မာတိကာသို့ ခုန်သွားရန်

သီဟာသနဒါယကထေရ်

ဝီကီပီးဒီးယား မှ

သီဟာသနဒါယကထေရ် သည် မြတ်စွာဘုရား၏ သာသာနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်၏။[]

ဘဝဇာတ်ကြောင်း

[ပြင်ဆင်ရန်]

ဤဘဒ္ဒကမ္ဘာမှ ၉၄ ကမ္ဘာအထက်တွင် ပွင့်တော်မူသည့် သိဒ္ဓတ္ထမြတ်စွာဘုရား လက်ထက်တွင် ဖြစ်၏။ (ဂေါတမမြတ်စွာဘုရား မဟုတ်ပါ။) သီဟာသနဒါယကထေရ်သည် နေရာပလ္လင်၊ ခြေနင်း အင်ပျဉ်၊ ကျောင်းတို့ကို ဆောက်လုပ်လှူဒါန်းခဲ့၏။ ထိုကဲ့သို့ ပြုခဲ့သည့် ကောင်းမှုကုသိုလ်တို့ကြောင့် သေလွန်သောအခါ တုသိတာနတ်ပြည်သို့ ရောက်၏။

တုသိတာနတ်ပြည်သို့ရောက်သော် များစွာသော စည်းစိမ်တို့ကို ခံစားရ၏။ အထက်ပါ ကောင်းမှုကုသိုလ်တို့ကို ပြုခဲ့သည့်အချိန်မှစကာ သီဟာသနဒါယကထေရ်သည် မကောင်းသူတို့ လားရာဖြစ်သည့် ဒုဂ္ဂတိဘုံသို့ မရောက်ခဲ့ရပေ။

ထို့ပြင် ဤဘဒ္ဒကမ္ဘာမှ ရေတွက်ပါက ၇၃ ကမ္ဘာထက်တွင် “ဣန္ဒ” အမည်ရှိသည့် စကြာမင်း သုံးကြိမ်ဖြစ်ခဲ့၏။ ၇၂ ကမ္ဘာထက်တွင် “သုမန” အမည်ရှိသည့် စကြဝတေးမင်း သုံးကြိမ်ဖြစ်၏။

နောက်ဆုံးတွင် သီဟာသနဒါယကထေရ်သည် မြတ်စွာဘုရား၏ သာသနာတော်တွင် အာသဝေါကုန်ခမ်း ရဟန္တာဖြစ်တော်မူ၏။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 ထေရာပဒါန်ပါဠိတော်၊ ဗုဒ္ဓဝဂ်