ဟက်ခိုးဒတောင်
| ဟက်ခိုးဒတောင်များ | |
|---|---|
(above) The Hakkōda Mountains viewed from the southeast (below) The topography of the Hakkōda Mountains group | |
| အမြင့်ဆုံးအမှတ် | |
| တောင်ထွတ် | Mount Ōdake |
| အမြင့် | ၁,၅၈၄ m (၅,၁၉၇ ft) |
| စာရင်းသွင်းခြင်း | List of mountains in Japan 100 Famous Japanese Mountains |
| ကိုဩဒိနိတ် | 40°39′32″N 140°52′38″E / 40.65889°N 140.87722°Eကိုဩဒိနိတ်: 40°39′32″N 140°52′38″E / 40.65889°N 140.87722°E |
| အမည်ပေးခြင်း | |
| ဒေသခေါ်အမည် | တမ်းပလိတ်:Native name list Error {{native name checker}}: parameter value is malformed (help) |
| ပထဝီဝင် | |
| နိုင်ငံ | Japan |
| Prefecture | Aomori Prefecture |
| ဒေသ | Tōhoku |
| ပင်မတောင်တန်း | Ōu Mountains |
| Biome | Alpine climate |
| ဘူမိဗေဒ | |
| ကျောက်သားအမျိုးအစား | Volcanic |
| Volcanic arc | Northeastern Japan Arc |
| နောက်ဆုံး ပေါက်ကွဲမှု | 1550[၁] |
| တောင်တက်ခြင်း | |
| အလွယ်ဆုံး တောင်တက်လမ်း | aerial lift/hike via Hakkōda Ropeway and the Hakkōda Ropeway and Hakkoda-odake trails[၂] |
ဟက်ခိုးဒတောင်တန်းများ (八甲田山系, Hakkōda-sankei) သည် ဂျပန်နိုင်ငံ၊ အအိုမိုရီစီရင်စုဗဟိုတောင်ဘက်တွင် တည်ရှိသည့် လှုပ်ရှားနေသည့် မီးတောင်အုပ်စု ဖြစ်သည်။ တစ်ခါတရံ ဤတောင်များကို "ဟက်ခိုးဒတောင်"(八甲田山, Hakkōda-san) ဟု ခေါ်ကြပြီး၊ လွယ်ကူစွာ "ဟက်ခိုးဒ" (八甲田) ဟု ခေါ်ဆိုကြသည်လည်း ရှိသည်။ ဤတောင်အုပ်စုတွင် ပါဝင်သည့်တောင်များကို ပေါင်းစည်းကာ "ဂျပန်နိုင်ငံ၏ ထင်ရှားသည့် တောင် ၁၀၀ စာရင်း" တွင် ထည့်သွင်းဖော်ပြထားသည်။ အမြင့်ဆုံးတောင်ထိပ်သည် အိုးဒခဲတောင်ဖြစ်ပြီး အအိုမိုရိ၏ အလယ်ဗဟိုမှ တိုင်းပါက အရှေ့တောင်ဘက် ၂၁.၃ ကီလိုမီတာ (၁၃.၂ မိုင်)၊ တိုဝဒမြို့လယ်မှ အနောက်ဘက် ၂၈ ကီလိုမီတာ (၁၇ မိုင်) အကွာတွင် တည်ရှိသည်။ ဤအမြင့်ဆုံးတောင်ဖြစ်သည့် အိုးဒခဲတောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၁၅၈၅ မီတာ (၅၂၀၀ ပေ) မြင့်သည်။ ဟက်ခိုးဒတောင်တန်းများသည် အိုးအုတောင်တန်များ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့်လည်း ပါဝင်လျက်ရှိသည်။
ဟက်ခိုးဒတောင်များသည် တောင်တက်သမားများ၊ နှင်းလျှောစီးသူများ၊ ခရီးသွားသူများကို စွဲဆောင်လျက်ရှိသည့်နေရာများဖြစ်သည်။ ဆောင်းရာသီနှင့် နွေဦးရာသီအစောပိုင်းတို့တွင် ဤတောင်များတွင် နှင်းလျှောစီးနိုင်သည်။ ထို့အပြင် တောင်များသို့သွားရာလမ်းတစ်ခုအဖြစ် ဟက်ခိုးဒကေဘယ်ကားကို ဟက်ခိုးဒတောင်များ၏ မြောက်ဘက်တွင် တပ်ဆင်ထားသည်။ ထို့အတွက်ကြောင့် ခရီးသွားသူများအနေဖြင့် စီးနင်းကာ တောင်များသို့ သွားလာနိုင်မည် ဖြစ်သည်။ တောင်တက်ရာလမ်းကြောင်းများတွင် တောင်တက်သမားများအတွက် ဖြစ်လာနိုင်သည့်ဘေးအန္တရာယ်ဆိုင်ရာအသိပေးမှုများကို ဖော်ပြမထားပေ။ ဟက်ခိုးဒတောင်များသည် မီးတောင်မှထွက်သည့် အငွေ့များ၊ ကြမ်းတမ်သည့်ဆောင်းရာသီနှင့် နှင်းများလျှောကျခြင်း စသည့်ဘေးအန္တရာယ်များ ရှိသည်။ သမိုင်းတစ်လျှောက် ထင်ရှားသည့် ထိခိုက်မှုများတွင် ဟက်ခိုးဒတောင်မတော်တဆမှု သည် အဆိုးရွားဆုံး ဖြစ်ခဲ့သည်။
ပထဝီသွင်ပြင်နှင့် ဖော်ပြချက်
[ပြင်ဆင်ရန်]အိဝခိတောင်ပြီးပါက ဟက်ခိုးဒတောင်များသည် အအိုမိုရိစီရင်စုတွင် ဒုတိယမြောက်အမြင့်ဆုံး ဖြစ်သည်။ အိုးဒခဲတောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၁၅၈၅ မီတာ (၅၂၀၀ ပေ) မြင့်သည်။ အိုးဒခဲတောင်သို့ ဆုခယုအွန်းဆန်းမှတဆင့် တက်ရောက်နိုင်ပြီး လေးနာရီခန့် ကြာမြင့်သည်။ နှင်းများထူထဲစွာကျဆင်းသဖြင့် ဟက်ခိုးဒတောင်များသည် တောင်ပေါ်နှင်းလျှောစီးသူများအတွက် အဓိကနေရာတစ်ခုလည်း ဖြစ်သည်။ ညဘက်နေထိုင်ရန်အတွက်လည်း တောင်ပေါ်တွင် တည်းခိုနိုင်သည့် တဲနှစ်လုံး ရှိသည်။ တောင်၏ အနိမ့်ပိုင်းဆင်ခြေလျှောနေရာများသည် တောထူထပ်ပြီး မြေရိုင်းလွင်ပြင်များ ဖြစ်ကြသည်။ အမြင့် ၁၃၀၀ မီတာ (၄၃၀၀ ပေ) အထက်မှစတင်ကာ တောင်ပေါ်ရာသီဥတုဇုန်သည် စတင်သည်။[၃][၄]
ဟက်ခိုးဒတောင်များသည် တိုဝဒရေကန်၊ အိုအိရဆဲမြစ် စသည်တို့နှင့်အတူ "တိုဝဒ - ဟချိမန်းတိုင်းအမျိုးသားဥယျာဉ်" ၏ မြောက်ဘက်အစိတ်အပိုင်းတွင် ပါဝင်တည်ရှိလျက်ရှိသည်။ ဟက်ခိုးဒတောင်များသည် အအိုမိုရိမြို့တော်၏ တောင်ဘက်တွင် မိုးကုတ်စက်ဝိုင်းပုံစံအလျားလိုက် တည်ရှိနေသည်။ ရာသီဥတုသာယာသည့်နေ့များတွင် ဟော့ကိုင်းဒိုးရှိ ဟခိုဒတဲကို မြင်ရသည်။[၄][၅]
ဟက်ခိုးဒတောင်များသည် များစွာသောတောင်များ ပါဝင်ဖွဲ့စည်းထားသည့် တောင်အစုအဝေးဖြစ်ပြီး ၎င်းအစုအဝေးကိုပင် ဟက်ခိုးဒတောင် (八甲田山, Hakkōda-san) ဟူ၍လည်းကောင်း၊ လွယ်ကူစွာ ဟက်ခိုးဒ (八甲田)ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြသည်။ ဟက်ခိုးဒဟူသည့်အမည်သည် တောင်၏ မြေမျက်နှာသွင်ပြင်နှင့် ပုံသဏ္ဌာန်ကို ရည်ညွှန်းခေါ်ဝေါ်ထားသည့်အမည်ဖြစ်သည်။ အမည်၏ ပထမအစိတ်အပိုင်းဖြစ်သည့် ဟက်ခိုး Hakkō (八甲) သည် ချပ်ဝတ်တန်ဆာရှစ်ခုဟု အဓိပ္ပါယ်ရသည်။ တောင်များတွင်ပါဝင်သည့် တောင်ရှစ်လုံး၏ တောင်ထိပ်များသည် ခမောက်ရှစ်ခုနှင့်ဆင်တူသည့်အတွက် ဤအမည်ဖြစ်ပေါ်လာသည်။ အမည်၏ ဒုတိယအစိတ်အပိုင်းဖြစ်သည့် ဒ da (田) သည် လယ်ကွင်းဟု အဓိပ္ပါယ်ရပြီး တောင်၏ ကုန်းပြင်မြင့်ကို ရည်ညွှန်းသည်။ ၎င်းကုန်းပြင်မြင့်နေရာများကို ခမိနော့တနို (kami no tano) ဟု ရည်ညွှန်းပြောဆိုကြပြီး နတ်ဘုရား၏လယ်ကွင်းပြင်များဟု အဓိပ္ပါယ်ရသည်။[၆][၇]
တောင်ထိပ်များ
[ပြင်ဆင်ရန်]
အောက်ပါတို့သည် ဟက်ခိုးဒတောင်များတွင် ပါဝင်သည့် တောင်ထိပ်နှင့် အမြင့်များ ဖြစ်ကြသည်။ [၄][၈]
- မြောက်ဘက်တောင်အုပ်စု -
- အိုးဒခဲတောင် (大岳 Ō-dake) 1585 m
- တခဒ - အိုးဒခဲတောင် (高田大岳 Takada-Ō-dake) 1559 m[၉]
- အိဒိုဒခဲတောင် (井戸岳 Ido-dake) 1537 m
- အခခုရဒခဲတောင် (赤倉岳 Akakura-dake) 1548 m
- ခိုဒခဲတောင် (小岳 Ko-dake) 1478 m
- အိအိုးဒခဲတောင် (硫黄岳 Iō-dake) 1360 m
- တိုမိုယချိဒခဲတောင် (田茂萢岳 Tamoyachi-dake) 1324 m
- မအဲဒခဲတောင် (前嶽 Mae-dake) 1251.7 m
- ဟိနဒခဲတောင် (雛岳 Hina-dake) 1240.4 m
- အိရှိခုရဒခဲတောင် (石倉岳 Ishikura-dake) 1202 m
- တောင်ဘက်တောင်အုပ်စု -
- ခုရှိတောင်ထိပ် (櫛ヶ峯 Kushi-ga-mine) 1516.6 m
- ခမိဒခဲတောင် (上岳 Kami-dake) 1516.6 m နှင့် ရှိမိုဒခဲတောင် (下岳 Shimo-dake) 1342 m
- နိုရိခုရဒခဲတောင် (乗鞍岳 Norikuradake) 1449.9 m
- ခိုမတောင်ထိပ် (駒ヶ峯 Koma-ga-mine) 1416.5 m
- ဆရုခုရဒခဲတောင် (猿倉岳 Sarukura-dake) 1353.7 m
- ယောခိုဒခဲတောင် (横岳 Yoko-dake) 1339.6 m
- အခခုရဒခဲတောင် (赤倉岳 Akakura-dake) 1297.8 m
- မိနမိဇဝဒခဲတောင် (南沢岳 Minamizawa-dake) 1199.0 m
- ဆခဆဂဝဒခဲတောင် (逆川岳 Sakasagawa-dake) 1183 m
- ခုရှိတောင်ထိပ် (櫛ヶ峯 Kushi-ga-mine) 1516.6 m
စိမ့်မြေအရပ်
[ပြင်ဆင်ရန်]ဟက်ခိုးဒတောင်များသည် ပင်လယ်ရေမျက်နှာပြင်အထက်မြင့်မားသည့် နေရာများတွင် စိမ့်မြေအရပ်များ တည်ရှိသည့်အတွက် ထင်ရှားသည်။ ၎င်းတို့မှာ - [၁၀]
- ဆန်းနင်းစိမ့်မြေအရပ် (仙人岱)
- ခဲနရှိစိမ့်မြေအရပ် (毛無岱)
- တမိုစိမ့်မြေအရပ် (田茂萢)
- Suiren Pond (睡蓮沼)
- တရှိရိုလွင်ပြင်စိမ့်မြေအရပ် (田代平湿原)
ဘူမိဗေဒဆိုင်ရာ
[ပြင်ဆင်ရန်]လူသားသမိုင်း
[ပြင်ဆင်ရန်]ပြင်ပလှုပ်ရှားမှုများ
[ပြင်ဆင်ရန်]တောင်တက်ခြင်း
[ပြင်ဆင်ရန်]အန္တရာယ်နှင့် မတော်တဆမှုများ
[ပြင်ဆင်ရန်]သက်ရှိသတ္တဝါ
[ပြင်ဆင်ရန်]ပြင်ပလင့်များ
[ပြင်ဆင်ရန်]
Wikimedia Commons ရှိ ဟက်ခိုးဒတောင် နှင့်ပတ်သက်သော မီဒီယာများ
ကိုးကား
[ပြင်ဆင်ရန်]- ↑ Hakkoda Group။ Global Volcanism Program။ Smithsonian National Museum of Natural History။ 8 July 2004 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 September 2008 တွင် ပြန်စစ်ပြီး။
- ↑ Hakkoda Mountains Area map။ Ministry of the Environment (2016)။ 18 February 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 June 2020 တွင် ပြန်စစ်ပြီး။
- ↑ Aomori Prefecture (2020)။ 31 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 October 2020 တွင် ပြန်စစ်ပြီး။
- 1 2 3 Hunt၊ Paul (1988)။ "27. Hakkōda Mountains"။ Hiking in Japan: An Adventurer's Guide to the Mountain Trails (First ed.)။ Tokyo and New York: Kodansha International။ pp. 172–175။ ISBN 0-87011-893-5။
- ↑ 津軽海峡 (in ja)။ Asobihorokerusan။ 22 September 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 May 2020 တွင် ပြန်စစ်ပြီး။
- ↑ 市民の声 八甲田山という呼び名をやめませんか (in ja)။ City of Aomori (16 April 2013)။ 25 May 2020 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ 6 八甲田山 (in ja)။ National Diet Library (2008)။ 29 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 June 2020 တွင် ပြန်စစ်ပြီး။
- ↑ 地理院地図 (in ja)။ Geospatial Information Authority of Japan (2024)။ 6 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 January 2024 တွင် ပြန်စစ်ပြီး။
- ↑ "北八甲田・高田大岳 標高1559メートルに" (in ja)၊ 15 February 2020။ 30 August 2025 တွင် ပြန်စစ်ပြီး။ Archived from the original on 28 June 2020။
- ↑ 八甲田山湿原群 (in ja)။ 10 February 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 May 2020 တွင် ပြန်စစ်ပြီး။