သုရာမေရယ

ဝီကီပီးဒီးယား မှ

သုရာမေရယ သည် ကျန်းမာရေးအတွက်မဟုတ်ဘဲ မူးယစ်စေတတ်သော ဆေးဝါး၊ အရည်မှန်သမျှကို သောက်သုံးခြင်း ဖြစ်သည်။[၁]

ကျူးလွန်ခြင်း၏ ဆိုးကျိုးများ[ပြင်ဆင်ရန်]

သုရာမေရယကံ ကျူးလွန်ပါက ဖြစ်လေရာဘဝတို့တွင် အောက်ပါဆိုးကျိုးများ ခံစားရသည်။

(၁) သတိကင်းလွတ်ခြင်း၊

(၂) အရှက်မရှိခြင်း၊

(၃) အကောင်းအဆိုး၊ အမှားအမှန် မခွဲခြားတတ်ခြင်း၊

(၄) ခိုက်ရန်ဒေါသ ဖြစ်ပွားတတ်ခြင်း၊

(၅) မကောင်းသောသတင်းပျံ့နှံ့ခြင်း၊ ကျက်သရေ မင်္ဂလာမရှိခြင်း၊

(၆) ရောဂါများခြင်း၊ ကိုယ်လက်အင်္ဂါတုန်ခြင်း၊

(၇) မွေးဖွားလာသော သားသမီးများ စိတ်ဓာတ်ကျပ်မပြည့်ခြင်း၊

(၈) လုပ်ငန်းတို့ကို မေ့လျော့၍ စီးပွားပျက်တတ်ခြင်း၊

(၉) နောင်ဘဝတို့၌ အရူးဖြစ်ရခြင်း၊

(၁၀) သေရည်အရက် သောက်သုံးမှုများပြီး ကောင်းမှုကုသိုလ်မလုပ်ဘဲ သေပါက နောင်ဘဝတွင် အပါယ်ဘုံသို့ ကျခြင်း။[၁]

စောင့်ထိန်းခြင်း၏ ကောင်းကျိုးများ[ပြင်ဆင်ရန်]

မကျူးလွန်အောင် စောင့်ထိန်းသောသူသည် သုဂတိဘုံသို့ လားရသည်။ အထက်တွင် ဖော်ပြခဲ့သည့် ဆိုးကျိုးတို့၏ ဆန့်ကျင်ဘက် ချမ်းသာသုခများ ခံစားရသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ သီလတောင်းနည်းအမျိုးမျိုး နှင့် ကောင်းကျိုးဆိုးကျိုးများ