သုနန္ဒ (ဓမ္မရံသီ ဆရာတော်)
| ဦးသုနန္ဒ | |
|---|---|
| ဘာသာ | ဗုဒ္ဓဘာသာ |
| ဓမ္မအမည် | ဦးသုနန္ဒ ဓမ္မရံသီဆရာတော် |
| ပုဂ္ဂိုလ်ရေးရာ | |
| မွေးဖွား | ၁၃၂၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်
၁၉၆၅၊ မေ၊ ၂၁ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာ။ |
| မိဘ | ဦးအောင်ကျော် + ဒေါ်မြသောင်း |
| ဂုဏ်ပြုခံရမှုများ | |
ဆရာတော် ဦးသုနန္ဒ (ဓမ္မရံသီ ဆရာတော်)သည် မြန်မာနိုင်ငံတွင် ဝိပဿနာအလုပ်ပေးတရားဟောကြားရာ၌ ထင်ရှားသော ဆရာတော်ကြီး တစ်ပါးဖြစ်သည်။ မိုးကုတ်၊ မန္တလေး၊ မုံရွာ၊ မူဆည် ဓမ္မရံသီမိုးကုတ်ရိပ်သာကျောင်းတိုက်ကြီးများ၏ ဦးစီးပဓာန နာယကချုပ် ဆရာတော် ဖြစ်သည်။ ပြည်တွင်းပြည်ပ နယ်လှည့်ဓမ္မကထိကတစ်ပါးဖြစ်သည့်အပြင် နိုင်ငံတော် အဂ္ဂမဟာကမ္မဋ္ဌာနစရိယ[၁]ဘွဲ့နှင့် မဟာဓမ္မကထိက ဗဟုဇနဟိတဓရ[၂]ဘွဲ့ ရရှိထားသော ဆရာတော်တစ်ပါးလည်းဖြစ်သည်။
ဆရာတော်သည် ရန်ကုန်၊ မန္တလေးစသော မြို့ကြီးများသာမက မြန်မာပြည်အနှံ့အပြားသို့ လှည့်လည်ပြီး ဝိပဿနာအလုပ်ပေးအထူးတရားပွဲများကို ဖွင့်လှစ် ဟောကြားတော်မူလျက်ရှိသည်။
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားဆုံးမတော်မူခဲ့သော အလုပ်ပေးဝိပဿနာအထူးတရားပွဲများကို မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဂုဏ်ကျေးဇူးကို ဦးထိပ်ပန်ဆင်ကာ ထပ်ဆင့်ဟောကြားတော်မူလျက်ရှိရုံသာမက အလျဉ်းသင့်သလို၊ မကြာခဏဆိုသလို အမျိုးဘာသာ သာသနာ စောင့်ရှောက်ထိန်းသိမ်းရေးဆိုင်ရာ ဆိုဆုံးမချက်များနှင့် အမျိုးသားရေးဇာတိမာန်တက်ကြွစေသော တရားတော်များကို ဟောကြားတော်မူလေ့ရှိသည်။ တရားဟောရာတွင် အထောက်အထားခိုင်မာစွာဖြင့် တိတိကျကျ ရှင်းရှင်းလင်းလင်း ဟောကြားတော်မူလေ့ရှိသည်။[၃][၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ https://www.moi.gov.mm/news/36226
- ↑ https://www.moi.gov.mm/news/2299
- ↑ အရှင်သုနန္ဒ ဟောကြားတော်မူခဲ့သော ဆင်သေကျီးမိုက် တရားတော် 23:36-45:00
- ↑ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ (၅) ရပ်ကွက်၊ မြကန်သာအိမ်ရာ၊ မြကန်သာလမ်းမကြီး၊ ISM ကျောင်းအနီး၊ "သီတာရေစင်" ပရဟိတလူငယ် မိသားစုများမှ ဦးစီးကျင်းပသော ဓမ္မရံသီ အထူးတရားပွဲ (၂၆.ဧပြီ.၂၀၁၆)