သီရိလင်္ကာသမ္မတရွေးကောက်ပွဲ (၂၀၁၀)

ဝီကီပီးဒီးယား မှ
ဆဋ္ဌမအကြိမ် သီရိလင်္ကာသမ္မတ ရွေးကောက်ပွဲ

← ၂၀၀၅ ၂၆ ဇန်နဝါရီ ၂၀၁၀ (၂၀၁၀-၀၁-၂၆) ၂၀၁၅ →
မဲပေးသူဦးရေ၇၄.၅၀%
 
အဆိုပြုခံရသူ မာဟင်ဒါ ရာဇာပက်ဆာ ဆာရတ်ဖွန်ဆီကာ
ပါတီ United People's Freedom Alliance New Democratic Front (Sri Lanka)
Popular မဲ 6,015,934 4,173,185
ရာခိုင်နှုန်း ၅၇.၈၈% ၄၀.၁၅%

အနိုင်ရ မဲဆန္ဒနယ်များ

      – မာဟင်ဒါ ရာဇာပက်ဆာ

      – ဆာရတ်ဖွန်ဆီကာ

ရွေးကောက်ပွဲ မတိုင်မီ သမ္မတ

မာဟင်ဒါ ရာဇာပက်ဆာ
United People's Freedom Alliance

ရွေးကောက်ခံ သမ္မတ

မာဟင်ဒါ ရာဇာပက်ဆာ
United People's Freedom Alliance

တောင်အာရှနိုင်ငံဖြစ်သော သီရိလင်္ကာတွင် တမီလ်ကျားသူပုန်များကို နှိမ်နင်းနိုင်ခဲ့သည့် ပြည်တွင်းစစ်အလွန် သမ္မတရွေးကောက်ပွဲကို ၂၀၁၀ခုနှစ်၊ ဇန်နဝါရီလ၊ ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ သီရိလင်္ကာ၏ ဆဌမမြောက် သမ္မတကိုရွေးချယ်ရန် ပြည်သူ ၁၄ သန်းကမဲပေးခဲ့ကြသည်။ လက်ရှိသမ္မတ မာဟင်ဒါ ရာဇာပက်ဆာနှင့် ၎င်း၏လူယုံ ဖြစ်ခဲ့ဖူးသူ စစ်ဦးစီးချုပ်ဟောင်းနှင့် ဗိုလ်ချုပ်ကြီးဟောင်း ဆာရတ်ဖွန်ဆီကာတို့က အဓိကယှဉ်ပြိုင်ခဲ့သည်။

ယင်းရွေးကောက်ပွဲကို ရာဇာပက်ဆာက ၎င်း၏သမ္မတသက်တမ်း မကုန်မီ နှစ်နှစ်စောပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ဖွန်ဆီကာက ရာဇာပက်ဆာကို ဖြုတ်ချရန် ပြိုင်ဘက် ၂၀ ဦးပါဝင်သောအဖွဲ့နှင့် ပူးပေါင်းခဲ့သည်။
၂၀၀၉ ခုနှစ်၊ နိုဝင်ဘာတွင် ဖွန်ဆီကာက သမ္မတရွေးကောက်ပွဲဝင်ပြိုင်မည်ဟု ကြေညာခဲ့ပြီးနောက် အဓိကပြိုင်ဘက်ပါတီများက ၎င်းတို့၏ကိုယ်စားလှယ်လောင်းအဖြစ် အပြည့်အဝ ထောက်ခံခဲ့ကြသည်။ ပြည်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့ လွှတ်တော်ဖြစ်အောင် လုပ်ချင်ပါတယ်။ ဒါတွေကိုလုပ်နိုင်မယ့် အသင့်တော်ဆုံးကတော့ အကြမ်းဖက်မှုကို တိုက်ဖျက်နိုင်ခဲ့တဲ့ သူပေါ့ ဟု ပြိုင်ဘက်ပါတီတစ်ခုဖြစ်သော United National ပါတီခေါင်းဆောင် Ranil Wickrema-singhe က ပြောကြားခဲ့သည်။
သမ္မတရာဇာပက်ဆာ၏ အစ်ကိုများဖြစ်ကြသော ချာမယ်သည် အစိုးရဝန်ကြီးတစ်ဦးဖြစ်ပြီး ဂိုတပ်ဟာယာက ကာကွယ်ရေးဝန်ကြီး တာဝန်ရယူကာ ဘာဆီလ်က လွှတ်တော်အမတ်တစ်ဦးနှင့် သမ္မတအကြီးတန်း အကြံပေးအဖြစ် ထမ်းဆောင်နေသည်။ သမ္မတရာဇာပက်ဆာကရွေးကောက်ပွဲတွင် မဲအများစုဖြင့် အနိုင်ရမည်ဟု ယုံကြည်ကြောင်း သမ္မတရွေးကောက်ပွဲ မတိုင်မီ ပြောကြားခဲ့သည်။ ဖွန်ဆီကာအပေါ် ထောက်ခံသော ညွန့်ပေါင်းပါတီများတွင် အဓိကပြိုင်ဘက် လက်ယာယိမ်းပါတီ နှင့်လက်ဝဲမာ့ခ်ဝါဒီ Tamil Naitonal Alliance TNA ပါဝင်ပြီး TNA ပါတီသည် ယခင်ကတမီလ်သူပုန်များအတွက် ကြားခံအဖွဲ့တစ်ခု ဖြစ်ခဲ့သည်။ TNA ပါတီက ဖွန်ဆီကာကို ထောက်ခံမည်ဟု ဆုံးဖြတ်လိုက်သောကြောင့် သီရိလင်္ကာ ကွဲပြားစေသော လျှို့ဝှက် လုပ်ဆောင်မှုဟု သမ္မတအစိုးရအဖွဲ့ ဝေဖန်ခဲ့သည်။ ဇန်နဝါရီ လ ၂၆ရက်နေ့ ရွေးကောက်ပွဲသည် တမီလ်ကျားသူပုန်များနှင့် အစိုးရတပ်များအကြား အပြန်အလှန်တိုက်ခိုက်ခဲ့သော နှစ်ပေါင်း ၃၇ နှစ်ကြာ ပြည်တွင်းစစ်ပွဲအလွန် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် အရေးကြီးဆုံး ခြေလှမ်းဖြစ်သည်ဟု ကမ္ဘာ့ကုလသမဂ္ဂ အထွေအထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ပြောကြားခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]