သံလွင်ဆီ

ဝီကီပီးဒီးယား မှ
သံလွင်ဆီ

သံလွင်ဆီဆိုတာ သံလွင်သီးကနေရရှိတဲ့ အဆီဖြစ်ပြီး သံလွင်သီးကို Olea europaea ; မျိုးရိုး Oleaceae လို့ မှတ် သားနိုင်ပါတယ် ။ သံလွင်ဆီကို ယေုယျအားဖြင့် ချက်ပြုတ်ခြင်း အလှအပရေးရာ ၊ ဆေးဝါးထုတ်လုပ်ခြင်း ၊ ဆပ်ပြာ နဲ့ လောင်စာဆီတွေ အဖြစ်လည်းအ သုံးပြုနိုင်ပါတယ် ။ ကမ္ဘာတဝှမ်းလုံးမှာ သံလွင်ဆီကို အသုံးပြုကြပြီး အထူး သဖြင့် မြေထဲပင်လယ်အနီးတဝိုက် ဒေသတွေမှာ အသုံးများကြပါတယ် ။

သံလွင်ဆီ ၌ ပါဝင်သော အရာများ[ပြင်ဆင်ရန်]

သံလွင်ဆီမှာ အဓိကအားဖြင့် ရောနှောနေတဲ့ triglyceride အစုအဝေးတွေဖြစ်တဲ့ oleic acid , palmitic acid နဲ့ တခြား fatty acids တွေနဲ့ ဖွဲ့စည်းထားပါ့တယ် ။ ဒါ့အပြင် squalene 0.7 % နဲ့sterols အနည်းငယ် လည်းပါဝင် ပါတယ် ။ သံလွင်ဆီက ပါဝင်ဖွဲ့စည်းမှုဟာ နေရာဒေသ ၊ စိုက်ပျိုး ရိတ်သိမ်းချိန် ၊ အဆီထုတ်ယူမှု နည်း နဲ့ ရာသီ ဥတုတွေအပေါ်မူတည်ပါတယ် ။ သံလွင်ဆီမှာ သဘာဝ ထုတ်ကုန်တွေဖြစ်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်း တွေပါဝင်ပြီး အချောမသတ်ရသေးတဲ့ အဆီ extra-virgin unprocessed olive oil ဟာ သူ့ရဲ့ ခါးသက် တဲ့ အရသာရယ် စူးရှတဲ့ အရသာရယ်ဟာ tyrosl , hydroxytyrosol , oleocanthal နဲ့ oleuropein စတဲ့ ဓာတ်တွေ ပါဝင်တဲ့အတွက်ဖြစ်ပါတယ် ။

အာဟာရနှင့် ကျန်းမာရေး အကျိုးကျေးဇူးများ[ပြင်ဆင်ရန်]

လေ့လာစမ်းသပ်မှုတွေအရ အစားအသောက်ထဲမှာ monunsaturated fats တွေ များများစားစား ပါဝင်နေခြင်းဟာ နှလုံးသွေးကြောကျဉ်းနဲ့ နှလုံးသွေးကြော အဆီဖုံးရောဂါတွေ ကို လျော့ ကျစေ တယ် လို့ သိရပါ တယ် ။ ဒါဟာ အရေးကြီးပါတယ် ။ ဘာလို့လဲဆိုတော့ သံလွင်ဆီမှာ monounsaturated fats တွေအများ အပြားပါ ဝင်နေပြီး အထူးသဖြင့် oleic acid ပဲဖြစ်ပါတယ် ။ US မှာဆိုရင် သံလွင်ဆီထုတ် ကုန်တွေမှာ ထုတ် လုပ်သူတွေက အောက်ပါတိုင်း ကျန်းမာရေး အကြောင်းတွေရေးထားလေ့ရှိတယ် ။

- သံလွင်ဆီ ၂၃ ဂရမ် နေ့ စဉ်စားပေးခြင်းဖြင့် နှလုံးသွေးကြော အဆီဖုံးနှင့် နှလုံးသွေးကြော ကျဉ်းရောဂါအားလျော့ နည်းစေနိုင် ပါတယ် ။ ဒါဟာ သံလွင်ဆီမှာပါတဲ့ monounsaturated fats ကြောင့်ဖြစ်ပါတယ် ။ ဒီလို ကောင်း ကျိုးတွေကို ရရှိဖို့အတွက် သံလွင်ဆီဟာ saturated fat တွေနေရာမှာ အစားထိုးနိုင်ပြီး သင်တစ်နေ့တာ စားသောက် တဲ့ကယ်လီရီ အရေအတွက်ကိုလည်း မများစေပါဘူး ။

ဒီလို ဆုံးဖြတ်ချက်ကို ၂၀ဝ၄ ခုနှစ် နိုဝင်ဘာ ၁ရက်နေ့မှာ FDA ကကြေညာခဲ့ပြီး ဒီလို အလားတူ စာတမ်းမျိုးကို omega-3 fatty acids တွေပါဝင်တဲ့ မက်မွန်စေ့နဲ့ ဘန်လျှောင်ပင်စေ့တို့မှာလည်း ကြော်ငြာဖို့ ခွင့်ပြုခဲ့ပါတယ် ။

သံလွင်ဆီဟာ နှလုံးကျန်းမာရေးကို အလွန်အထောက်အကူပြုကြောင်း စမ်းသပ်မှုတွေအများကြီးရှိခဲ့ပါတယ် ။ အထူး သဖြင့် ကိုလက်စထရော ကိုပုံမှန် လည်ပတ်စေပြီး LDL cholesterol ကို ဓာတ်တိုးစေပါတယ် ။ ဒါ့အပြင် သံလွင် ဆီမှာ အရောင်ကျစေတယ် ၊ သွေးခဲတာကို ဆန့်ကျင်ခြင်း ၊ သွေးတိုးရောဂါကို သက်သာစေခြင်း နဲ့ သွေးကြောကျယ်စေခြင်းစတဲ့ စွမ်းရည်တွေရှိပါတယ် ။

အချို့သောလေ့လာမှုတွေအရ သံလွင်ဆီရဲ့ Phenolic ပါဝင်မှုဟာ နှလုံးကိုကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိ တယ်လို့ ဆိုပါတယ် ။ သံလွင်ဆီကို ရေရှည်သာအသုံးပြုမယ်ဆိုရင် သွေးလွှတ်ကြောနံရံတွေရဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်း အားကို များစေပြီး သွေးကြောတွေရဲ့ stress ကိုနည်းစေပါတယ် ။ ဒါကြောင့် နှလုံး တိုက်ခိုက်ခံရ မှုနဲ့ လေဖြတ်ခြင်း ကိုလည်း ကာကွယ်ပေးနိုင်ပြန်ပါတယ် ။

အရေပြားနဲ့ သံလွင်ဆီ[ပြင်ဆင်ရန်]

သံလွင်ဆီရဲ့ ကောင်းကျိုးတွေအရ သံလွင်ဆီကို လိမ်းဆေးအလှဆီအနေနဲ့လည်း ထုတ်လုပ်လာကြပါပြီ ။ အထူးသဖြင့် Extra virgin olive oil ဟာ အရေပြားကို moisturizing စွမ်းရည်ပေးပြီးခြောက်သွေ့တဲ့ အရေပြား ပိုင်ရှင်တွေအတွက် သင့်လျှော်ပါတယ် ။ ဒါ့အပြင် OCM ဆိုတာဟာ Oil cleansing method ဖြစ်ပြီး မျက်နှာကို extra virgin olive oil , castor oil နဲ့တခြားနံသာဆီတွေ ပေါင်းပြီး သန့်စင်စေတဲ့ နည်းတစ်မျိုးလည်းဖြစ်ပါတယ် ။ နားအတွင်းပိုင်းသန့်စင်ဖို့ကို လည်းတချို့ အသုံးပြုကြပါသေးတယ် ။ သံလွင်ဆီကို မျက်နှာနဲ့ တခြားခန္ဓာကိုယ် က အမွှေးတွေဖယ်ရှားသုတ်သင်ဖို့အတွက် shaving oil အနေနဲ့လည်းအသုံးပြုနိုင်ပါသေးတယ် ။ စမ်းသပ်မှုတွေ အရ သံလွင်ဆီလိမ်းပေးခြင်းဖြင့် သံလွင်ဆီနဲ့ UVB rays တွေထိတွေ့ရင် ကျူမာနဲ့ အရေပြားကင်ဆာတွေကို ကာကွယ်ပေးနိုင်တဲ့အစွမ်းလည်း ရှိနေပြန်ပါတယ် ။

သံလွင်ဆီဟာ အလာ့ဂျစ် ဓာတ်မတည့်မှုတွေမဖြစ်စေနိုင်ပါဘူး ။ သံလွင်ဆီမှာ ဝမ်းပျော့စေတဲ့ laxative စွမး်ရည် ရှိပြီး ဒါကြောင့် သူ့ကို stool softener အဖြစ်သုံးနိုင်ပါတယ် ။ ဒါ့အပြင် အူတွေကျုံ့တာ ကိုလည်း တား ဆီးပေးနိုင်ပါတယ် ။ သံလွင်ဆီမှာပါတဲ့ Oleocanthal ဟာ cyclooxygenase (COX) အင်ဇိုင်းကို တား ဆီးပေး တဲ့ Non-selective inhibitor လည်းဖြစ်ပါတယ် ။ အကိုက်အခဲပျောက်ဆေးထဲက ibuprofen နဲ့သွားဆင် ပါတယ် ။


ကိုးကား[ပြင်ဆင်ရန်]

http://www.thettantcho.com/