သုံးမြို့ရှင်နတ်

ဝီကီပီးဒီးယား မှ

ကြက်သမားနတ်သည် မြန်မာ့မိရိုးဖလာကိုးကွယ်ကြသည့် နတ်တစ်ပါး ဖြစ်သည်။[၁]

သမိုင်း[ပြင်ဆင်ရန်]

သုံးမြို့ရှင်ထံတွင် ပညာဗလအမတ်နှင့် သားဖြစ်သူ ခြေရာတစ်ထောင် မောင်မဲခေါင်တို့သည် အမှုထမ်းကြသည်။ တစ်နေ့သောအခါ မည်သူကမျှ ဖမ်းဆီးရန် မဝံ့သည့် တောဆင်ရိုင်းတစ်ကောင်သည် သောင်းကျန်းနေလေသည်။ ထိုဆင်ရိုင်းကြီးကို မောင်မဲခေါင်သည် ထွက်၍ ဖမ်းဆီးပြီး မင်းကြီးအား ဆက်သသဖြင့် မင်းကြီးသည် မောင်မဲခေါင်အား “စစ်ဗိုလ် − သက်တော်မြဲ” ရာထူး ချီးမြှင့်ခဲ့သည်။

သုံးမြို့ရှင်သည် ကြက်တိုက်ဝါသနာပါသည့် ဘုရင်တစ်ပါး ဖြစ်သည့်အတွက် ကြက်တိုက်သွားလေရာ နောက်ကျပြီးမှ ကြက်ပွဲသို့ ရောက်ရှိသွား၏။ ထိုအခါ ပြည်ဘုရင်က နောက်ကျမှ ရောက်လာသည့်အတွက် လှောင်ပြောင်၏။ ထိုအခါ သုံးမြို့ရှင်ဘုရင်သည် ရှက်စိတ်ဖြင့် “နင်ဆင်ကောက်နောက်ကျလို့သာ ငါအရှက်ရသည်” ဟု ဆိုကာ မောင်မဲခေါင်၏ မျက်နှာကို ခြေဖြင့် ကန်ခဲ့သည်။ ထိုအခါမှစ၍ မောင်မဲခေါင်သည် ရန်ငြိုးထားကာ ပုန်ကန်လေသည်။[၁]

နတ်ဖြစ်ခြင်း[ပြင်ဆင်ရန်]

သုံးမြို့ရှင်သည် မောင်မဲခေါင်ဖမ်းဆီးလာခဲ့သည့် ဆင်ကိုစီး၍ တိုက်ခိုက်၏။ ထိုဆင်သည် တိုက်ပွဲတွင် မောင်မဲခေါင်၏ အသံကို ကြားသည့်အခါ ထွက်ပြေးလေ၏။ မောင်မဲခေါင်သည် သုံးမြို့ရှင်ကို လှံဖြင့် လိုက်ထိုးသဖြင့် ကံကုန်ပြီး သုံးမြို့ရှင်နတ် ဖြစ်သွားခဲ့သည်။ အချို့က “ကြက်သမားနတ်” ဟုလည်း ခေါ်ကြသည်။[၁]

ကိုးကွယ်ယုံကြည်ခြင်း[ပြင်ဆင်ရန်]

ကြက်သမားများသည် ကြက်တိုက်ရာတွင် သုံးမြို့ရှင်နတ်ကို ပူဇော်ပသ၍ တိုက်ပါက နိုင်သည်ဟု ယုံကြည်ကြသည်။[၁]

တင်မြှောက်ခြင်း[ပြင်ဆင်ရန်]

နတ်တင်မြှောက်ရာတွင် ကန်တော့ပွဲထဲ၌ ကြက်နှင့်ပတ်သက်သောပစ္စည်းများ ပါဝင်မှုမရှိစေဘဲ ငှက်ပျောသီးသုံးဖီး ပန်းသုံးမျိုး၊ ဆီမီးသုံးတိုင်၊ ကွမ်းယာသုံးယာ၊ လက်ဖက်သုံးပုံ၊ အုန်းတစ်လုံးတို့ ပါဝင်ရသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ဦးထွေးဟန် (ဇူလိုင် ၁၉၉၁)။ မြန်မာ့မိရိုးဖလာဓလေ့ နတ်သမိုင်း။ ရန်ကုန်: ရွှေပုရပိုက်စာပေ။