ ဆင်းဒဝစ်ပေါင်မုန့် တစ်မျိုး ဖြစ်ပြီး နုတ်နုတ်စင်းထားသော အသားကို အပြား ပြုလုပ်ထားသော အသားပြား တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ပါတတ်သည်။ ပုံမှန်အားဖြင့် အမဲသားကို အသုံးပြုကြပြီး ထက်ခြမ်းခြမ်းထားသော ပေါင်မုန့်လုံး ထဲတွင် ညှပ်ထားလေ့ ရှိကြသည်။ အသားပြားမှာ ဒယ်အိုးပြားတွင် ကြော်ထားခြင်း၊ ဘာဘီကျူး လုပ်ထားခြင်း သို့မဟုတ် မီးတောက်ဖြင့် ကင်ထားခြင်းတို့ ဖြစ်နိုင်သည်။ ဟမ်ဘာဂါကို ချိစ် ၊ ဆလပ်ရွက်၊ ခရမ်းချဉ်သီး၊ ဘေကွန်၊ ကြက်သွန်၊ သခွားချဉ် သို့မဟုတ် ငရုတ်သီးတို့ ထည့်သွင်းလေ့ ရှိကြပြီး မတ်စတတ်၊ မရောနစ်၊ ကက်ချပ်၊ ရဲလစ် သို့မဟုတ် အထူးဆော့စ် များဖြင့် ထည့်သွင်း စားသုံးလေ့ ရှိကြကာ အမြဲလိုပင် နှမ်းဖြူးထားသော ပေါင်မုန့်လုံးဖြင့် စားသုံးလေ့ ရှိကြသည်။