သောဏဒဏ္ဍသုတ်

ဝီကီပီးဒီးယား မှ

ဤသုတ်ကား ဗြာဟ္မဏ တို့နှင့် စပ်လျဉ်းသောသုတ် ဖြစ်သည်။ ဗြာဟ္မဏဖြစ်ရန် မိဘက်မှ၎င်း ဘဘက်မှ၎င်း ဆွေ(၇)ဆက် မျိုး(၇)ဆက် မြင့်မြတ်သော ဗြာဟ္မဏ ဖြစ်ရမည်သာမက ဗေဒသုံးပုံ၌လည်း တဘက်ကမ်းခပ်ရပေမည်။ ဤသုတ်ကိုဟောပြောရခြင်းအကြောင်းကား ဗေဒစာပေတွင် အထူးကျွမ်းကျင်သည့် `သောဏဒဏ္ဍ´ ပုဏ္ဏားသည် ဘုရားမြတ်စွာထံ လာရောက်ကာ စကားဆွေးနွေးသောကြောင့်ဖြစ်သည်။ ဆွေးနွေးရာတွင် ဘုရားမြတ်စွာက မျိုးရိုး မိဘစဉ်ဆက်ကိုလိုက်၍ ဗြာဟ္မဏသူတော်စင် မဖြစ်နိုင်။ မွန်မြတ်သန့်စင်သော စာရိတ္တနှင့် ပြည့်စုံမှသာလျှင် ဗြာဟ္မဏ ဖြစ်နိုင်လေသည်။ ဗြာဟ္မဏဖြစ်ရန် အဓိကအချက်သည် စာရိတ္တသာလျှင် ဖြစ်ကြောင်း ဟောကြားတော်မူသည်။ နောက်ဆုံး၌ သောဏဒဏ္ဍပုဏ္ဏားသည်လည်း ဝန်ခံရလေသည်။ [၁]

အကိုးအကား[ပြင်ဆင်ရန်]

  1. ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။