မာတိကာသို့ ခုန်သွားရန်

သေဋ္ဌဉာဏာလင်္ကာရ

ဝီကီပီးဒီးယား မှ
ဘဒ္ဒန္တ သေဋ္ဌဉာဏာလင်္ကာရ
ဘာသာဗုဒ္ဓဘာသာ
ကျောင်းတိုက်တိပိဋက မဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်၊ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး
ဘွဲ့တံဆိပ်
အခြားအမည်များရေဦးဆရာတော်
ပုဂ္ဂိုလ်ရေးရာ
မွေးဖွား (1979-03-16) မတ် ၁၆၊ ၁၉၇၉ (အသက် ၄၇)
ရွာဗုကြီးရွာ၊ရေဦးမြို့နယ်စစ်ကိုင်းတိုင်းဒေသကြီး
မိဘဦးတင်စောနှင့် ဒေါ်အုံးခ

ဘဒ္ဒန္တ သေဋ္ဌဉာဏာလင်္ကာရ (၁၆ မတ် ၁၉၇၉ ဖွားမြင်) သည် (၁၇) ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည် အရှင်မြတ်တစ်ပါး ဖြစ်သည်။ရေဦး တိပိဋကဆရာတော် အဖြစ်လည်း ထင်ရှားသည်။ (၇၇) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲ တွင် အဘိဓမ္မပိဋက အဘိဓမ္မာ (ဒုတိယပိုင်း) နှစ်ကျမ်း ကို သဘောရေးဖြေဆို၍ အောင်မြင်တော်မူခဲ့သည်။[]

ရှင်ရဟန်းဘဝ

[ပြင်ဆင်ရန်]

အရှင် သေဋ္ဌဉာဏာလင်္ကာရ​လောင်းလျာကို စစ်ကိုင်းတိုင်းဒေသကြီးရေဦးမြို့နယ်၊ ရွာဗုကြီးရွာတွင် ခမည်းတော် ဦးတင်စောနှင့် မယ်တော် ဒေါ်အုံးခတို့က ၁၃၄၀ ပြည့်နှစ်၊ တပေါင်းလပြည့်ကျော် (၄)ရက် သောကြာ​နေ့တွင် ဖွားမြင်ခဲ့သည်။[]

၁၃၆၁ ခုနှစ် တန်ခူးလပြည့်ကျော် (၁၁)ရက် တနင်္ဂနွေနေ့တွင် (၇)မိုင် စော်ဘွားလေးကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဣန္ဒာစာရကို ဥပဇ္ဈာယ်ပြုလျက် ရဟန်းအဖြစ်သို့ ရောက်ရှိ​တော်မူခဲ့​သည်။

အောင်မြင်ခဲ့သော စာမေးပွဲများ

[ပြင်ဆင်ရန်]

ဘဒ္ဒန္တ သေဋ္ဌဉာဏာလင်္ကာရ​ အမြင့်ဆုံးအောင်မြင်ခဲ့သော စာမေးပွဲများနှင့် ဘွဲ့တံဆိပ်​တော်များမှာ အောက်ပါအတိုင်းဖြစ်သည်။[][]

  1. ဂဏဝါစကသာမဏေကျော် (၁၃၅၈ ခုနှစ်)
  2. ပရိယတ္တိသာသနာ လင်္ကာရသာမဏေကျော်(၁၃၅၈) ခုနှစ်၊
  3. ပရိယတ္တိသဒ္ဓမ္မရက္ခိတသာမဏေကျော်(၁၃၅၉) ခုနှစ်၊
  4. မင်္ဂလာဗျူဟာသာမဏေကျော် (၁၃၆၀) ပြည့်နှစ်၊
  5. ပရိယတ္တိသာသနဟိတသာမဏေကျော်ဘွဲ့များ (၁၃၆၀) ပြည့်နှစ်၊
  6. (၁၃၆၁)ခုနှစ်တွင် ပထမကြီးတန်း (ရန်ကုန်တိုင်းဒေသကြီး ပထမ၊ တစ်နိုင်ငံလုံး ဒုတိယ)၊
  7. သာသနဓဇဓမ္မာစရိယ (၁၃၆၂) ခုနှစ်၊
  8. နိကာ ယုဇ္ဇောတက ဝိနယဓရဓမ္မာစရိယ (၁၃၆၉) ခုနှစ်၊
  9. နိကာယုဇ္ဇောတက အတ္ထဝိသာရဒဒီဃဘာဏက(၁၃၇၁) ခုနှစ်၊ 
  10. နိကာယဝုဎ္ဍိသမိတိ ဝိနယကောဝိဒ (၁၃၇၀) ပြည့်နှစ်၊ 
  11. နိကာယဝုဎ္ဍိသမိတိ ဒီဃနိကာယကောဝိဒ (၁၃၇၃) ခုနှစ်၊
  12. ပရိယတ္တိသာသနဟိတဝိနယဓရ (၁၃၆၉) ခုနှစ်၊
  13. ပရိယတ္တိ သာသနဟိတဒီဃဘာဏက(၁၃၇၁)ခုနှစ်၊
  14. ကျောင်းတိုက်စာမေးပွဲ မဟာဂန္ထဝံသဒီဃာဂမ(၁၃၇၃)ခုနှစ်၊
  15. မဟာဂန္ထဝံသ မူလအဘိဓမ္မာဂမ (၁၃၇၇) ခုနှစ်၊
  16. ဝိနယဝိဒူ (၁၃၆၁)ခုနှစ်၊ ဒီဃနိကာယဝိဒူ(၁၃၇၁)ခုနှစ်၊
  17. အဘိဓမ္မဝိဒူ-၁ (၁၃၈၃) ခုနှစ်၊
  18. အဘိဓမ္မဝိဒူ-၂ (၁၃၈၅) ခုနှစ်၊
  19. ဥဘတော ဝိဘင်္ဂဓရ (၁၃၆၃) ခုနှစ်၊
  20. ဥဘတောဝိဘင်္ဂကောဝိဒ (၁၃၆၇) ခုနှစ်၊
  21. ဝိနယဓရ (၁၃၆၉) ခုနှစ်၊
  22. ဝိနယကောဝိဒ (၁၃၇၀) ပြည့်နှစ်၊
  23. ဒီဃဘာ ဏက (၁၃၇၁) ခုနှစ်၊
  24. ဒီဃနိကာယကောဝိဒ (၁၃၇၃) ခုနှစ်၊
  25. မူလအာဘိ ဓမ္မိက (၁၃၇၄) ခုနှစ်၊
  26. မူလအဘိဓမ္မကောဝိဒ(၁၃၇၇)ခုနှစ်နှင့်
  27. တိပိဋက ဓရဘွဲ့ (၁၃၇၉) ခုနှစ်တို့ဖြစ်သည်။

တိပိဋကဓရ တိပိဋကကောဝိဒ

[ပြင်ဆင်ရန်]

၂၀၂၅ ခုနှစ်တွင် ကျင်းပသော (၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် နိုင်ငံတော်မှဆက်ကပ်သော တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့တံဆိပ်တော်ကို အလှူခံရရှိတော်မူ (၁၇) ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည်အဖြစ် ပေါ်ထွန်းလာခဲ့သည်။[][]

ကိုးကား

[ပြင်ဆင်ရန်]
  1. တိပိဋကဓရ တိပိဋကကောဝိဒ ၁၇ ပါးမြောက် ဆရာတော် ထွက်ပေါ်လာ Eleven Media Group (၂၇ ဇန်နဝါရီ ၂၀၂၅)။ ၂၃ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
  2. (၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲတွင် တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်မြတ် အလှူခံရရှိတော်မူမည့် ဘဒ္ဒန္တသေဋ္ဌဉာဏာလင်္ကာရဆရာတော်ထံသို့ ပေးပို့ဆက်ကပ်သည့် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ Myanmar Digital News (၂၇ ဇန်နဝါရီ ၂၀၂၅)။ ၂၃ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
  3. ဂုဏ်ပြုပူဇော် (၁၇)ပါးမြောက် တိပိဋကဆရာတော် မြဝတီနေ့စဉ် (၃၀ ဇန်နဝါရီ ၂၀၂၅)။ ၂၃ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
  4. ဓမ္မစေတီထိုက်သည့် သာသနာ့အာဇာနည် နှစ်နှစ်ဆက်တိုက် ပေါ်ထွက်လာခဲ့ပြီ Myanmar National Post (၂၆ ဇန်နဝါရီ ၂၀၂၅)။ ၂၃ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
  5. တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည်ဆရာတော်တစ်ပါး ပေါ်ထွန်းတော်မူခြင်း (အရှင်သေဋ္ဌဉာဏာလင်္ကာရ၊ တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး) မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (၂၅ ဇန်နဝါရီ ၂၀၂၅)။ ၂၃ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
  6. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒစာအောင် သာသနာ့အာဇာနည် အရှင်သူမြတ်တို့အား အောင်လက်မှတ်နှင့် ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း Myanmar Digital News (၂၃ မေ ၂၀၂၅)။ ၂၃ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။