တောမတ်စ် အကွိုင်းနပ်စ်

ဝီကီပီးဒီးယား မှ
(သောမတ်စ် အကွိုင်းနပ်စ် မှ ပြန်ညွှန်းထားသည်)
စိန့်

တောမတ်စ် အကွိုင်းနပ်စ်

An altarpiece in en:Ascoli Piceno, Italy,
by en:Carlo Crivelli (15th century)
en:Friar
en:Doctor of the Church
မွေးဖွားTommaso d'Aquino
၁၂၂၅
en:Roccasecca, en:Kingdom of Sicily
ကွယ်လွန်မတ် ၇ ၁၂၇၄ (အသက် ၄၈–၄၉)
Fossanova, en:Papal States
သူတော်စင်အဖြစ် ပူဇော်Roman Catholic Church
en:Anglican Communion[၁]
en:Lutheranism[၂]
သူတော်စင်အဖြစ် စာရင်းသွင်း၁၃၂၃ ဇူလိုင် ၁၈, en:Avignon, en:Papal States by en:Pope John XXII
အဓိက ဗိမာန်en:Church of the Jacobins, Toulouse, France
ပွဲတော်28 January (ordinary form), 7 March (extraordinary form)
သူတော်စင်ဆိုင်ရာ ပြယုဂ်များThe Summa theologiae, a model church, the sun on the chest of a Dominican en:friar
အားပေးမှုAcademics; against storms; against lightning; apologists; Aquino, Italy; en:Belcastro, Italy; book sellers; Catholic academies, schools, and universities; chastity; Falena, Italy; learning; pencil makers; philosophers; publishers; scholars; students; en:University of Santo Tomas; Sto. Tomas, Batangas; en:Mangaldan, Pangasinan; theologians[၃]
တောမတ်စ် အကွိုင်းနပ်စ်
အခြား အမည်များDoctor Angelicus (the Angelic Doctor)
ထင်ရှားသည့်
လုပ်ဆောင်မှု
ခေတ်အလယ်ခေတ် ဒဿန
ဒေသအနောက်တိုင်း ဒဿနအဝန်းအဝိုင်း
ဖီလိုဆိုဖီဂိုဏ်း/ကျောင်း (school)en:Scholasticism
en:Thomism
en:Aristotelianism
Theological intellectualism
en:Philosophical realism
en:Moderate realism
en:Direct realism
en:Virtue ethics
en:Natural law
en:Correspondence theory of truth[၄]
အဓိက စိတ်ဝင်စားရာ
မှတ်သားလောက်သည့် အတွေးအကြံ

တောမတ်စ် အကွိုင်းနပ်စ် (သို့) သောမတ်စ် အကွိုင်းနပ်စ်[မှတ်စု ၁](အင်္ဂလိပ်: Thomas Aquinas, /əˈkwnəs/; အီတလီ: Tommaso d'Aquino, lit.'Thomas of Aquino', တိုမတ်ဇို ဒဲကွီနို; ၁၂၂၅ – ၁၂၇၄ မတ် ၇) သည် အီတလီ[၁၀][၁၁] ဒိုမီနီကန်ဂိုဏ်းဝင် ရဟန်း၊ ဒဿနဆရာ၊ ကတ်သလစ် ဘုန်းတော်ကြီး၊ သူတော်စင်တစ်ပါးဖြစ်သည်။ အလွန်ဩဇာညောင်းသော ဒဿနဆရာ၊ ခရစ်ယာန်ဝါဒအခြေပြုဒဿန အယူအဆများ၌ တရားရေး၊ ဘာသာရေးဆိုင်ရာ အဆုံးအဖြတ်ပေးသူ အကွိုင်းနပ်စ်ကို နှောင်းပိုင်းတွင် Doctor Angelicus ၊the Doctor Communis ၊ the Doctor Universalis စသည့်အမည်များဖြင့်လည်း သိရှိကြသည်။ အကွိုင်းနပ်စ် ဆိုသည့်အမည်သည် ယနေ့ခေတ် လာဇီယို (လာ့တ်စ်ယို) ၊ အကွီနိုကောင်တီ၏ ဇစ်မြစ်ဖြစ်ကြောင်း ပြသလျက် ရှိသည်။ သဘာဝကျကျ ဘာသာတရားဆိုင်ရာ ယုံကြည်မှု (natural theology) ကို ထောက်ခံအားပေးသူ၊ တိုမစ်ဇင် (Thomism) ဟုအမည်ရသော ဘာသာရေးဒဿနဂိုဏ်းကို တည်ထောင်သူဖြစ်သည်။ ဘုရားသခင်သည် သဘာဝကျသော ဆင်ခြင်တုံတရားနှင့် ယုံကြည်မှုဆိုင်ရာ အသိဉာဏ်အလင်းတို့၏ ရင်းမြစ်ဖြစ်သည်ဟု ခိုင်မာစွာ ဆိုခဲ့သည်။[၁၂] အနောက်ကမ္ဘာ၏ တွေးခေါ်ယူဆပုံအပေါ်တွင် အတော်လွှမ်းမိုးနိုင်စွမ်းရှိ၏ ။ ခေတ်သစ် ဒဿနများစွာတို့သည် ၎င်း၏ စိတ်ကူးအယူအဆအပေါ် တိုးတက်ချဲ့ထွင်မှုရှိသကဲ့သို့ ဆန့်ကျင်ချေဖျက်မှုများလည်းရှိကြရာ အထူးသဖြင့် ကိုယ်ကျင့်တရာပိုင်း၊ သဘာဝ ဥပဒေသ၊ ရုပ်လွန်ပညာ၊ နိုင်ငံရေးသီအိုရီ စသည့် ကဏ္ဍများ၌ ဖြစ်သည်။

ထိုခေတ်ထိုအခါက ကတ်သလစ်သာသနာ၏ ယုံကြည်လက်ခံမှုများစွာနှင့်မတူဘဲ[၁၃] တောမတ်သည် အရစ္စတိုတယ် အဆိုပြုခဲ့သော စိတ်ကူးအချို့ကို လက်ခံဆုပ်ကိုင်ခဲ့ကာ ခရစ်ယာန် အခြေခံသဘောတရားများနှင့် အရစ္စတိုတယ် ဒဿနကို ပေါင်းစပ်ရန် အားထုတ်ခဲ့သေးသည်။[၁၄]

အထင်ရှားဆုံးလက်ရာများမှာ Disputed Questions on Truth (၁၂၅၆-၁၂၅၉) ၊ Summa contra Gentiles (၁၂၅၉-၁၂၆၅) ၊ အဆုံးမသတ်ခဲ့သော Summa Theologica (သို့) Summa Theologiae (၁၂၆၅-၁၂၇၄) တို့ဖြစ်ကြသည်။ သမ္မာကျမ်းစာများ၊ အရစ္စတိုတယ်(ဝါဒ)အပေါ် ရှင်းလင်းချက်မှတ်စုများသည် ၎င်း၏ အထင်ကရ လက်ရာများထဲက အစိတ်အပိုင်းများဖြစ်သည်။ ထို့အပြင် တောမတ်စ်သည် ခရစ်တော်၏ နောက်ဆုံးညစာနှင့်ပတ်သက်သော ဓမ္မတေးများကြောင့်လည်း အထူးထင်ရှားခဲ့ပြန်သည်။ ထိုဓမ္မတေးများသည်ကား ခရစ်ယာန် ဝတ်ပြုဆုတောင်းမှု၏ တစ်စိတ်တစ်ဒေသဖြစ်လာခဲ့လေသည်။[၁၅] ကတ်သလစ်ဂိုဏ်းက တောမတ်စ်ကို သူတော်စင် (saint) အဖြစ် ဂုဏ်ပြုခဲ့၍ ခရစ်ယာန်ဘာသာ ရဟန်းစာများကို လေ့လာသင်အံသူများအတွက် စံပြဆရာတစ်ပါး၊ သဘာဝကျသည့် ဆင်ခြင်တုံတရားနှင့် ယုတ္တိကျသော ယုံကြည်မှုနယ်ပယ်တို့၏ အမြင့်မားဆုံးဖော်ပြခြင်းခံရသူအဖြစ်လည်း သတ်မှတ်ကြသည်။ ခေတ်ပေါ်ကာလများတွင် ပုပ်ရဟန်းမင်း၏ အမိန့်အာဏာ လမ်းညွှန်မှုများအောက်၌ ၎င်း၏ စာပေများသည် ရဟန်း (priests) ၊ ရဟန်းငယ် (deacons) အဖြစ် သာသနာ့ဘောင်သွတ်သွင်း ခံယူလိုသူများအတွက် မဖြစ်မနေလေ့လာရသော အစီအစဉ်တစ်ရပ်ဖြစ်ကာ ဘာသာရေးဆိုင်ရာ ဖွဲ့စည်းပုံစံအတွင်းမှသူများသာမက (ဝိနည်း၊ ဝတ်ပြုမှုပုံစံ၊ ကတ်သလစ်ဂိုဏ်း၏ သမိုင်း၊ ကတ်သလစ်ယုံကြည်မှု၊ ဒဿန) စသော ဘာသာရပ်များကို လေ့လာလိုသူများအဖို့လည်း လေ့လာရန်လိုအပ်သော စာပေများဖြစ်လေသည်။[၁၆]

တောမတ်စ် အကွိုင်းနပ်စ်ကို ကက်သလစ်သာသနာ၏ အကြီးကျယ်ဆုံး ဘာသာရေးပညာရှင်၊ ဒဿနပညာရှင်များထဲက တစ်ဦးအဖြစ်ယူဆကြသည်။ ပုပ်ရဟန်းမင်း ဘဲနစ်ဒစ်ခ် (၁၅) က "ကတ်သလစ်ဂိုဏ်းက တောမတ်စ်၏ အဆုံးအမများကို ဒိုမီနီကန်ဂိုဏ်း၏ မူပိုင်အဖြစ် ကြေညာလိုက်တဲ့အခါ ဒီဂိုဏ်း ... ဂုဏ်သစ်သွေးသစ်တို့ကို ရယူနိုင်ခဲ့ပေတယ်။ ပုပ်ရဟန်းမင်းအဆက်ဆက် အထူးချီးကျူးဂုဏ်ပြုခံရတာ ဒီသူတော်စင်ပါ၊ ကတ်သလစ်ဂိုဏ်များစွာတို့ရဲ့ ဆရာသခင်၊ သူတော်စင်ပါပဲ။" ဟု ပြောဆိုခဲ့သည်။[၁၇] အင်္ဂလိပ် ဒဿနပညာရှင် အန်ထနီ ကန်နီကလည်း တောမတ်စ်သည် အနောက်ကမ္ဘာဖက်က အကြီးကျယ်ဆုံး ဒဿနဆရာတစ်ဒါဇင်ထဲက တစ်ဦးဟု ယူဆသည်။[၁၈]

မှတ်စု[ပြင်ဆင်ရန်]

  1. အသံထွက်မှာ တော/ထောမတ်စ် အကွိုင်းနပ်စ် ဖြစ်သော်လည်း မြန်မာစကားဖြင့် သောမတ်စ် ဟူ၍ ဖလှယ်ရေးသားမှုများသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Holy Men and Holy Women
  2. Notable Lutheran Saints။ 16 May 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 December 2019 တွင် ပြန်စစ်ပြီး။
  3. Saint Thomas Aquinas (2008-12-12)။ 2020-01-20 တွင် ပြန်စစ်ပြီး။
  4. David၊ Marian (5 February 2016)။ Zalta၊ Edward N. (ed.)။ The Stanford Encyclopedia of Philosophy။ Metaphysics Research Lab, Stanford University – via Stanford Encyclopedia of Philosophy။[လင့်ခ်သေ]
  5. Brown 2014, p. 12.
  6. Massey 1995, p. 16.
  7. Avicenna (Ibn Sina) (c. 980–1037)။ The Internet Encyclopedia of Philosophy (2006-01-06)။ 2010-01-19 တွင် ပြန်စစ်ပြီး။
  8. "Anselm of Canterbury (1033–1109)"Internet Encyclopedia of Philosophy၊ 200610 November 2017 တွင် ပြန်စစ်ပြီး
  9. Thomas Aquinas – Internet Encyclopedia of Philosophy
  10. Conway 1911.
  11. Vaughan 1871.
  12. Thomas Aquinas, Commentary on the De Trinitate of Boethius, quest. 2, art. 3
  13. McInerny၊ Ralph; O'Callaghan၊ John (5 February 2018)။ Zalta၊ Edward N. (ed.)။ The Stanford Encyclopedia of Philosophy။ Metaphysics Research Lab, Stanford University – via Stanford Encyclopedia of Philosophy။
  14. Blair၊ Peter။ Reason and Faith: The Thought of Thomas Aquinas။ 13 September 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 September 2021 တွင် ပြန်စစ်ပြီး။
  15. St. Thomas Aquinas | Biography, Philosophy, & Facts။ 2020-01-20 တွင် ပြန်စစ်ပြီး။
  16. Code of Canon Law, Can. 252, §3 Code of Canon Law။ 8 May 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2011-03-22 တွင် ပြန်စစ်ပြီး။
  17. Benedict XV Encyclical Fausto appetente die 29 June 1921, AAS 13 (1921), 332; Pius XI Encyclical Studiorum Ducem §11, 29 June 1923, AAS 15 (1923), cf. AAS 17 (1925) 574; Paul VI, 7 March 1964 AAS 56 (1964), 302 (Bouscaren, vol. VI, pp. 786–88).
  18. Aquinas၊ Thomas (1993)။ Selected Philosophical Writings။ Oxford University Press။ pp. Xi။ ISBN 0-19-283585-8