ဟင်းစားသာပေး ကွန်ချက်မပြနှင့်

ဝီကီပီးဒီးယား မှ

ဟင်းစားသာပေး ကွန်ချက်မပြနှင့်သည် မြန်မာ စကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

တံငါတို့သည် ဟင်းစားသာပေး၍ ကွန်ချက်ကိုမူ သူတစ်ပါးအား မပြသကဲ့သို့ သူတစ်ပါးအား သင့်လျော်သလို ‌ဝေဖန်ပိုင်ခြား၍ ဖြန့်ဖြူးထောက့်ပံ့ကူညီပါ။ သို့သော် မိမိတစ်သက်လုံး လက်သုံးပြုရမည့် နည်းနာများ၊ လျှို့ဝှက်ချက်များကို ထုတ်မပေးပါနှင့်။

  • ကွန်ချက် = ကွန်ပစ်၍ ငါးများများရနိုင်သော နေရာကောင်း။
  1. "ဦးမိုးလုံးသည် ဟင်းစားသာပေး၊ ကွန်ချက်မပြနှင့် ဆိုသော စကားကို လက်ကိုင်ထားကာ ....ရရှိသည်ကို သိုသိပ်ထားပြီးလျှင်..." [၁၂၉၄] ဒဂုန်၊ ၁၂၊ ၁၄၃။ ၁၇၄။
  2. "ရှေးတံငါကြီးများက လူချင်းခင်လျှင် ဟင်းစားသာပေး၊ ကွန်ချက်မပြနှင့်ဟု ဆိုထုံးရှိခဲ့လေသည်။" [၁၃၂၅] ရှုမဝ၊ ၁၆၊ ၁၁၈။ ၁၄၉။

ကိုးကား[ပြင်ဆင်ရန်]