သုဝဏ္ဏ အမျိုးသားအားကစားပြိုင်ပွဲရုံ

ဝီကီပီးဒီးယား မှ
အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)
National Indoor Stadium (1)
တည်နေရာသင်္ဃန်းကျွန်းရန်ကုန်မြို့,  မြန်မာ
ကိုဩဒိနိတ်16°49′1.5″N 96°11′8.4″E / 16.817083°N 96.185667°E / 16.817083; 96.185667ကိုဩဒိနိတ်: 16°49′1.5″N 96°11′8.4″E / 16.817083°N 96.185667°E / 16.817083; 96.185667
ပိုင်ဆိုင်သူအားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန
စီမံခန့်ခွဲသူအားကစားနှင့်ကာယပညာဦးစီးဌာန
ဝင်ဆံ့ပမာဏ၁၀,၈၂၅[၁]
တည်ဆောက်ခြင်း
ပန္နက်ရိုက်၁၉၈၃
ဖွင့်လှစ်၁၉၈၆
ပြင်ဆင်၁၁ ဩဂုတ်၂၀၁၉

သုဝဏ္ဏ အမျိုးသားအားကစားပြိုင်ပွဲရုံ (သို့မဟုတ်) အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ သည် ရန်ကုန်မြို့ရှိ ခေတ်မီ ရုံတွင်းအားကစားရုံကြီးဖြစ်သည်။မြန်မာနိုင်ငံ၏ အကြီးမားဆုံး မိုးလုံလေလုံအားကစားပြိုင်ပွဲရုံကြီးဖြစ်သည်။လူဦးရေ ၁၀,၈၂၅ ဝင်ဆံ့ပြီး သုဝဏ္ဏ အားကစားကွင်းအနီးတွင်တည်ရှိကာသည်။[၂]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံကို ၁၉၈၃ခုနှစ်တွင် တရုတ်နိုင်ငံမှ တည်ဆောက်ပေးခဲ့သည်။၁၉၈၆ခုနှစ်တွင် တည်ဆောက်မှုပြီးစီးခဲ့ကာ နိုင်ငံ၏ ပထမဆုံး ခေတ်မီမိုးလုံလေလုံအားကစားရုံကြီး ဖြစ်လာခဲ့သည်။[၃]နောက်ပိုင်းတွင် အမေရိကန်၏ထောက်ပံ့မှုဖြင့် အမျိုးသားအားကစားပြိုင်ပွဲရုံ (၂)ကို ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်​မြေတွင် တည်ဆောက်ခဲ့သည်။သို့သော် အမှတ်(၁)ကဲ့သို့ မကြီးမားပေ။[၄]

၂၀၁၃ခုနှစ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကာလတွင် နေပြည်တော်ရှိ ဇမ္ဗူသီရိအားကစားရုံစုတွင် ဝဏ္ဏသိဒ္ဓိမိုးလုံလေလုံအားကစားရုံ၊တပ်မတော်ပိုင် ဇေယျာသီရိအားကစားရုံစုတွင် ဇေယျာသီရိမိုးလုံလေလုံအားကစားရုံ စသည့် ခေတ်မီအားကစားရုံများ ပေါ်ပေါက်ခဲ့သည်။သို့သော် ထိုရုံများသည် သုဝဏ္ဏအားကစားရုံကဲ့သို့မဟုတ်ဘဲ လူဦးရေ (၃၀၀၀)ဝင်ဆံ့သော အားကစားရုံ အေ၊စီနှင့် (၅၀၀၀)ဝင်ဆံ့သော အားကစားရုံ ဘီတို့ကိုသာ ပေါင်းစပ်ထားသည့် အားကစားရုံများဖြစ်သည်။[၅]

၂၀၁၉ခုနှစ် ဩဂုတ်လမှစတင်ကာ ယိုယွင်းနေသော အားကစားရုံကို တရုတ်နိုင်ငံကပင် ကူညီပြီး အလုံးစုံပြုပြင်ခဲ့ကာ ၂၀၂၁ခုနှစ် ဒီဇင်ဘာလတွင် ပြီးစီးခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]