မာတိကာသို့ ခုန်သွားရန်

ဟခုတောင်

ဝီကီပီးဒီးယား မှ
ဟခုတောင်
白山
Mount Haku seen from Onanjimine
အမြင့်ဆုံးအမှတ်
အမြင့်၂,၇၀၂.၂ m (၈,၈၆၅ ft)[]
ပေါ်လွင်မှု၁,၈၉၇ m (၆,၂၂၄ ft)[]
စာရင်းသွင်းခြင်း
ကိုဩဒိနိတ်36°09′18″N 136°46′17″E / 36.15500°N 136.77139°E / 36.15500; 136.77139ကိုဩဒိနိတ်: 36°09′18″N 136°46′17″E / 36.15500°N 136.77139°E / 36.15500; 136.77139[]
အမည်ပေးခြင်း
ဘာသာပြန်White Mountain
ဘာသာစကားJapanese
အသံထွက်ja
ပထဝီဝင်
ဟခုတောင် သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
ဟခုတောင်
ဟခုတောင်
Location in Japan
တည်နေရာ
ပင်မတောင်တန်းRyōhaku Mountains
မြေမျက်နှာသွင်ပြင်ပြ မြေပုံGeographical Survey Institute, 25000:1 白山, 50000:1 白山
ဘူမိဗေဒ
ကျောက်သားသက်တမ်း300,000–400,000 years
တောင်အမျိုးအစားStratovolcano (active)
နောက်ဆုံး ပေါက်ကွဲမှုApril to August 1659
တောင်တက်ခြင်း
ပထမဆုံး တက်ရောက်ခြင်းTaichō in 717

ဟခုတောင် (白山, Haku-san) သည် ဂျပန်နိုင်ငံ၊ အိရှိခဝစီရင်စုနှင့် ဂိဖုစီရင်စုတို့၏ နယ်နိမိတ်ပေါ်တွင် တည်ရှိသည့် ငြိမ်သက်နေသည့် မီးတောင်တစ်ခု ဖြစ်သည်။ ဤတောင်ကို "ဟခုဆန်" ဟုလည်း ခေါ်ဆိုကြသည်။ တောင်အမည်မှာ "အဖြူရောင်တောင်" ဟု အဓိပ္ပါယ်ရသည်။ နှစ်ပေါင်း သုံးသိန်းမှ လေးသိန်းအကြာကာလက ဤတောင်သည် ပထမဆုံးအကြိမ်အဖြစ် လှုပ်ခတ်ခဲ့သည်ဟု ယုံကြည်ကြသည်။ မကြာသေးမီကာက လှုပ်ခတ်မှုအနေဖြင့် ၁၆၅၉ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည်။ ဤတောင်သည် တတဲတောင်၊ ဖူဂျီတောင်တို့နှင့်အတူ "မြင့်မြတ်သည့်တောင်သုံးခု" (三霊山, San-rei-zan) အဖြစ် သတ်မှတ်ထားခြင်းခံခဲ့ရသည်။

တောင်၏ အမြင့်ဆုံးတောင်ထိပ်သည် ဂေါ့ဇန်းဂ-မိနဲ (御前峰) ဖြစ်ပြီး အမြင့် ၂၇၀၇ မီတာ (၈၈၆၅ ပေ) ရှိသည်။ ထို့အတွက်ကြောင့် ဟခုတောင်၏ အမြင့်သည်လည်း ၂၇၀၇ မီတာ ဖြစ်လာခဲ့သည်။ ထိုတောင်ထိပ်သာမက အခြားတောင်ထိပ်နှစ်ခုလည်း ရှိပြီး ၎င်းတို့မှာ ခန်းဂမိနဲ (剣ヶ峰) နှင့် အိုးနန်းဂျိ-မိနဲ တို့ ဖြစ်ကြသည်။ ခန်းဂမိနဲသည် အမြင့် ၂၆၇၇ မီတာ (၈၇၈၃ ပေ) ရှိပြီး အိုးနန်းဂျိသည် ၂၆၄၈ မီတာ (၈၆၈၈ ပေ) ရှိသည်။ ဤတောင်ထိပ်သုံးခုကို "ဟခုတောင်၏ တောင်ထိပ်သုံးခု" (白山三峰 Hakusan San-mine) ဟု ခေါ်ကြသည်။ ဘက်ဆန်းတောင်နှင့် ဆန်းနိုမိနဲတောင်များကို ထည့်သွင်းကာ တစ်ခါတရံ "ဟခုတောင်၏ တောင်ထိပ်ငါးခု" (白山五峰 Hakusan go-mine) ဟု ခေါ်ကြသည်။

သမိုင်းနှင့် ယဉ်ကျေးမှု

[ပြင်ဆင်ရန်]

တောင်ပေါ် ရှုဂန်းဂိုးရဟန်းတစ်ပါးဖြစ်သည့် တိုင်းချော (Taichō) သည် ၇၁၇ ခုနှစ်တွင် ဟခုတောင်ပေါ်သို့ ပထမဆုံး တက်ရောက်ခဲ့သည်။ နှစ်များစွာသော ကာလကပင် လူအများသည် ဟခုတောင်ပေါ်သို့ ဆုတောင်းခြင်း (白山信仰 Hakusan Shinkō)အတွက် လာခဲ့ကြသည်။ တောင်ပေါ်တွင် ရျိရယာမဟိမဲနတ်ကျောင်း၏ ကျောင်းခွဲတစ်ခုရှိပြီး ၎င်းနတ်ကျောင်းသည် ခဂစီရင်စုနယ်၏ ပထမတန်းနတ်ကျောင်း (Ichinomiya)အဖြစ် သတ်မှတ်ထားခြင်း ခံခဲ့ရသည်။ ရှိရယာမဟိမဲနတ်ကျောင်းသည် ပင်မနတ်ကျောင်းတော်ဖြစ်ကာ ဂျပန်တစ်နိုင်ငံလုံးတွင် ဟခုဆန်နတ်ကျောင်း (白山神社, Hakusan jinja) ပေါင်း ခန့်မှန်းခြေ ၂၀၀၀ ရှိသည်။ ၁၉၈၀ ခုနှစ်တွင် တောင်ဧရိယာ၏ ၄၈,၀၀၀ ဟက်တာကို ယူနက်စကို၏ လူသားနှင့် သက်ရှိများသီးသန့်နေရာ အဖြစ် သတ်မှတ်ခဲ့သည်။

တောင်တက်ခြင်း

[ပြင်ဆင်ရန်]

အသုံးများသည့် တောင်တက်လမ်းကြောင်း သုံးခု ရှိသည်။ ၎င်းတို့မှာ ခန်းခိုးလမ်ကြောင်း(観光新道 Kankō Shinmichi) ၊ ဆဘိုးလမ်းကြောင်း(砂防新道 Sabō Shinmichi) နှင့် ဟိရဆဲလမ်ကြောင်း (平瀬道 Hirase-dō) တို့ ဖြစ်ကြသည်။ ခန်းခိုးလမ်းကြောင်းနှင့် ဆဘိုးလမ်ကြောင်းတို့သည် အိရှိခဝစီရင်စု၊ ဟခုဆန်မြို့တွင် စတင်သည်။ ဟိရဆဲလမ်းကြောင်းသည် ဂိဖုစီရင်စု၊ အိုးရှိရခဝဆည်မှ စတင်သည်။

တောင်၏ ဧရိယာသည် ကာကွယ်စောင့်ရှောက်ထားသည့် အမျိုးသားဥယျာဉ်တစ်ခုအဖြစ် သတ်မှတ်ထားသဖြင့် တောင်ပေါ်တွင် တောင်တက်လမ်းအနည်းငယ်သာ ပြုလုပ်ထားသည်။ သို့သော်လည်း လမ်းများသည် နေ့တွင်းချင်း အတက်အဆင်းပြုလုပ်နိုင်လောက်အောင် လွယ်ကူမှု ရှိသည်။ အခြားသော လမ်ကြောင်းများမှာ ကြမ်းတမ်းပြီး ရှင်းလင်းမှု မရှိသည့်အတွက် ၂ ရက်၊ ၃ ရက် ကြာမြင့်နိုင်သည်။

ရုပ်ပုံများ

[ပြင်ဆင်ရန်]

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 3 Japan Ultra-Prominences Peaklist.org။ 2015-01-01 တွင် ပြန်စစ်ပြီး။