သောင်းတင် (ဗိုလ်မှူးချုပ်)

ဝီကီပီးဒီးယား မှ

ဗိုလ်မှူးချုပ်သောင်းတင် (ရေ-၁၀၂၅)သည် ၁၉၄၂ ခုနှစ်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်သို့ ဦးစွာဝင်ရောက်၍ အမှုထမ်းခဲ့ပြီး ၁၉၄၅ ခုနှစ်၊ ဩဂုတ်လတွင် မြန်မာနိုင်ငံ အပျော်တမ်း အရန်ရေတပ်သို့ ဗိုလ်လေးအဖြစ် ပြောင်းရွှေ့အမှုထမ်းဆောင်ခဲ့သည်။ လွတ်လပ်ရေးရလုနီး ၁၉၄၇ ခုနှစ် ဗမာ့တပ်မတော်ဟု ပြင်ဆင်ဖွဲ့စည်းချိန်တွင် ဗိုလ်အဆင့်ဖြင့် ဆက်လက် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် တော်လှန်ရေးအစိုးရ လက်ထက်တွင် ၃၀-၅-၆၂ ရက်နေ့မှစ၍ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် (ရေ) အဖြစ် လည်းကောင်း၊ တော်လှန်ရေးအစိုးရ အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ သတ္တုတွင်း ဝန်ကြီးဌာနဝန်ကြီးအဖြစ်လည်းကောင်း တာဝန်များ ထမ်းဆောင်ခဲ့သည်။

၁၉၇၄ ခုနှစ်တွင် တပ်မတော်မှ အငြိမ်းစားယူခဲ့ပြီးနောက် နိုင်ငံတော်ကောင်စီဝင် အဖြစ်လည်းကောင်း၊ ပြည်သူ့ဥပဒေ အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် အဖြစ်လည်းကောင်း ၁၉၈၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။