သူကြွယ်ဂမုန်း
သူကြွယ်ဂမုန်းကို အရွက်များအားလုံးသည် အပေါက်များ ဖြစ်နေပြီး၊ တရွက်လျှင် ၃ ပေါက်မှ ၅ ပေါက်အထိ တွေ့မြင်ရသောကြောင့် ရွက်ပေါက်ဂမုန်းဟုလည်း အခြားအမည်ဖြင့် ခေါ်ဝေါ်ကာ အရွက်အကြီးဆုံးမှာ အရှည် ၄ လက်မ၊ အကျယ် ၁ လက်မခွဲ၊ မြေအိုးဖြင့် စိုက်နိုင်သည့်အပြင် မြေကြီး၌လည်း စိုက်ပျိုးနိုင်သည်။ မြန်မာနိုင်ငံ အနှံ့အပြားတွင် ရှင်သန်ပြီး၊ မြေလတ်ပိုင်း အထူးသဖြင့် အောင်လံမြို့တွင် ပေါများကာ ဂမုန်းဝါသနာရှင်များအတွက် မသိသူ မရှိချေ။
အာနိသင်
[ပြင်ဆင်ရန်]ဤဂမုန်း၏ အရွက်တရွက်ရှိ အပေါက်တပေါက် သို့မဟုတ် နှစ်ပေါက် အလိုအလျောက် ပိတ်ဆို့သွားလျှင် ဂမုန်းရှင်အိမ်၌ ထိခိုက်နစ်နာမှု တခုခု ဖြစ်မည်ဟု နိမိတ်ပြကြောင်း ယုံကြည်ကြပြီး၊ စိုက်ပျိုးထားသော အိမ်မှ ပစ္စည်းများကို အပြင်လူ ခိုးယူသွားသော် အကြောင်းအမျိုးမျိုးဖြင့် ပြန်ရတတ်ကြောင်းလည်း ယူဆကြသည်။ လာဘ်ရွှင်လိုသော ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးတတ်ကြပြီး၊ အိမ်အမြင့် သို့မဟုတ် ကောင်တာအနီး အမြင့်တနေရာ၌ ထားပေးရသည်။ [၁]
အကျိုးသွားတူဂမုန်း
[ပြင်ဆင်ရန်]ချမ်းသာကြီးဂမုန်း၊ ဘောဂကြီးဂမုန်း၊ ရွှေလာငွေလာမုန်းသည်လည်း လာဘသိဒ္ဓိရလိုသူများ စိုက်ကြသည့် အပင်များ ဖြစ်သည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]
ဤ အပင် ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |