မာတိကာသို့ ခုန်သွားရန်

ဟင်္သပဒါး

ဝီကီပီးဒီးယား မှ
ဟင်္သပဒါးအနီရောင်
 
About these coordinates     ရောင်စဉ်တန်း ကိုဩဒိနိတ်များ
Hex triplet#E34234
sRGBB (r, g, b)(227, 66, 52)
HSV (h, s, v)(5°, 77%, 89%)
CIELChuv (L, C, h)(52, 130, 14°)
ရင်းမြစ်Maerz and Paul[note ၁]
ISCC–NBS descriptorVivid reddish orange (တောက်ပသော အနီဘက်သန်းသည့် လိမ္မော်ရောင်)
B: Normalized to [0–255] (byte)
ဗင်းနစ်ပန်းချီဆရာ တစ်ရှန်သည် ဇာတ်လမ်းသရုပ်ဖော် ပန်းချီများရေးဆွဲရာတွင် ဇာတ်လိုက်များပေါ်လွင်မှုရှိစေရန် ဟင်္သပဒါးအနီရောင်ကိုအသုံးပြုခဲ့သည်။ သူရေးဆွဲခဲ့သော Assumption of the Virgin (၁၅၁၆ – ၁၈ ခုနှစ်) အမည်ရသည့် ပန်းချီကားတွင် ဟင်္သပဒါးအနီရောင်ဖြင့် ရေးဆွဲထားသော ဝတ်ရုံများဖြင့် ပန်းချီတွင် ရုပ်လုံးဖော်ထားသော အဓိကဇာတ်ကောင်များထံသို့ ကြည့်ရှုသူ၏ အမြင်အာရုံကို ဆွဲဆောင်ထားနိုင်သည်။
"ဟင်္သပဒါး အနီရောင်" အဓိပ္ပာယ်ရသော အမည်ဖြင့် ချင်မင်းဆက်ခေတ်မှ တရုတ်ရှေးဟောင်းယွန်းထည်ပစ္စည်း (၁၇၃၆–၁၇၉၅)။ တရုတ်အမျိုးသားပြတိုက်၊ ဘေကျင်း။

ရှေးယခင် ၁၉ ရာစုမတိုင်မီက လူတို့သည် ပန်းချီရေးဆွဲရာ၌လည်းကောင်း၊ အရာဝတ္တုပစ္စည်းများအား အရောင်ခြယ်သရာ၌လည်းကောင်း တောက်ပသောအနီရောင် အရောင်အဆင်းရရှိရန် ဓာတ်သတ္တုတွင်းထွက်ပစ္စည်းတစ်မျိုးဖြစ်သည့် ဟင်းရိုင်း (မာကျူရီဆာလဖိုက်ဒြပ်ပေါင်း၏ အသွင်တစ်မျိုး) ကို ကြိတ်ထားသော အမှုန့်မှရရှိသော ဟင်္သပဒါးအနီရောင် (အင်္ဂလိပ်: Vermilion) ကို အသုံးပြုခဲ့ကြသည်။ ထိုအရောင်ကို လိမ္မော်အနီရောင် (Reddish orange) ဟူ၍ ခေါ်ဆိုလေ့ရှိကြသော်လည်း အမှန်စင်စစ်၌ ၎င်းသည် လိမ္မော်အနီထက် ၁၁% ပိုမိုတောက်ပ၏။

ဝေါဟာရဇာစ်မြစ်

[ပြင်ဆင်ရန်]

ဟင်္သပဒါးဟူသည့် စကားလုံးသည် ပါဠိစကားလုံးများဖြစ်သော "ဟံသ"(ဟင်္သာ) နှင့် "ပါဒ"(ခြေထောက်) တို့ကို ပေါင်းစပ်၍ မွေးစားထားသော စကားလုံးဖြစ်ပြီး "ဟင်္သာ၏ခြေအဆင်းကဲ့သို့ နီသော အရောင်ခြယ်ဆေးမှုန့်တစ်မျိုး"ဟု မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းတွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။[][]

ဓာတုဗေဒ နှင့် ထုတ်လုပ်မှု

[ပြင်ဆင်ရန်]

ဟင်္သပဒါးသည် ထင်ရှားပြတ်သားစွာမြင်နိုင်သည့် အရောင်အသွေးတောက်ပသော အနီဘက်သန်းသည့်လိမ္မော်ရောင် အရောင်ခြယ်ပစ္စည်းတစ်မျိုးဖြစ်သည်။[] ၎င်းအရောင်ခြယ်ပစ္စည်းသည် ကြိတ်ထားသော ဟင်းရိုင်းအမှုန့် (ဟင်္သပဒါးရိုင်း) ဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။[]

အခြားသော ပြဒါးဒြပ်ပေါင်းအများစုကဲ့သို့ပင် ဟင်္သပဒါးတွင် လူတို့အတွက် အဆိပ်သင့်ခြင်းဖြစ်စေသော ဓာတ်သတ္တိရှိသည်။[]

သမိုင်း

[ပြင်ဆင်ရန်]

ဟင်္သပဒါးအနီရောင်ကို ရှေးဟောင်းရောမခေတ် နှင့် အရှေ့ရောမအင်ပါယာခေတ်တို့တွင် အနုပညာလက်ရာများနှင့် အလှဆင်မှုများ၌ တွင်ကျယ်စွာ အသုံးပြုခဲ့ကြသည်။ ထိုမျှမက သရုပ်ဖော်ပုံနှင့်တကွ ရှင်းလင်းရေးသားပြုစုခဲ့သော အလယ်ခေတ် ရှေးဟောင်းကျမ်းစာအချို့၌လည်း ဟင်္သပဒါးအနီ သုံးစွဲမှုကို တွေ့မြင်ရပြီး ရီနေးဆန့်ခေတ် ပန်းချီများနှင့် တရုတ်ရှေးဟောင်း ယွန်းထည်များတွင်လည်း တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြသည်။[]

ဆင်တူဟန်ရှိသော အရောင်ကွဲများ

[ပြင်ဆင်ရန်]

လိမ္မော်ရောင်အနီ

[ပြင်ဆင်ရန်]
Red-Orange
 
About these coordinates     ရောင်စဉ်တန်း ကိုဩဒိနိတ်များ
Hex triplet#FF5349
sRGBB (r, g, b)(255, 83, 73)
HSV (h, s, v)(3°, 71%, 100%)
CIELChuv (L, C, h)(60, 138, 14°)
ရင်းမြစ်Crayola
ISCC–NBS descriptorVivid red
B: Normalized to [0–255] (byte)

လိမ္မော်အနီရောင်

[ပြင်ဆင်ရန်]
Orange-Red
 
About these coordinates     ရောင်စဉ်တန်း ကိုဩဒိနိတ်များ
Hex triplet#FF4500
sRGBB (r, g, b)(255, 69, 0)
HSV (h, s, v)(16°, 100%, 100%)
CIELChuv (L, C, h)(58, 158, 17°)
ရင်းမြစ်X11
ISCC–NBS descriptorVivid reddish orange
B: Normalized to [0–255] (byte)

ဟင်္သပဒါးအနီရောင်ဖျော့

[ပြင်ဆင်ရန်]
Medium Vermilion
 
About these coordinates     ရောင်စဉ်တန်း ကိုဩဒိနိတ်များ
Hex triplet#D9603B
sRGBB (r, g, b)(217, 96, 59)
HSV (h, s, v)(14°, 73%, 85%)
CIELChuv (L, C, h)(56, 103, 21°)
ရင်းမြစ်Plochere
ISCC–NBS descriptorStrong reddish orange
B: Normalized to [0–255] (byte)

တရုတ်အနီရောင်

[ပြင်ဆင်ရန်]
Chinese Red
 
About these coordinates     ရောင်စဉ်တန်း ကိုဩဒိနိတ်များ
Hex triplet#AA381E
sRGBB (r, g, b)(170, 56, 30)
HSV (h, s, v)(11°, 82%, 67%)
CIELChuv (L, C, h)(40, 94, 17°)
ရင်းမြစ်တမ်းပလိတ်:Usurped
ISCC–NBS descriptorDeep reddish orange
B: Normalized to [0–255] (byte)

နောက်ထပ်ကြည့်ရန်

[ပြင်ဆင်ရန်]

ရှင်းလင်းချက် မှတ်စုများ

[ပြင်ဆင်ရန်]
  1. The color displayed in the color box above matches the color called vermilion in the 1930 book by Maerz and Paul A Dictionary of Color New York:1930 McGraw-Hill; the color vermilion is displayed on page 27, Plate 2, Color Sample L11. It is noted on page 193 that the color cinnabar is another name for the color vermilion.

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း 18 March 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 September 2025 တွင် ပြန်စစ်ပြီး။
  2. ဟင်္သပဒါး - မြန်မာဝစ်ရှင်နရီ (အခမဲ့-အွန်လိုင်း အဘိဓာန်)
  3. David Bomford and Ashok Roy, A Closer look: Colour. p. 41.
  4. The Secret Lives of Colour။ London။ 2016။ pp. 144–145။
  5. St. Clair 2016.
  6. The elixir of immortality: A modern-day alchemist's discovery of the philosopher's stone။ Rochester။ 2009။ pp. 22–23။

ပြင်ပလင့်များ

[ပြင်ဆင်ရန်]