သုတ္တံကျမ်း (ခရစ်ယာန်)

ဝီကီပီးဒီးယား မှ

သုတ္တံကျမ်းစာအုပ်သည် ယနေ့ခေတ်သစ်ကာလ တိုင်အောင် လက်မလွတ်နိုင်သော၊ မရိုးနိုင်သေးသော ခေတ်မီစာအုပ်ဖြစ်၏။ လူ့ဘဝအသက်တာအသီးသီးတွင် ကြုံတွေ့ရင်ဆိုင်နေရသော ပဟေဠိပြဿနာများကို ပိုင်းခြားပြသည်။

ကျမ်းစာအုပ် တစ်အုပ်လုံးတွင် လူငယ်လူရွယ်များအား အထောက်အကူ အပေးနိုင်ဆုံးစာအုပ်ဟု ပြောလာလျှင် ဤစာအုပ်ကို ပြသရပေမည်။

တခါတွင် လူငယ်တစ်ယောက်က Carlyle အား “သုတ္တံကျမ်းတွင် ဘာမှဟုတ်တိပတ်တိ မပါပါလား“ဟုဆိုရာ၊ “သုတ္တံကျမ်းပိုဒ် အနည်းငယ်လောက် လက်တွေ့ထိတွေ့ကြည့်ပါ။ အခြားစာအုပ်များနှင့်မတူ ခြားနားလှကြောင်း အရသာ တွေ့လိမ့်မည်“ဟု ပြန်ဖြေခဲ့သည်။၁

သုတ္တံကျမ်းသည် တကမ္ဘာလုံးရှိ အကောင်းဆုံး ဆိုရိုးစကားများ စုစည်းရာ ဖြစ်သည်။ အားလုံးမှန်ကန် စင်ကြယ်သည်။ ထို့ကြောင့် ရှေးလူများအတွေ့အကြုံဖြင့် ရင်းနှီးရေးသားထားသော စာစုကို နှောင်းလူများအတွက် ရသပေမွန် ဖြစ်သည်။

သုတ္တံကျမ်း၏ ရည်မှန်းချက်ကို ၁:၁-၇ တွင် ရေးသားထားသည်။ လိုရင်းတိုရှင်းပြောရလျှင် အသိဉာဏ် ပညာပေးဖို့၊ လူငယ်လူရွယ်များ ဘဝတသက်တာတွင် ကောင်းကြီးမင်္ဂလာ ခံစားကြစေဖို့၊ အပြစ်ဒုစရိုက်နှင့် ညွှတ်ကွင်းထောင်ချောက်မှ ကင်းလွတ်နိုင်ကြဖို့ ဖြစ်သည်။ သော့ချက်ကျမ်းပိုဒ်မှာ ၉:၁၀ ဖြစ်ပေသည်။ “ထာဝရဘုရားကို ကြောက်ရွံ့သော သဘောသည် ပညာ၏ မူလအမြစ်ဖြစ်၏။ သန့်ရှင်းတော်မူသော ဘုရားကို သိကျွမ်းသောသဘောသည် ဉာဏ်ဖြစ်၏”ဟု ဆိုထားသည်။

Arnot က ဤကျမ်းသည် “လောကလူသားများ၏ မြေကြီးအသက်တာအဖို့ ကောင်းကင်၏ ပညတ်ဥပဒေ”ဟု ဆိုသည်။ ကျစ်လျစ်ပြည့်စုံ၍ သင့်လျော်သောစကား ဖြစ်သည်။

ကျမ်းပိုဒ်တခုတိုင်းတွင် ဉာဏ်ပညာအင်အားစု ပါရှိသည်။ မှတ်မိလွယ်စေရန် ရှင်းလင်းသော ဝေါဟာရများဖြင့် ရေးသားထားသည်။ ကျမ်းပိုဒ်အများစုတွင် အပိုဒ်ငယ်(၂)ခုစီ တွဲလျက် ပါဝင်သည်။ အချို့ကျမ်းပိုဒ်ကို ဆင်တူယိုးမှား ရေးထား၍ အချို့ကျမ်းပိုဒ်များကိုမူ ဆန့်ကျင်ဘက်အဓိပ္ပာယ်များ ရေးထားသည်။

ပုံစံ၊ သဘောသဘာဝ၊ ဘာသာရပ်ပေါင်းစုံ ရေးထားသည်။ နမူနာ ရွေးထုတ်ထားသည်။

၁။ အချို့ကျမ်းပိုဒ်များတွင် အဆိုစကားတရပ်သာ ရိုးရိုးစင်းစင်း ရေးထားသည်။

“လူကျင့်သောအကျင့်တို့ကို ထာဝရဘုရားသည် နှစ်သက်သောအခါ၊ ထိုသူ၏ရန်သူကိုပင် ထိုသူနှင့် သင့်တင့်စေတော်မူ၏”(၁၆:၇)

၂။ အချို့ကျမ်းပိုဒ်များတွင် စာပိုဒ်(၂)ခု သို့မဟုတ် အစု(၂)စု ပါဝင်လျက် တစ်ခုနှင့်တစ်ခု နှိုင်းယှဉ် ဖော်ပြထားသည်။

“ဝေးသောပြည်မှလာသော ဝမ်းမြောက်စရာ သတင်းစကားသည် ရေငတ်သောသူ၌ ချမ်းအေးသော ရေကဲ့သို့ ဖြစ်၏”(၂၅:၂၅)

၃။ စာစု(၂)ခုစလုံး ပါရှိသော်လည်း တစ်ခုနှင့်တစ်ခု ရှေ့နောက် အဓိပ္ပာယ်ဆန့်ကျင်သည့် ဖော်ပြချက်များလည်း ရှိသည်။

“တရားသောသူကို အောက်မေ့သောအခါ ကောင်းကြီးပေးတတ်၏။ မတရားသောသူ နာမမူကား ပုပ်ပျက်တတ်၏”(၁၀:၇)

ဤပုံစံမျိုးကို အခန်း ၁၀-၁၅ တွင် အများဆုံး တွေ့ရသည်။

၄။ ထိုကဲ့သို့ပင် စာစု(၂)ခု သို့မဟုတ် စာပိုဒ်(၂)ခု ပါရှိ၍ တသဘောတည်းရှိဟန် တူသော်လည်း ခပ်ပါးပါး အဓိပ္ပာယ် စောင်းနေကြမည်။

“ပြည့်တန်ဆာမသည် နက်သောကျုံးကဲ့သို့၎င်း၊ အမျိုးပျက်သော မိန်းမများသည် ကျဉ်းသောမြေတွင်းကဲ့သို့၎င်း ဖြစ်၏”(၂၃:၂၇)

၂။ ကျမ်းရေးသူ

ဤကျမ်းကို တခါတရံ “ရှောလမုန်၏ သုတ္တံကျမ်း”ဟု ခေါ်လေ့ရှိကြသည်။ ဤအလိမ္မာ ဆိုရိုးစကား အများစုသည် ပညာရှိသုခမိန်ရှင်ဘုရင် လက်ရာအမှန်ဖြစ်သည်။(၁:၁၊ ၁၀:၁၊ ၂၅:၁)။ ၃ရာ ၄:၃၂ တွင် ရှောလမုန်ဘုရင်က သုတ္တံစကား (၃၀၀၀) စီရင်သည်ဟု ဆိုထားသည်။ ရာဂဏန်းချီသော ဤသုတ္တံစကားများသည် ဘုရားသခင်၏ ဝိညာဉ်တော်က တန်ခိုးမှုတ်သွင်း၍ ကျမ်းစာတွင် ပါဝင်ခြင်း ဖြစ်သည်။

အခန်းကြီး ၃၀:၁ တွင်”ယာကေသား အာဂုရသည် ဣသေလနှင့်ဥကလကို ဆုံးမသော တရားစကား”ဟု ဆိုထားရာ အခန်းကြီး (၃၀)သည် အာဂုရ၏ သုတ္တံစကား ဖြစ်သည်။ အခန်းကြီး (၃၁) မူကား လေမွေလ မင်းကြီး၏ မယ်တော်ပြောသော ဆုံးမစကား ဖြစ်သည် (၃၁:၁)။ ဤလူနှစ်ယောက်သည် မည်သူမည်ဝါများ ဖြစ်ကြောင်း ယနေ့ထက်တိုင် ဂဃနဏ မသိရှိကြ။ အချို့က ရှောလမုန်၏  နာမည်ခွဲ ဖြစ်သည်ဟု ယူဆကြသည်။

၃။ အချိန်ကာလ

၂၅:၁ ၌ ဟေဇကိမင်း၏လူများက ရှောလမုန်၏ သုတ္တံကျမ်း တစိတ်တပိုင်းကို ကူးယူထားသည်ဟု ဆိုထားရာ နောက်အကျဆုံး ဘီစီ ၇၀၀ ခန့် ဖြစ်မည်ဟု ယူဆရသည်။ ရှောလမုန်၏ မူရင်းကျမ်းကို ဘီစီ ၉၀၀ ခန့်တွင် ဖြန့်ဝေမည်။ အကယ်၍ အာဂုရနှင့် လေမွေလမင်းကြီး၏ မယ်တော်သည် ရှောလမုန်မင်း၏ ကလောင်နာမည် မဟုတ်ရိုးမှန်လျှင် ဘီစီ ၇၀၀ နှင့် ၉၀၀ အကြား ရေးသားခြင်း ဖြစ်ပေမည်။

၄။ နောက်ခံသမိုင်းနှင့်ရည်ရွယ်ချက်

ရှောလမုန်မင်းနှင့် အခြားစာရေးဆရာများက စာပေရသ အစုံအလင်ဖြင့် ရေးထားကြသည်။ ဘာသာရပ် အစုံအလင် ပါရှိကြသည်။ လက်ဝါးချင်းရိုက်နေသော ကလေးသူငယ်မှ အစပြု၍ ကောင်းကင်နိုင်ငံတော် အုပ်စိုးခြင်းအကြောင်းထိ ပါဝင်သည်။ အချို့စကားများသည် သမ္မာတရားဟု မထင်မှတ်သည်များလည်း ပါရှိသည်။ အရက်သေစာ၊ ပြဿနာ၊ ငွေအရစ်ကျပေးချေခြင်း၊ လူငယ်လူရွယ်များ၏ ဝတ္တရားပျက်ကွက်မှုနှင့် အလုပ်သမား စီမံကွပ်ကဲမှုများလည်း ပါဝင်သည်။ လူတန်းစား အလွှာပေါင်းစုံ တွေ့ရှိရမည်။ ငါးစိမ်းသည် စွာကျယ်မ၊ ကြွားဝါတတ်သောအရူး၊ မိမိအပြစ်ထောက်ပြခြင်းကို မကြိုက်သူမှ စ၍ စံပြအိမ်ထောင်ရှင်မအကြောင်းလည်း ပါဝင်သည်။ အကောင်းဆုံးစကားမှာ သခင်ယေရှုကဲ့သို့ လိမ္မာပါးနပ်အောင် အတုယူ အတတ်သင်ဖို့ ဖြစ်သည်။ “စံပြစကားများမှာ ကျမ်းစာထဲမှ ယေရှု၏စကား ဖြစ်ကြောင်း လိုက်လံပြောကြား အော်ဟစ်ကြပါစို့” (Quoted in Daily Notes)။

သုတ္တံကျမ်းပါ အကြောင်းအရာများကို အချက်အလက်ပေးဖို့ အခက်အခဲရှိသည်။ ဝတ္ထုဇာတ်လမ်းပမာ အဆက်အစပ်၊ အချိတ်အဆက် မရှိသဖြင့် တခုတိုင်း၊ အပိုဒ်တိုင်း ဖတ်ရှုဆင်ခြင်သင့်သည်။ ရောင်စုံကျမ်းချက် ဖြစ်သည်။

ဖတ်ရှုလေ့လာလျှင် ရှင်ယာကုပ်ဩဝါဒစာစောင်နှင့် ဆင်တူကြောင်း တွေ့ရမည်။ ရှင်ယာကုပ်ဩဝါဒစာ လေ့လာသကဲ့သို့ လေ့လာဖတ်ရှုဖ၏ပါ။

လေ့လာမှုအထောက်အကူဖြစ်နိုင်ရန် အဖိုးတန်နည်းလမ်းများကို အောက်ပါအတိုင်း အကြံပေးလိုသည်။

၁။ သမ္မာကျမ်းစာ

၂။ သမိုင်း

၃။ အတ္ထုပ္ပတ္တိ

၄။ စာပေ

၅။ သဘာဝတရား

၆။ စာနယ်ဇင်းများ

၇။ ရေဒီယိုနှင့်ရုပ်မြင်သံကြား

၈။ မိမိအတွေ့အကြုံ

အချို့သုတ္တံကျမ်းများသည် အကြွင်းမဲ့မှန်ကန်၍ အချို့ကျမ်းများသည် ယေဘူယျသင်္ကေတဖြင့် မှန်ကန်ကြောင်း တွေ့ရမည်။ ဟိုစပ်စပ်၊ ဒီစပ်စပ်၊ ဟိုအကြောင်းရောက်လိုက် ဤအကြောင်းရောက်လိုက်သာ ရှိသည်။ ဥပမာအားဖြင့် ၁၈:၁၀ တွင် “ထာဝရ ဘုရား၏ နာမတော်သည် ခိုင်ခံ့သော ရဲတိုက်ကဲ့သို့ ဖြစ်၍”ဟု ဆိုထားပြီး ၁၇:၁၇ တွင် “အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏”ဟုဆိုထားသည်ကိုကြည့်ပါ။

ဘီဘီစီအနက်ဖွင့် ကျမ်းစာလေ့လာရေးမူဝါဒ ဘဘောထားမှာ ကျမ်းစာကို တပိုဒ်ပြီးတပိုဒ် လေ့လာဖတ်ရှုခြင်းဖြစ်သည်။ အချို့ကျမ်းပိုဒ်ကို ဦးစွာမေးခွန်းမထုတ်လျှင် အနက်ဖွင့်ဆိုချက် အများအပြားသည် အဓိပ္ပာယ်နားမလည်နိုင်ဘဲ့ ရှိနိုင်သည်။

အချို့ကျမ်းချက်ပါ သုတ္တံစကားများအား သာသာရပ်အလိုက် ခွဲခြားခြင်း

ဘုရားသခင်

ကောင်းကြီးမင်္ဂလာ  –  (၁၀:၂၂)

ယုံကြည်စိတ်ချခြင်း – (၃:၂၅-၂၆)

ဖန်ဆင်းခြင်း          – (၃:၁၉- ၂၀၊ ၁၆:၄၊ ၂၀:၁၂၊ ၂၂:၂(ခ)၊ ၂၉:၁၃(ခ))

စည်းကမ်း              -(၃:၁၁ -၁၂)

ဘုရားသခင်ကိုကြောက်ရွံ့ခြင်း – (၁:၇-၂၉၊ ၂:၅၊ ၈:၁၃၊ ၉:၁၀၊ ၁၀:၂၇၊ ၁၄:၂၆-၂၇၊ ၁၅:၁၆-၃၃၊ ၁၆:၆၊                                                                                                               ၁၉:၂၃၊    ၂၂:၄၊ ၂၃:၁၇၊ ၂၄:၂၁၊ ၂၈:၁၄)

လမ်းပြခြင်း           – (၃:၅- ၆၊ ၁၆:၃- ၉)

တရားစီရင်ခြင်းနှင့်တရားမျှတခြင်း  – (၁၅:၂၅(က)၊ ၁၇:၃၊ ၂၁:၂၊ ၂၉:၂၆)

နေရာတိုင်းမှာရှိခြင်း -(၁၅:၃)

သဗ္ဗညုတဉာဏ်တော် -(၁၅:၁၁၊ ၁၆:၂)

ဆုတောင်းခြင်းအဖြေစကား -(၁၅:၈-၂၉)

ကွယ်ကာစောင့်ရှောက်ခြင်း- (၁၅:၂၅(ခ)၊ ၁၈:၁၀)

လူချမ်းသာနှင့်သူဆင်းရဲ – (၁၀:၁၅၊ ၁၃:၇၈၊ ၁၄:၂၀၊၂၁:၃၅၊ ၁၅:၁၆၊ ၁၇:၁-၅၊ ၁၈:၂၃၊ ၁၉:၁၊ ၄၊၁၇၊ ၂၁:၁၃၊ ၂၂:၂၊ ၇၊၁၆၊၂၂၊၂၃၊၂၈၊၃၊၆၊၁၁၊၂၇၊၂၉:၇၊၁၃)

ဉာဏ်ပညာ၏အရင်းအမြစ် – (၂:၆-၈)

အချုပ်အချာအာဏာနှင့်ဘုန်းတန်ခိုး – (၁၆:၁၊ ၇၊ ၉၊ ၃၃၊ ၁၉:၂၁၊ ၂၀:၂၄၊ ၂၁:၃၀၊ ၃၁၊ ၂၂:၁၂)

ယုံကြည်ခြင်းရှိဖို့ –  (၂၉: ၂၅(ခ))

မိဘအုပ်ထိန်းသူ

ကလေးသူငယ်များသွန်သင်ခြင်- (၁၃:၂၄၊ ၁၉:၁၈၊ ၂၂:၆၊ ၂၂:၁၆၊ ၂၃:၁၃၊ ၁၄၊ ၂၉:၁၅၊ ၁၇)

မိဘစကားနာခံခြင်း – (၁:၈၊ ၉၊ ၆:၂၀- ၂၂၊ ၁၃:၁၊ ၁၉-၂၆၊ ၂၀:၂၀၊ ၂၃:၂၂၊ ၃၀:၁၇)

မိဘများသို့အကြုံပြုခြင်း – (၁:၈-၁၉၊ ၂:၁-၂၂၊ ၃:၁-၃၅၊ ၄:၁-၂၇၊ ၅:၁-၂၃၊ ၆:၁-၃၅၊ ၇:၁-၂၇၊ ၂၃:၁၉-၃၅၊ ၂၄:၄-၂၂၊ ၃၁:၁-၉)

နှုတ်အမှုအရာ

သင့်တင့်လျှောက်ပတ်သောစကား -(၁၅:၂၃၊ ၂၅:၁၁)

နောက်ကျောဓားထိုးခြင်း – (၂၅:၂၃)

သေးသိမ်သောစကား – (၁၁:၁၂(က))

ထိပါးသောစကား – (၂၇:၁၄)

မကောင်းသောစကား –  (၁၂:၁၃က၊ ၁၅:၂၈ (ခ))

မြှောက်ပင့်သောစကား- (၂၀:၁၉၊ ၂၆:၂၈(ခ)၊ ၂၈:၂၃၊ ၂၉:၅)

မိုက်သောစကား – (၁၂:၂၃(ခ)၊ ၁၄:၃(က)၊ ၇၊ ၁၅:၂(ခ)၊ ၁၈:၆-၇)

ယဉ်ကျေးသောစကား – (၁၅:၁(က)၊ ၄(က))

ကောင်းသောစကား  – (၁၀:၂၀(က)၊ ၂၁၊ ၁၆:၂၁၊ ၂၃၊ ၂၄၊ ၂၃:၁၆)

အန္တရာယ်ရှိသောစကား – (၁၁:၉၊ ၁၁၊ ၁၂:၁၈(က)၊ ၁၅:၄(ခ)၊ ၁၆:၂၇၊ ၁၈:၂၁၊ ၂၆:၁၈-၁၉)

ကြမ်းတမ်းသောစကား –  (၁၅:၁(ခ))

မဆင်မခြင်သောစကား – (၁၈:၁၃၊ ၂၉:၂၀)

စိတ်ချမ်းသာစေသောစကား- (၁၂:၁၈(ခ)၊ ၁၅:၄(က)၊ ၁၆:၂၄၊ ၁၈:၂၁)

မှန်ကန်သောစကား – (၁၂:၁၉(က)၊ ၁၃:၅)

မပြောအပ်သောစကား-  (၁၇:၇)

လှည့်ဖြားခြင်း၊ မုသာစကား – (၆:၁၇၊ ၁၀:၁၈(က)၊ ၁၂:၁၉၊ ၂၂(က)၊ ၁၄:၂၅(ခ)၊၁၇:၄၊ ၂၆:၁၈၊ ၁၉၊ ၂၃-၂၆၊ ၂၈(က))

ဖောက်ပြန်သောစကား – (၄:၂၄၊ ၁၀:၃၁ခ၊ ၃၂ခ၊ ၁၅:၄ခ၊ ၁၇:၂၀ခ)

စည်းစောင့်သောစကား – (၁၀:၁၉ခ၊ ၁၁:၁၂ခ၊ ၁၃ခ၊ ၁၂:၂၃က၊ ၁၃:၃ခ၊ ၁၇:၂၇က၊ ၂၈၊ ၂၁:၂၃)

ကျေနပ်ဖွယ်စကား – (၁၂:၁၄၊ ၁၈:၂၀)

ဂုဏ်သိက္ခာထိခိုက်သောစကား – (၁၀:၁၈ခ၊ ၃၀:၁၀)

အတင်းအဖျင်း၊ လေပေါခြင်း – (၁၁:၁၃က၊ ၁၆:၂၈၊ ၁၇:၉ခ၊ ၁၈:၈၊ ၂၀:၁၉၊ ၂၂:၁၁က၊ ၂၆:၁၀၊ ၂၂ -၂၆၊၂၈)

အတွေးစကား- (၁၅:၂၈က)

မှန်သော/မှားသော သက်သေစကား – (၆:၁၉၊ ၁၂:၁၇၊ ၁၄:၅၊ ၂၅၊ ၁၉:၅၊ ၉၊ ၂၈၊ ၂၁:၂၈၊ ၂၅:၁၈)

ပညာရှိစကား – (၁၀:၃၁က၊ ၁၄:၃ခ၊ ၁၅:၂က၊ ၁၈:၄)

အကျိုးယုတ်စကား –  (၁၄:၂၃ခ)

အထွေထွေ

ညစ်နွမ်းခြင်း- ဘုရားသခင်အမှု၌  (၃:၃၂၊ ၆:၁၆၊ ၈:၇၊ ၁၁:၁၊ ၂၀၊ ၁၂:၂၂၊ ၁၅:၈၊ ၉၊ ၂၆၊ ၁၆:၅၊ ၁၇:၁၅၊ ၂၀:၁၀၊  ၂၃၊ ၂၁:၂၇၊ ၂၈:၉)

– အခြားသူများသို့ (၁၃:၁၉၊ ၁၆:၁၂၊ ၂၄:၉၊ ၂၆:၂၅၊ ၂၉:၂၇)

ရှေးမြေမှတ်တိုင် – (၂၂:၂၈၊ ၂၃:၁၀၊ ၁၁)

ချေးငှားခြင်း၊ချေးယူခြင်း – (၂၂:၇ခ)

လုံ့လရှိသူနှင့်လူပျင်း – (၁၀:၄၊ ၅၊ ၁၂:၂၄၊ ၂၇၊ ၁၃:၄)

ရန်သူ – (၁၆:၇၊ ၂၄:၁၇၊ ၁၈၊ ၂၅:၂၁၊ ၂၇:၆)

မနာလိုခြင်း – (၃:၃၁၊ ၁၄:၃၀၊ ၂၃:၁၇၊ ၂၄:၁၊ ၁၉၊ ၂၇:၄)

မမှန်သောအလေးတင်းတောင်း –  (၁၁:၁၊ ၁၆:၁၁၊ ၂၀:၁၀၊ ၂၃)

မိတ်ဆွေ၊အိမ်နီးနားချင်းနှင့်ခင်မင်မှု-  (၃:၂၇-၂၉၊ ၆:၁- ၅၊ ၁၁:၁၂၊ ၁၂:၂၆၊ ၁၄:၂၁၊ ၁၆:၂၈၊ ၁၇:၉၊ ၁၇၊ ၁၈:၁၇၊ ၂၄၊ ၂၁:၁၀၊ ၂၂:၂၄၊ ၂၅၊ ၂၄:၁၇၊ ၁၉၊ ၂၅:၈၊ ၉၊ ၁၇၊ ၂၀- ၂၂၊ ၂၆:၁၈၊ ၁၉၊ ၂၇:၆၊ ၉၊ ၁၀၊ ၁၄၊ ၁၇၊ ၂၈:၂၃၊ ၂၉:၅)

ပျားရည် – (၁၆:၂၄၊ ၂၄:၁၃၊ ၂၅:၁၆၊ ၂၇၊ ၂၇:၇ )

ကြိုးစားလုပ်ဆောင်ခြင်း – (၁၂:၉၊ ၁၁၊ ၁၄:၄၊ ၂၃က)

ရုပ်၊ စိတ်၊ ဝိညာဉ်ဖြင့် အချင်းချင်းဆက်နွယ်ခြင်း – (၃:၁၊ ၂၊ ၇၊ ၈၊ ၁၆၊ ၂၂၊ ၉:၁၁၊ ၁၃:၁၂၊ ၁၄:၃၀၊ ၁၅:၁၃၊ ၃၀၊ ၁၆:၂၄၊ ၁၇:၂၂၊ ၁၈:၁၄၊ ၂၇:၁၉)

တရားမျှတမှုနှင့်မတရားမှု – (၁၃:၂၃၊ ၁၇:၁၅၊ ၂၆၊ ၁၈:၅၊ ၂၁:၁၅၊ ၂၂:၈၊ ၁၆၊ ၂၄:၂၃၊ ၂၄)

ဘုရင်(သို့)အုပ်စိုးခြင်း – (၁၄:၂၈၊ ၃၅၊ ၁၆:၁၀၊ ၁၂-၁၅၊ ၁၉:၁၂၊ ၂၀:၂၊ ၈၊ ၂၆၊ ၂၈၊ ၁၃:၂၊ ၅၊ ၆၊ ၉၊ ၂၁၊ ၂၅၊ ၁၄:၂၊ ၉၊ ၁၁၊ ၁၄၊ ၂၂၊ ၃၂၊ ၁၅:၈၊ ၉၊ ၂၆၊ ၂၄:၁၅၊ ၁၆၊ ၂၈:၁၊ ၁၂)

မထီမဲ့မြင်ပြုခြင်း – (၃:၃၄က၊ ၉:၇၊ ၈၊ ၁၂၊ ၁၃:၁၊ ၁၄:၆၊ ၁၅:၁၂၊ ၁၉:၂၅၊ ၂၁:၁၁၊ ၂၄၊ ၂၂:၁၀၊ ၂၄:၉၊ ၂၉:၈က)

အစေခံကျွန်များ – (၁၄:၃၅၊ ၁၇:၂၊ ၁၉:၁၀၊ ၂၉:၁၉၊ ၂၁)

ဘော်ကြော့လူပျင်းများ – (၆:၆-၁၁၊ ၁၀:၂၆၊ ၁၅:၁၉၊ ၁၈:၉၊ ၁၉:၁၅၊ ၂၄၊ ၂၀:၄၊ ၁၃၊ ၂၁:၂၅၊ ၂၂:၁၃၊ ၁၄:၃၀- ၃၄၊ ၂၆:၁၃-၁၆)

ဝိညာဉ်အောင်မြင်ခြင်း – (၁၁:၃၀၊ ၂၄:၁၁၊ ၁၂)

ပဋိပက္ခခွန်းကြီးငယ်ပြောဆိုခြင်း- (၁၀:၁၂၊ ၁၂:၁၈၊ ၁၃:၁၀၊ ၁၅:၁- ၁၄၊ ၁၈၊ ၁၆:၂၇၊ ၂၈၊ ၁၈:၆- ၈၊ ၂၁:၉၊ ၁၉၊ ၂၈:၂၅)

စိတ်ချသေချာမှု  – (၆:၁- ၅၊ ၁၁:၁၅၊ ၁၇:၁၈၊ ၂၀:၁၆၊ ၂၂:၉၊ ၁၉၊ ၂၈:၂၅)

နာခံသင်ယူမှု – (၁:၅၊ ၉:၇- ၉၊ ၁၀:၁၇၊ ၁၂:၁၁၊ ၁၅၊ ၁၃:၁၊ ၁၀၊ ၁၈၊ ၁၅:၅၊ ၁၀၊ ၁၂၊ ၃၁၊ ၃၂၊ ၁၇:၁၀၊ ၁၉:၂၀၊ ၂၅၊ ၂၁:၁၁၊ ၂၅:၁၂၊ ၁၇:၅၊ ၆၊ ၂၈:၂၃၊ ၂၉:၁)

ဒေါသနှင့်ခန္တီ – (၁၄:၁၇၊ ၂၉၊ ၁၅:၁၈၊ ၁၆:၃၂၊ ၁၉:၁၁)

အမျက်ဒေါသထိန်းချုပ်ခြင်း- (၂၃:၁- ၃၊ ၂၅:၂၈)

အရက်သေစာ – (၂၀:၁၊ ၂၁:၁၇၊ ၂၃:၂၀၊ ၂၁၊ ၂၉-၂၅၊ ၃၁:၄-၇)

ဉာဏ်ပညာလင်းခြင်း(သို့) သူတစ်ပါးအကြံဉာဏ်ရယူခြင်း – (၁၁:၁၄၊ ၁၂:၁၅၊ ၁၅:၂၂၊ ၂၀:၁၈၊ ၂၄:၆)

ဉာဏ်ပညာရှိခြင်း – (၁:၂၀- ၃၃၊ ၈:၁- ၃၆၊ ၉:၁- ၆၊ ၁၄:၁က၊ ၁၆:၁၆၊ ၂၂၊ ၁၉:၂၃)

ပညာရှိနှင့်လူမိုက်ခြားနားချက် – (၃:၃၅၊ ၁၀:၈၊ ၁၃၊ ၁၄၊ ၂၃၊ ၁၂:၁၅၊  ၁၆၊ ၂၃၊ ၁၃:၁၆၊ ၁၄:၃၊ ၈၊ ၁၅၊ ၁၆၊ ၁၉၊ ၂၄၊ ၃၃၊ ၁၅:၇၊ ၁၄၊ ၂၀၊ ၂၁၊ ၁၇:၁၁၊ ၁၁၊ ၁၂၊ ၁၆၊ ၂၁၊ ၂၄၊ ၂၅၊ ၂၈၊ ၁၈:၂၊ ၆:၈၊ ၂၉:၈၊ ၉၊ ၁၁)

နှုတ်ကပတ်တော် နာခံခြင်း – (၁၃:၁၃၊ ၁၄၊ ၁၆:၂၀၊ ၁၉:၁၆၊ ၂၈:၄၊ ၄၊ ၉၊ ၂၉:၁၈၊ ၃၀:၅-၆)

ချမ်းသာခြင်း

ဘေးအန္တရာယ်စိုးရိမ်ခြင်း – (၁၅:၆၊ ၁၆၊ ၁၇၊ ၁၆:၈၊ ၁၇:၁)

မိတ်ဆွေပေါခြင်း – (၁၉:၄၊ ၆)

ရလဒ်ကောင်းခြင်း – (၁၁:၁၆)

မရိုးမဖြောင့်ရယူခြင်း – (၁၀:၂၊ ၁၃:၂၂ခ၊ ၁၅:၆ခ၊ ၂၀:၁၇၊ ၂၁:၆၊ ၂၂:၁၆၊ ၂၈:၈)

အလျင်စလိုရယူခြင်း – (၁၃:၁၁၊ ၂၀:၂၁၊ ၂၈:၂၀ခ၊ ၂၂)

ထိုက်တန်စွာရယူခြင်း – (၁၀:၁၆)

တံစိုးလက်ဆောင် – (၁၅:၂၇၊ ၁၇:၈၊ ၂၃၊ ၁၈:၁၆၊ ၁၉:၆၊ ၂၁:၁၄၊ ၂၉:၄)

အမွေ – (၁၉:၁၄)

တန်ရာတန်ကြေး – (၁၁:၄)

ဉာဏ်ပညာထက်တန်ဖိုးနည်းသောအရာ – (၁၆:၁၆)

ဟန်ဆောင်ခြင်း – (၁၃:၇)

ကွယ်ကာခြင်း – (၁၀:၁၅က၊ ၁၃:၈၊ ၁၈:၁၁)

အစေခံခြင်းနှင့်ဆက်ကပ်ခြင်း – (၃:၉၊ ၁၀:၂၇၊ ၂၈၊ ၁၁:၂၄ ၂၆၊ ၁၉:၆၊ ၂၁:၂၆ခ၊ ၂၂:၉၊ ၂၈:၂၇)

တခဏတာခံခြင်း – (၂၃:၄၊ ၅၊ ၂၇:၂၄)

အဓမ္မမိန်းမ

အဓမ္မမိန်းမ (သို့) ပြည့်တန်ဆာမ- (၂:၁၆- ၁၉၊ ၅:၃-၂၃၊ ၆:၂၄-၃၅၊ ၇:၅-၂၇၊ ၉:၁၃-၁၈၊ ၂၂:၁၄၊ ၂၃:၂၇ ၂၈၊ ၃၀:၂၀)

အခြားမိန်းမများ

အဆင်းလှ၍အချင်းမရှိသောမိန်းမ – (၁၁:၂၂)

ရန်တွေ့တတ်သောမိန်းမ – (၁၉:၁၃၊ ၂၁:၉၊ ၁၉၊ ၂၅:၂၄၊ ၂၇:၁၅၊ ၁၆)

မယားကောင်း – (၁၂:၄၊ ၁၈:၂၂၊ ၃၁:၁၀၊ ၁၀:၃၁)

နှစ်သက်ဖွယ်သောမိန်းမ – (၁၁:၁၆)

မိန်းမမြတ် – (၁၉:၁၄)

မချစ်အပ်သောမိန်းမ – (၃၀:၂၃)

ငယ်ပေါင်းကြီးဖော်မိန်းမ – (၅:၁၈၊ ၁၉)

ပါဝင်သည့်အချက်များ

၁။ နိဒါန်း(၁:၁–၇)

၂။ ဉာဏ်ပညာနှင့်မိုက်မဲခြင်းဆိုင်ရာ သုတ္တံစကား (၁:၈–၉:၁၈)

(က) ဉာဏ်ပညာဆိုင်ရာဆုံးမစကား (၁:၈- ၃၃)

(ခ) ဉာဏ်ပညာအမျိုးမျိုး (အခန်း ၂)

(ဂ) ဉာဏ်ပညာဆုလက်ဆောင် (၃:၁- ၁၀)

(ဃ) ဉာဏ်ပညာ၏တန်ဖိုး (၃:၁၁-၂၀)

(င) ဉာဏ်ပညာအသုံးပြုခြင်း (၃:၂၁- ၃၅)

(စ) ဉာဏ်ပညာ၏မိသားစုအမွေအနှစ် (၄:၁-၉)

(ဆ) ဉာဏ်ပညာနှင့်လမ်းနှစ်သွယ် (၄:၁၀-၂၇)

(ဇ) အကျင့်ပျက်မိုက်မဲခြင်း (အခန်း ၅)

(ဈ) မိုက်မဲစွာအာမခံခြင်း၊ ပျင်းရိခြင်း၊ လှည့်စားခြင်း (၆:၁- ၁၉)

(ည) သူများအိမ်ရာပြစ်မှားခြင်း၊ ပြည့်တန်ဆာအမှု (၆:၂၀၊ ၇:၂၇)

(ဋ) ဉာဏ်ပညာ၏အထွဋ်အထိပ် (အခန်း၈)

(ဌ)ဉာဏ်ပညာနှင့်မိုက်မဲမှုတို့၏ဖိတ်ခေါ်သံ (၉:၁- ၁၈)

၃။ အကျင့်စာရိတ္တဆိုင်ရာ သုတ္တံစကား (၁၀:၁–၂၂:၁၆)

(က) ဖြောင့်မတ်ခြင်းနှင့်အဓမ္မမှုတို့ဆန့်ကျင်ပုံ (၁၀:၁၁၅:၃၃)

(ခ)​ ဖြောင့်မတ်သောဘဝကောင်းစားခြင်း (၁၆:၁-၂၂:၁၆)

၄။ ပညာရှိနှင့်ပတ်သက်သောသုတ္တံစကား (၂၂:၁၇ –၂၄:၃၄)

(က) ပညာရှိစကား (၂၂:၁၇ -၂၄:၂၂)

(ခ) အခြားအဆိုအမိန့်စကားများ (၂၄:၂၃- ၃၄)

၅။ ဟေဇကိ၏လူများစီရင်သောသုတ္တံစကား (၂၅:၁–၂၉:၂၇)

၆။ အာဂုရ၏ သုတ္တံစကား (အခန်း ၃၀)

၇။ လေမွေလမင်းကြီး၏ မယ်တော်ပြောသော သုတ္တံစကား (၃၁:၁–၉)

၈။ စံပြမယား၊ စံပြမိခင် (၃၁:၁၀– ၃၁)

TAGS: သုတ္တံကျမ်း