မာတိကာသို့ ခုန်သွားရန်

ဟတ္ထိကုစ္ဆိဝိဟာရ

ဝီကီပီးဒီးယား မှ
(ဟတ်သိကတ်ချိဝိဟာရ မှ ပြန်ညွှန်းထားသည်)
ဟတ္ထိကုစ္ဆိဝိဟာရ
Hatthikucchi Viharaya
Ruins of the Temple Complex at Hatthikucchi
Ruins of the Temple Complex at Hatthikucchi
ဟတ္ထိကုစ္ဆိဝိဟာရHatthikucchi Viharaya သည် သီရိလင်္ကာနိုင်ငံ တွင် တည်ရှိသည်
ဟတ္ထိကုစ္ဆိဝိဟာရHatthikucchi Viharaya
ဟတ္ထိကုစ္ဆိဝိဟာရ
Hatthikucchi Viharaya
ကိုဩဒိနိတ်: 8°2′3″N 80°16′6″E / 8.03417°N 80.26833°E / 8.03417; 80.26833ကိုဩဒိနိတ်: 8°2′3″N 80°16′6″E / 8.03417°N 80.26833°E / 8.03417; 80.26833
နိုင်ငံသီရိလင်္ကာနိုင်ငံ
စီရင်စုအနောက်မြောက်ပိုင်းစီရင်စု
အချိန်ဇုန်သီရိလင်္ကာစံတော်ချိန် (UTC+05:30)
  နွေရာသီ (DST)နွေရာသီအချိန် (UTC+6)

ဟတ္ထိကုစ္ဆိဝိဟာရ ( හත්ථිකුච්චි විහාරය) သည် သီရိလင်္ကာနိုင်ငံတွင် တည်ရှိသည့် ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ၎င်းကျောင်းတော်သည် ပျက်စီးနေသည့် ရှေးဟောင်းကျောင်းတော်ဖြစ်ကာ အနောက်မြောက်ပိုင်းစီရင်နယ် (ဝယမ်ဘ) မြောက်ဘက်နပ်စပ်တွင် တည်ရှိသည်။ Padeniya – Anuradhapura (A28) လမ်းပေါ်ရှိ Mahagalkadawala လမ်းဆုံမှ ၃.၅ ကီလိုမီတာအကွာတွင် တည်ရှိသည်။

ကျောင်းတော်ရှိ ပျက်စီးနေပြီဖြစ်သည့် စေတီတော်

ဟတ္ထိကုစ္ဆိ (හත්ථිකුච්චි) ဟူသည့်စကားသည့် ပါဠိစကားလုံး "ဆင်ဝမ်းဗိုက်" ဟူသည့် စကားမှ ဆင်းသက်လာသည်။ (ဟတ္ထိ - ဆင်၊ ကုစ္ဆိ - ဝမ်းဗိုက်)။ ၎င်းနှင့် အနီးစပ်ဆုံး သီရိလင်္ကာအမည်မှာ ඇත්කුස් වෙහෙර ဖြစ်သည်။ ထိုကဲ့သို့ အမည်ပေးရခြင်းမှာ ကျောင်းတော်အတွင်းတွင် တည်ရှိနေသည့် ကြီးမားသည့် ကျောက်တုံးတစ်ခုသည် ဆင်တစ်ကောင်နှင့် ဆင်တူသည့်အတွက် ဖြစ်သည်။

ကျောင်းတော်ရှိ လိမ့်ကျနေသည့်ကျောက်တုံး၊ အနုရာဓပူရသို့ သွားရာလမ်းဟောင်းတွင် တည်ရှိသည်။

သမိုင်းကြောင်းနှင့် ရှေးဟောင်းသုတေသနဆိုင်ရာ

[ပြင်ဆင်ရန်]

ကျောင်းတော်ကို ဘုရင် Devanampiyatissa (307–267 BC) က တည်ဆောက်ခဲ့သည်ဟု ယူဆကြသည်။ ဤကျောင်းတော်သည် သီရိလင်္ကာနိုင်ငံရှိ ဗုဒ္ဓဘာသာကျောင်းတော်များထဲမှ သက်တမ်းအကြာဆုံးကျောင်းတော်တစ်ခု ဖြစ်သည်။ နောက်ပိုင်းတွင် ဤကျောင်းတော်သည် အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်ခံ ဖြစ်ခဲ့ရပြီး ဘုရင် Sirisangabo စိုးစံသည့်လက်ထက်ကာလတွင် တောများဖြင့် ပိတ်ဖုံးသွားခဲ့သည်။

ထိုနေရာသည် ဘုရင် Sirisangabo (251–253 AD) က ဆင်းရဲသားတစ်ဦးအား သူ၏ ဦးခေါင်းကို လှူဒါန်းခဲ့သည့် နေရာဖြစ်သည်ဟုလည်း ယူဆကြသည်။ ယခင်က ထိုဖြစ်ရပ်သည် Gampaha ခရိုင်၊ Attanagalla တါင် ဖြစ်ပွားခဲ့သည်ဟု ကျယ်ပြန့်စွာ ယူခဲ့ကြသည်။ ယခုအခါတွင် ပညာရှင်များစွာတို့သည် ထိုယူဆချက်နှင့် ဆန့်ကျင်ကာ ထိုဖြစ်ရပ်သည် ဤနေရာတွင် ဖြစ်ပွားခဲ့သည်ဟု ယူဆကြသည်။

ထိုသို့သော ယူဆချက်များ ဖြစ်ပေါ်လာရခြင်းမှာ ဆင်းရဲသားသည် အနုရာဒပူရမှ တောင်ဘက်အရပ်သို့ နေ့တစ်ဝက် လမ်းလျှောက်ခရီးသွားခဲ့ကာ ယခင်ဘုရင်ဟောင်း Sirisangabo နှင့် တွေ့ဆုံခဲ့သည်ဟူ၍ ဆိုထား၍ ဖြစ်သည်။ Attanagalla နှင့် ယှဉ်ပါက ဟတ္ထိကုစ္ဆိဝိဟာရ သည် အနုရာဒပူရမှ ၃၈.၅ ကီလိုမီတာအကွာတွင် တည်ရှိသည်။ Attanagalla သည် အနုရာဒပူရမှ ၁၇၀ ကီလိုမီတာအကွာတွင် တည်ရှိသည်။ ထို့အတွက်ကြောင့် ဤနေရာထို့ ထိုဖြစ်ရပ် အမှန်တကယ်ဖြစ်ပွားခဲ့သည့် နေရာဖြစ်သည်ဟု ယူဆရန်အခွင့်အလမ်းပိုများရခြင်း ဖြစ်သည်။

ထိုအချက်အလက်များကို ထောက်ပံ့ပေးနေသည့်အခြားတစ်ခုမှာ ဘုရင် Sirisangabo ၏ ပြာများဟု ယူဆရသည့်များရှိနေသည့် ဂူတစ်ခု ရှိနေသည့်အတွက် ဖြစ်သည်။ ဂူတွင်ရှိနေသည့် ကျောက်တိုင်မှာ အုတ်ဖြင့် ပြုလုပ်ထားပြီး တည်ရှိနေပုံသည်လည်း လူ၏ပုံသဏ္ဌာန်နှင့်ဆင်တူစွာ ရှိနေကာ ဦးခေါင်းပိုင်းသည် မပါရှိဘဲ ဖြစ်နေသည့်ပုံစံ ဖြစ်နေသည်။

တူးဖော်မှုများသည်လည်း ထိုနေရာတွင် လုပ်ဆောင်နေဆဲပင် ဖြစ်ကာ ထိုတောလွှမ်းနေသည့်နေရာဒေသတွင် အခြားသော အပျက်အစီးများစွာကိုလည်း တွေ့နေရသည်။

ကျောက်စာများ

[ပြင်ဆင်ရန်]

ဝိဟာရရှိ ကျောက်ဆောင်နှင့် အခြေတို့တွင် တွေ့ရှိမှုများအရ ကျောက်စာပေါင်းသည် ၁၅ ခုကျော် ရှိသည်။ ၎င်းတို့သည် အချိန်ကာလ အေဒီ ၂ ရာစုမှ ၉ ရာစုကာလတွင် ရေးထိုးထားသည့် ကျောက်စာများ ဖြစ်သည်။ ၎င်းကျောက်စာများထဲမှ "ဝိဟရလ" ဟုခေါ်သည့် ကျောက်စာတွင် ကျွန်များကို အတင်းအကြပ်ခိုင်းစေမှုများမှ လွတ်ကင်းခွင့်ပေးကြောင်းကို ဖော်ပြထားသည်။

ဟတ္ထိကုစ္ဆိကျောက်စာ

[ပြင်ဆင်ရန်]

ကာလ: အေဒီ ၂ ရာစု, စာသား: နောက်ပိုင်း ဗြဟ္မဏီ, Language: Old Sinhala
Content: "Mentions donations made for the maintenance of the chapter house at Hatthikucchi Vihara"

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]