သုဗြဟ္မနတ်သား

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

သုဗြဟ္မာနတ်သားသည် ဂေါတမမြတ်စွာဘုရားလက်ထက်တော်အခါက နတ်သားတစ်ပါး ဖြစ်သည်။[၁]

သမိုင်း[ပြင်ဆင်ရန်]

သုဗြဟ္မနတ်သားသည် နတ်သမီးတစ်ထောင်တို့နှင့်အတူ ထွက်လာ၍ ငါးရာသော နတ်သမီးတို့သည် သစ်ပင်ပေါ်သို့တက်ကာ ပန်းများကို ခူးလျက်ရှိ၏။ ငါးရာသောနတ်သမီးတို့သည် ပန်းများကို ကောက်ကာ သုဗြဟ္မနတ်သားကို ပန်ဆင်ပေးနေ၏။ ထိုအခိုက်တွင် ပန်းပင်များပေါ်မှ ပန်းများကျမလာသည်ကို တွေ့ရသဖြင့် နတ်မျက်စိဖြင့် ကြည့်ရာ နတ်သမီးငါးရာတို့သည် ငရဲပြည်သို့ ရောက်နေသည်ကို တွေ့ရလေသည်။

ထိုအခါ သုဗြဟ္မနတ်သားသည်လည်း မိမိ၏ အသက်အပိုင်းအခြားကို ကြည့်သည့်အခါ မိမိမှာလည်း သက်တမ်းကုန်ခါနီးပြီး ဖြစ်ကြောင်း သိရသဖြင့် စိတ်နှလုံးပူပန်ခြင်း ဖြစ်၏။

ထို့နောက်တွင် မြတ်စွာဘုရားထံသို့ ရောက်ရှိလာကာ “မြတ်စွာဘုရား၊ ယခုမဖြစ်သေးသော်လည်း နောင်ဖြစ်လတ္တံ့သော ကိစ္စတို့ကြောင့် တပည့်တော်၏ စိတ်သည် အမြဲကြောက်လန့်နေပါ၏၊ တုန်လှုပ်နေပါ၏ ထိတ်လန့်နေပါ၏၊ ဖြစ်ကုန်ပြီးသော ကိစ္စကြောင့်လည်း တပည့်တော်၏ စိတ်သည် အမြဲပင် ကြောက်လန့်နေပါ၏၊ တုန်လှုပ်နေပါ၏၊ ထိတ်လန့်နေပါ၏။ အရှင်ဘုရားအား မထိတ်လန့်သောတရား၊ မကြောက်ကြောင်းဖြစ်သော တရားသည် အကယ်၍ ရှိပါမူကား တပည့်တော်အား ဟောကြားတော်မူပါ” ဟု လျှောက်ထားလေ၏။

ထိုအခါ မြတ်စွာဘုရားသည် “နတ်သား၊ သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တတ်သော အရိယမဂ်ကို ကြဉ်ထား၍ သတ္တဝါတို့၏ ဘေးရန်ကင်းကွာချမ်းသာခြင်းကို ငါဘုရားသည် မြင်တော်မမူ၊ ကိလေသာကို ပူပန်စေတတ်သော သလ္လေခအကျင့်ကို ကြဉ်ထား၍ သတ္တဝါတို့၏ ချမ်းသာခြင်းကို မြင်တော်မမူပေ” စသည်ဖြင့် မြတ်စွာဘုရားသည် ဟောကြားတော်မူရာ သုဗြဟ္မနတ်သားနှင့်တကွ နတ်သမီးငါးရာတို့သည် သောတာပန်အရိယာ ဖြစ်ကြလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ဆရာဦးကြည် (သစ္စာ ဒီပက ကမ္မဋ္ဌာနာ စရိယ) (၂၀၀၆ ခုနှစ်၊ နိုဝင်ဘာလ). မဟာသတိပဋ္ဌာန်အဖွင့်ကျမ်း. အမှတ် − ၁၁၁၊ ၃၃ − လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့: ဦးကျော်ဟင်း (၁၀၉၁၀)၊ ယုံကြည်ချက်စာပေ, ၂၀၊ ၂၁။