မာတိကာသို့ ခုန်သွားရန်

ဟန်ရွှေ

ဝီကီပီးဒီးယား မှ
ဦး

ဟန်ရွှေ
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
ဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၅ ဇန်နဝါရီ ၂၀၂၁
ယခင်လူဦးသန်းတင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1941-05-09) ၉ မေ၊ ၁၉၄၁ (အသက် ၈၄)
ဒိုက်ဦးမြို့ပဲခူး
နိုင်ငံရေးပါတီ
မိဘဦးချစ်မောင် + ဒေါ်သိန်းကျော့
မိခင်ကျောင်း

ဦးဟန်ရွှေ (၉ မေ ၁၉၄၁ မွေးဖွား) သည် မြန်မာ့နိုင်ငံရေးသမား တစ်ဦး ဖြစ်ပြီး၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ အမွေကိုဆက်ခံယူထားသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၏ လက်ရှိ ဥက္ကဋ္ဌ ဖြစ်သည်။စစ်ဗိုလ်ချုပ်ဟောင်းများသာဦးဆောင်ခဲ့သည့် ထိုပါတီတွင် သူသည် အရပ်သားအနေဖြင့် ပထမဦးဆုံးဦးဆောင်သူဖြစ်ခဲ့ပြီး၊ပါတီ၏ စတုတ္ထမြောက် ဥက္ကဋ္ဌ လည်း ဖြစ်သည်။[]

ငယ်ဘဝ နှင့် ပညာရေး

[ပြင်ဆင်ရန်]

ဦးဟန်ရွှေကို ပဲခူးတိုင်းဒေသကြီးဒိုက်ဦးမြို့၌ ဦးချစ်မောင်၊အမိဒေါ်သိန်းကျော့တို့က မွေးဖွားခဲ့သည်။၁၉၅၈ ခုနှစ် တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး၊ ၁၉၆၂ ခုနှစ် တွင် ရန်ကုန်တက္ကသိုလ် မှ ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။

လမ်းစဉ်ပါတီနိုင်ငံရေးဘဝ

[ပြင်ဆင်ရန်]

၁၉၆၅ ခုနှစ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ကာလတွင် သူသည် ပဲခူးမြို့နယ် ပါတီယူနစ်အတွင်းရေးမှူး၊၁၉၆၈ ခုနှစ် တွင် သန်လျင်မြို့နယ် ပါတီယူနစ် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၇၇ ခုနှစ် အရောက်တွင် ပါတီဌာနချုပ် ၏ ညီလာခံမှတဆင့် ပါတီဗဟိုကော်မတီဝင် တစ်ဦး ဖြစ်လာခဲ့သည်။ထိုတာဝန်ကို ၁၉၈၈ ခုနှစ် အထိ ထမ်းဆောင်ခဲ့သည်။သူ၏ လမ်းစဉ်ပါတီနိုင်ငံရေး ဖြတ်သန်းမှုသည် ပါတီဗဟိုကော်မတီဌာနချုပ်၌သာ အများဆုံးကုန်ဆုံးခဲ့သည်။

ပါတီနိုင်ငံရေးဘဝ

[ပြင်ဆင်ရန်]

၁၉၈၈ ခုနှစ် တွင် မဆလပါတီမှ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီသို့ အမည်ပြောင်းလဲခဲ့ပြီးနောက်၊သူသည် တစညပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မ တီ၊ စည်းရုံးရေး ကော်မတီကြီး တာဝန်ခံအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

၂၀၁၀ပြည့်နှစ်၊အထွေထွေရွေးကောက်ပွဲ အပြီးနောက်ပိုင်းတွင် သူသည် တစညပါတီ ၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာခဲ့ပြီး၊ပါတီ၏ သတင်းများအား အများသိအောင် ထုတ်ပြန်သူ အဖြစ် ထင်ရှားလာသည်။[][]၂၀၁၄ ခုနှစ် တွင် တစညပါတီ ၏ ဒုတိယမြောက် ဥက္ကဋ္ဌ ဦးထွန်းရီ ကွယ်လွန်ပြီး[]၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ၏ ဥက္ကဋ္ဌ အသစ် အဖြစ် အသက် ၈၉ နှစ် အရွယ် အငြိမ်းစား ဗိုလ်မှူးချုပ်ဟောင်း ဦးသန်းတင်ကို ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ရွေးချယ်တင်မြှောက်ခဲ့သည်။

ဤနောက်ပိုင်းတွင် ဦးဟန်ရွှေ သည် ပါတီ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။[]သူသည် ထိုတာဝန်ကို ပါတီပြောရေးဆိုခွင့်ရှိသူအဖြစ်နှင့်ပါ ပူးတွဲထမ်းဆောင်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ဇန်နဝါရီ ၁၄ ရက် တွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဥက္ကဋ္ဌ ဦးသန်းတင် ကွယ်လွန်ခဲ့သည်။သူသည် ယင်းပါတီ၏ ဒုတိယဥက္ကဋ္ဌ အဖြစ်မှ ယာယီဥက္ကဋ္ဌ ဖြစ်လာပြီး၊ဆက်လက်၍ ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခံခဲ့ရသည်။[] [] []

ကိုးကား

[ပြင်ဆင်ရန်]
  1. မဲဆန္ဒရှင်များ ဘေးကင်းလုံခြုံစွာ မဲပေးပိုင်ခွင့်မရှိပါက အောင်မြင်သည့် ရွေးကောက်ပွဲ မဖြစ်နိုင် DVB (၁၆ ဇွန် ၂၀၂၅)။ ၃ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  2. တစညရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး VOA (၆ ဇူလိုင် ၂၀၁၄)။ ၃ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  3. ပုဒ်မ၅၉(စ)မပြင်သင့်ဘူးလို့ တစညပါတီ ပြော BBC (၃၀ ဇန်နဝါရီ ၂၀၁၄)။ ၃ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  4. တစည ပါတီ ဥက္ကဋ္ဌ ကွယ်လွန် BBC (၄ ဧပြီ ၂၀၁၄)။ ၃ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  5. တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဗဟိုကော်မတီဝင် ဦးဟန်ရွှေနှင့် တွေ့ဆုံခြင်း မြန်မာသံတော်ဆင့် ၃ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  6. တစည ပါတီ ရုံးချုပ် မြေတစိတ်တပိုင်း ပုဂ္ဂလိကအား ငှားရမ်း၍ အိမ်ရာဆောက်လုပ်မည် The Irrawaddy (၂၂ ဇူလိုင် ၂၀၁၉)။ ၃ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  7. တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဥက္ကဋ္ဌ ဦးသန်းတင် လူကြီးရောဂါဖြင့် ကွယ်လွန် Eleven Media Group (၁၅ ဇန်နဝါရီ ၂၀၂၁)။ ၃ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  8. ပြည်သူများ၏ ဘဝနှင့်ဆန္ဒကို ငဲ့ညှာသောအားဖြင့် သက်ဆိုင်သူအားလုံးက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်စေရေး ကြိုးပမ်းကြရန် တိုက်တွန်းကြောင်း ပါတီ(၃၅)နှစ်မြောက် ကြေညာချက်တွင် တစညပါတီ ဖော်ပြ Eleven Media Group (၂၅ စက်တင်ဘာ ၂၀၂၃)။ ၃ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။