မာတိကာသို့ ခုန်သွားရန်

ဟင်းရိုင်း

ဝီကီပီးဒီးယား မှ
ဟင်းရိုင်း
Cinnabar, Staatliches Museum für Naturkunde Karlsruhe, Germany
ယေဘုယျ
ကဏ္ဍဆာလဖိုက် တွင်းထွက်
ဖော်မျူလာ
(repeating unit)
Mercury(II) sulfide, HgS
တွင်းထွက် အတိုကောက်သင်္ကေတCin[]
Strunz classification2.CD.15a
ပုံဆောင်ခဲ စနစ်တြိဂုံဆောင်
Crystal classTrapezohedral (32)
(same H–M symbol)
Space groupP3121, P3221
Unit cella = 4.145(2) Å, c = 9.496(2) Å, Z = 3
ခွဲခြားသတ်မှတ်ခြင်း
အရောင်Cochineal-red, towards brownish red and lead-gray
Crystal habitRhombohedral to tabular; granular to massive and as incrustations
TwinningSimple contact twins, twin plane {0001}
CleavagePrismatic {1010}, perfect
FractureUneven to subconchoidal
TenacitySlightly sectile
Mohs scale hardness2.0–2.5
LusterAdamantine to dull
StreakScarlet
DiaphaneityTransparent in thin pieces
Specific gravity8.176
Optical propertiesUniaxial (+); very high relief
Refractive indexnω = 2.905 nε = 3.256
Birefringenceδ = 0.351
ပျော်ဝင်သတ္တိ1.04×10−25 g/100 ml water
(Ksp at 25 °C = 2×10−32)[]
ကိုးကား[][][][]

မြန်မာနိုင်ငံတွင် ပြုလုပ်သော ယွန်းထည်များရှိ အနီရောင်မှာ အမှုန့်ကြိတ်ထားသည့် ဟင်းရိုင်း ခေါ် ဟင်္သပဒါးရိုင်း (အင်္ဂလိပ်: Cinnabar) မှ ရရှိသော ဟင်္သပဒါးနှင့်ခြယ်ထားခြင်းဖြစ်သည်။ ထို့ပြင် ဘုရားကျောင်းကန်များရှိ အာရုံခံတန်ဆောင်းများရှိ သစ်၊ သို့မဟုတ် အုတ်တိုင်များ၌ မှန်စီရွှေချ ပြုလုပ်ရာတွင် အနီရောင် ပါရှိနေခြင်းသည်လည်း ဟင်္သပဒါးနှင့် ခြယ်ထားခြင်းကြောင့်ပင် ဖြစ်သည်။

ဟင်္သပဒါးကို ဟင်္သပဒါးရိုင်းမှ ပြုလုပ်ယူလေ့ရှိကြသည်။ ထိုသို့ မပြုလုပ်လိုလျှင် ပြဒါးနှင့် ကန့်ကိုရော၍ ကြိတ်ရသည်။ တဖန် ကော့စတစ်ပိုတက် ဖျော်ရည်နှင့် ရောပေးပြီးလျှင် အပူတိုက်ပေးရသည်။ အပူတိုက်ပေးစဉ် မွှေပေး ရသည်။ ထိုသို့ မွှေပေးသောအခါ ဆာလဖိုက်အမည်း ဖြစ်လာသည်။ ထိုဆာလဖိုက် အမည်းကို ရေနွေးငွေ့ဖြင့် တာရှည်အပူတိုက်ပေးပြန်သောအခါတွင် ဟင်းသပြဒါးခေါ် ဆိုးဆေးတစ်မျိုး ဖြစ်လာလေသည်။

ရှေးမြန်မာလူမျိုးတို့သည် မင်ကြောင်များ ထိုးလေ့ရှိကြသည်။ မင်ကြောင်တွင် အနက်နှင့်အနီဟူ၍ အရောင်နှစ်မျိုးရှိရာ အနီရောင်ဖြင့် မင်ကြောင် ထိုးလိုသောအခါ ဟင်္သပဒါးကို အသုံးပြုကြသည်။ ဟင်္သပဒါးတွင် ဆေးထိုး ဟင်္သပဒါးမှာအကောင်းဆုံးဖြစ်သည်ဟု သိရသည်။[]

အဆိပ်သင့်စေသော ဓာတ်သတ္တိ

[ပြင်ဆင်ရန်]

ယနေ့ခေတ်တွင် သိရှိထားသော ဟင်းရိုင်းနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများသည် ရှေးရောမခေတ်အစောပိုင်းကာလများကတည်းက တွေ့မြင်သိရှိခဲ့ကြခြင်းဖြစ်သည်။[] ဟင်းရိုင်း နှင့် ၎င်းမှတဆင့်ပြုလုပ်သော ဟင်္သပဒါးတို့တွင် ပါဝင်နေသည့် ပြဒါးဓာတ်သည် လူတို့ကို အဆိပ်သင့်စေသော ဓာတ်သတ္တိရှိ၏။ ရှေးခေတ် ရောမသားတို့သည် ပြဒါးကို အလွန်အကျွံထိတွေ့ကိုင်တွယ်ခြင်းကြောင့်ဖြစ်ပွားသော ပြဒါးအဆိပ်သင့်ခြင်း (mercury poisoning) ကို လုပ်ငန်းခွင်ရောဂါတစ်ခုအဖြစ်သာ ရှုမြင်ခဲ့ကြသည်။ ရှေးခေတ် တောင်အမေရိကသားတို့သည် ဟင်းရိုင်းကို အနုပညာလက်ရာများစွာ၌ အသုံးပြုခဲ့ကြသော်လည်း ပြဒါး၏ အဆိပ်သင့်စေတတ်သော ဂုဏ်သတ္တိများကို ကောင်းစွာသိရှိခဲ့ကြ၏။ ဟင်းရိုင်း ဓာတ်သတ္တုအား တူးဖော်ခြင်း၊ သန့်စင်ခြင်းလုပ်ငန်းများ လုပ်ကိုင်ကြသူများသည် အသိစိတ်ကင်းလွတ်ကာ ကယောင်ကတမ်းဖြစ်ခြင်း၊ သတိလစ်မေ့မျောခြင်းတို့ဖြစ်ပွားနိုင်ရုံသာမက အသက်သေဆုံးသည်အထိပါဖြစ်စေတတ်သော ပြဒါးအဆိပ်သင့်ခြင်း အန္တရာယ်ရှိလေသည်။[][၁၀]

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. Warr, L.N. (2021). "IMA–CNMNC approved mineral symbols". Mineralogical Magazine 85 (3): 291–320. doi:10.1180/mgm.2021.43. Bibcode: 2021MinM...85..291W.
  2. Myers, R. J. (1986). "The new low value for the second dissociation constant of H2S. Its history, its best value, and its impact on teaching sulfide equilibria" 63.
  3. Cinnabar
  4. Cinnabar (HgS) rruff.geo.arizona.edu။ 31 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2015-07-24 တွင် ပြန်စစ်ပြီး။
  5. Cinnabar: Cinnabar mineral information and data Mindat။ 2015-07-24 တွင် ပြန်စစ်ပြီး။
  6. Cinnabar Mineral Data Webmineral။ 2015-07-24 တွင် ပြန်စစ်ပြီး။
  7. မြန်မာ့စွယ်စုံကျမ်းစာတည်းအဖွဲ့, ed. (၁၉၇၅)။ "ဟင်္သပဒါး"မြန်မာ့စွယ်စုံကျမ်း၁၄ (ပထမအကြိမ် ed.)။ စာပေဗိမာန်ရန်ကုန်မြို့။: မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း
  8. History of Toxicology and Environmental Health: Toxicology in Antiquity။ New York City။ 2014။ p. 842015-07-24 တွင် ပြန်စစ်ပြီး
  9. Mining and Metallurgy in Ancient Peru။ Boulder, Colorado။ 2010။ p. 29။
  10. Principles and Methods of Toxicology။ New York City။ 2014။ p. 10။