သောင်းဒန်
ဗိုလ်မှူးချုပ် (ငြိမ်း) သောင်းဒန် | |
|---|---|
| လူမှုဝန်ထမ်းဝန်ကြီးဌာန ဝန်ကြီး | |
| တာဝန်သက်တမ်း ၁၄ နိုဝင်ဘာ ၁၉၇၀ [၁] – ၄ မတ် ၁၉၇၄ | |
| ယခင်လူ | ဗိုလ်မှူးချုပ် တင်ဖေ |
| ဆက်ခံသူ | ဗန်ကူးလ် |
| ပြန်ကြားရေးဝန်ကြီးဌာန ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး [၂] | |
| တာဝန်သက်တမ်း ၁၇ စက်တင်ဘာ ၁၉၆၄ – ၂ မတ် ၁၉၇၄ | |
| ယခင်လူ | ဗိုလ်မှူးကြီး စောမြင့် ပြန်ကြားရေးဌာန၊ယဉ်ကျေးမှုဌာန |
| ဆက်ခံသူ |
|
ကာကွယ်ရေးဦးစီးချုပ် (လေ) | |
| တာဝန်သက်တမ်း ၁၃ ဒီဇင်ဘာ ၁၉၆၃ – ၇ မတ် ၁၉၇၄ | |
| ယခင်လူ | ဗိုလ်မှူးချုပ် သူရ တီကလစ် (လေ-၁၀၀၅)[၃] |
| ဆက်ခံသူ | ဗိုလ်မှူးချုပ် သူရ စောဖြူ (လေ-၁၀၄၇) |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | အောက်တိုဘာ ၁၂၊ ၁၉၂၃ စစ်ကိုင်းမြို့ |
| ကွယ်လွန် | ဇွန် ၃၀၊ ၁၉၉၈ (အသက် ၇၄) ရန်ကုန်မြို့ |
| ကြင်ဖော် | ဒေါ်မျိုးညွန့် |
| သားသမီး |
|
| မိခင် | ဒေါ်တင်အို |
| ဖခင် | ဦးဖိုးစော |
| ဆုတံဆိပ်များ |
|
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | |
| တပ်/တပ်ဖွဲ့ခွဲ | |
| အမှုထမ်းကာလ | ၁၉၄၇ - ၁၉၇၇ |
| ရာထူး | ဗိုလ်မှူးချုပ် |
| တပ် | ကက(လေ) |
ဦးသောင်းဒန် (ဗိုလ်မှူးချုပ်) (၁၂ အောက်တိုဘာ ၁၉၂၃ - ၃၀ ဇွန် ၁၉၉၈) သည် တပ်မတော်သားအရာရှိ တစ်ဦး ဖြစ်ပြီး မြန်မာနိုင်ငံ၏ (၄)ဦးမြောက် ကာကွယ်ရေးဦးစီးချုပ် (လေ) ဖြစ်သည်။၎င်းသည် ပြန်ကြားရေးဝန်ကြီးဌာန၊ယဉ်ကျေးမှုဝန်ကြီးဌာန နှင့် လူမှုဝန်ထမ်းဝန်ကြီးဌာန တို့၏ ဝန်ကြီးများ အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ယင်းအပြင် သူသည် ထင်ရှားသည့် တေးရေးဆရာ လည်း ဖြစ်၏။
စစ်မှုထမ်းခြင်း
[ပြင်ဆင်ရန်]ဆယ်တန်းစာမေးပွဲ ကို ၁၉၄၂ ခုနှစ် တွင် စစ်ကိုင်းမြို့ ၌ အောင်မြင်ပြီးနောက်၊ ၁၉၄၃ ခုနှစ် တွင် ဗမာ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၄)သို့ စတင် ဝင်ရောက်ခဲ့ပြီး စစ်မှုထမ်းသည်။
ဗိုလ်မှူးချုပ် သောင်းဒန်သည် ဂျပန်ခေတ် မြန်မာနိုင်ငံ၏ ပထမဆုံးသော စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေးကျောင်း ဖြစ်သည့် မင်္ဂလာဒုံစစ်တက္ကသိုလ် ဒုတိယပတ် ဗိုလ်သင်တန်းကျောင်းဆင်း တစ်ဦးဖြစ်သည်။ယင်းနောက် ဂျပန်နိုင်ငံ ဘုရင့်စစ်တက္ကသိုလ် သို့ ဆက်လက်တက်ရောက်ခဲ့သည်။သူနှင့်တစ်ပတ်စဉ်ထဲ ထင်ရှားသူများမှာ အငြိမ်းစား ထောက်လှမ်းရေး ညွန်ကြားရေးမှူး ဗိုလ်မှူးကြီး ချစ်ခင်၊ ဗိုလ်မှူးကြီးတင်ဦး၊ ဒု ဗိုလ်မှူးကြီးကျော်ဇော( ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ အကို)တို့ ဖြစ်သည်။ [၄] သူသည် သင်တန်းပြီးနောက် ဗမာ့မျိုးချစ်တပ်မတော် တွင် ဆက်လက် အမှုထမ်းဆောင်ခဲ့သည်။
ကိုလိုနီခေတ် ၁၉၄၇ ခုနှစ် တွင် ၎င်းသည် လေကြောင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းကို အင်္ဂလန်နိုင်ငံ တွင် တက်ရောက်သင်ယူခဲ့သည်။
၁၉၅၀ ပြည့်နှစ် ဇွန်လ ၁၆ ရက်တွင် မင်္ဂလာဒုံလေတပ်စခန်း ဖွဲ့စည်းခြင်း နှင့်အတူ လေယာဉ် မောင်းသင်တန်းကျောင်း ပါဝင်ဖွဲ့စည်းခဲ့ပြီး၊ထိုစဉ်က အမောင်းသင်လေယာဉ် တိုက်ဂါးမော့သ်လေယာဉ်များ၏ တပ်မှူးမှာ ဗိုလ်ကြီးသောင်းဒန် ဖြစ်သည်။[၅] ယင်းနောက်သူသည် မှော်ဘီ၊ မင်္ဂလာဒုံ နှင့် မိတ္ထီလာ လေတပ်စခန်းမှူးအဖြစ် ထမ်းဆောင်ခဲ့သည်။ဤသို့ဖြင့် တပ်မတော်(လေ) တွင် ရာထူးအဆင့်ဆင့် ဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၆၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက် တွင် လက်ရှိ ကာကွယ်ရေးဦးစီးချုပ်(လေ) နှင့် ရာထူးအဆင့်အတန်းတူညီသည့် ဒုတိယကာကွယ်ရေးဦးစီးချုပ်(လေ) ရာထူးအပ်နှင်း ခံရပြီး လေတပ်အကြီးအကဲ ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် သူ၏အသက် သည် အသက် (၄၀)မျှသာ ရှိသေးသည်။
သူသည် တပ်မတော်(လေ)အကြီးအကဲ တာဝန်ကို ၁၉၇၄ ခုနှစ် မတ် ၇ ရက် နေ့အထိ ဆယ်စုနှစ်တစ်ခုကျော်ကြာ ထမ်းဆောင်ခဲ့ရသည်။တပ်မတော်(လေ)သမိုင်းတစ်လျှောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်း ပြီးလျှင် ဒုတိယမြောက်သက်တမ်းအရှည်ကြာဆုံး ကာကွယ်ရေးဦးစီးချုပ်(လေ) အဖြစ် မှတ်တမ်းဝင်သည်။
အခြားတာဝန်များ
[ပြင်ဆင်ရန်]ဗိုလ်မှူးချုပ် သောင်းဒန် သည် တပ်မတော်(လေ)၏ အကြီးအကဲတာဝန် အပြင် ၁၉၆၂ ခုနှစ်တွင် မိတ္ထီလာခရိုင် လုံခြုံရေးနှင့်အုပ်ချုပ်မှုကော်မတီ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ၁၉၆၄ ခုနှစ်တွင် တော်လှန်ရေးကောင်စီဝင် အဖြစ်လည်းကောင်း ပူးတွဲ တာဝန်ပေးအပ်ခံရသည်။
သူသည် ၁၉၆၄ ခုနှစ် စက်တင်ဘာ ၁၇ ရက် ကစ၍ ပြန်ကြားရေးဝန်ကြီး၊ ယဉ်ကျေးမှုဝန်ကြီး နှင့် လူမှုဝန်ထမ်းဝန်ကြီးများ အဖြစ် ၁၉၇၄ ခုနှစ် မတ်လဆန်းအထိ တာဝန်များလည်း ထမ်းဆောင်ခဲ့ရသည်။
၁၉၇၄ ခုနှစ် ဇန်နဝါရီ ၂၇ ရက် မှ ဖေဖော်ဝါရီ ၁၀ ရက်နေ့ အကြားတွင် ပြုလုပ်ခဲ့သည့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြုလုပ်သော ပထမဆုံး ရွေးကောက်ပွဲ တွင် သူသည် စစ်ကိုင်း(၁) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံခဲ့ပြီး အမတ် ဖြစ်လာခဲ့သည်။၁၉၇၇ ခုနှစ်တွင် တပ်မတော်မှ အငြိမ်းစားယူခဲ့သည်။
၁၉၈၈ အရေးအခင်း နောက်ပိုင်း ဖွဲ့စည်းခဲ့သည့် မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့တွင် သူသည် ဦးအောင်ကြီး၊ ဦးတင်ဦး တို့နှင့်အတူ ပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ နိုင်ငံရေးမှ နုတ်ထွက်သွားခဲ့သည်။
တေးရေးဆရာဘဝ
[ပြင်ဆင်ရန်]သူသည် အညာသား အမည်ဖြင့် တေးသီချင်းများရေးစပ်သီကုံးမှုတွင် ထူးချွန်သူတစ်ဦး ဖြစ်ခဲ့သည်။၎င်းရေးစပ်ခဲ့သည့် အဆိုတော် သန်းလှိုင် ၏ တစ်ဝက်မေတ္တာ၊အဆိုတော် မာမာအေး ၏ သံသာလေကမ်းတိုင် တေးသီချင်းများမှာ အထူးထင်ရှားခဲ့သည်။
ဘဝနိဂုံး
[ပြင်ဆင်ရန်]သူသည် အမှတ်(၁၃၃/ဒီ)၊ မောရဝတီလမ်း (၈)မိုင်ခွဲ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ၁၉၉၈ ခုနှစ်၊ဇွန် ၃၀ ရက် ၌ ကွယ်လွန်ခဲ့သည်။
ပုဂ္ဂိုလ်ရေးဘဝ
[ပြင်ဆင်ရန်]ဇနီးဖြစ်သူမှာ ပျော်ဘွယ်ဦးမြ ၏ သမီး ဒေါ်မျိုးညွန့်ဖြစ်ပြီး ဒေါ်မြခိုင်၊ ဦးမျိုးဒန် သားသမီး ၂ဦး ထွန်းကားခဲ့သည်။ မြန်မာနိုင်ငံမှ ရင်ချင်းဆက်အမွှာ မနန်းစိုး၊မနန်းစံ ထဲမှ အသက်ရှင်ကျန်ရစ်ခဲ့သူ မနန်းစိုး ကိုလည်း ၎င်းက သားသမီးအဖြစ် မွေးစားခဲ့သည်။[၆] [၇]
ရရှိခဲ့သောဆုများ
[ပြင်ဆင်ရန်]ဗိုလ်မှူးချုပ် သောင်းဒန် ကို နိုင်ငံတော် သည် စစ်မှုထမ်းကောင်း မှတ်တမ်းဝင်တံဆိပ်၊ လွတ်လပ်ရေး မော်ကွန်းဝင် (ဒုတိယဆင့်)၊နိုင်ငံ့ဂုဏ်ရည်(ပထမဆင့်)၊ စစ်မှုထမ်းကောင်းတံဆိပ် တို့ကို ချီးမြှင့်ခဲ့သည်။
၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က စည်သူဘွဲ့ အပ်နှင်းခဲ့သည်။[၈] [၉]
ဖမ်းဆီးခံရမှုများ
[ပြင်ဆင်ရန်]၁၉၄၈ ခုနှစ်တွင် အစိုးရ၏ ကာကွယ်ရေးပုဒ်မ ၅ နှင့် အချိန်အတန်ကြာ ဖမ်းဆီးခံခဲ့ရပြီး ပြန်လည် လွတ်မြောက်ခဲ့သည်။၁၉၄၉ ခုနှစ်တွင် လေယာဉ်နှင့် စစ်ဆင်မှု ပြုလုပ်ရန် ပြင်ဦးလွင် သို့အသွား လမ်းခရီးတွင် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ၏ဖမ်းဆီးခြင်းခံခဲ့ရဖူးပြီး ပြန်လည်လွတ်မြောက်ခဲ့ရပြန်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ နောက်ခံသမိုင်းကြောင်း။ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန။ ၁၅ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်ခဲ့သော ဝန်ကြီး/ ပြည်ထောင်စုဝန်ကြီး များ။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန။ ၁၅ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယကာကွယ်ရေးဦးစီးချုပ်(လေ)/ ကာကွယ်ရေးဦးစီးချုပ်(လေ) တာဝန်ထမ်းဆောင်ခဲ့သူများ။ တပ်မတော်စစ်သမိုင်းပြတိုက်။ 12 July 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၅ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ တပ်မ၇၇ ဦးဆောင်ဖွဲ့စည်းသူ ဗိုလ်မှူးချုပ် တင့်ဆွေ ကွယ်လွန် (၅ ဇန်နဝါရီ ၂၀၂၂)။ ၁၅ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ မိုးမြင့်တောင်ပံ . . . တိမ်ယံထိုးဖွင့် . . . တံခွန်လွှင့်ပြီ။ Myanmar Digital News (၃၁ အောက်တိုဘာ ၂၀၂၂)။ ၁၅ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ပျော်ဘွယ်ဦးမြ၊ ဗိုလ်ချုပ်ယောက်ဖနဲ့ လုပ်ကြံမှုက လွတ်ခဲ့သူ။ BBC (၁၇ ဇူလိုင် ၂၀၁၉)။ ၁၅ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့ဆေးလောက၏ အောင်မြင်မှုနှင့် မနန်းစိုး၊ မနန်းစံ မွေးဖွားခြင်း။ The Irrawaddy (၇ ဇူလိုင် ၂၀၁၉)။ ၁၅ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကချီးမြှင့်သည့် ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်။ MOI Myanmar (၁၂ ဇန်နဝါရီ ၂၀၂၃)။ ၁၅ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၆၃/၂၀၂၂။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး (၁၇ ဧပြီ ၂၀၂၂)။ 8 July 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၅ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။