သိရိမာ
| တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
| ဗုဒ္ဓဘာသာ |
|---|
သိရိမာ[၁] သည် ဗုဒ္ဓဘာသာဆိုင်ရာ စာပေများတွင် ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ အဓိကအားဖြင့် ဂေါတမမြတ်စွာဘုရားလက်ထက်တော်အခါ သာဝတ္ထိမြို့တွင် ထင်ရှားသော ပြည်တန်ဆာမတစ်ဦး[၂]အဖြစ် လူသိများသည်။ သို့သော်လည်း ပါဠိတော်နှင့် အဋ္ဌကထာများတွင် သိရိမာအမည်ရှိသော အခြားပုဂ္ဂိုလ်များနှင့် နေရာဌာနများကိုလည်း တွေ့ရှိရသည်။
ပြည်တန်ဆာမ သိရိမာ
[ပြင်ဆင်ရန်]သာဝတ္ထိမြို့တွင် နေထိုင်သော သိရိမာသည် သာလဝတီ၏ သမီးဖြစ်ပြီး နာမည်ကျော် ဆေးဆရာ ဇီဝက၏ ညီမလည်းဖြစ်သည်။ သူမသည် ပြည်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးမြူခဲ့ပြီး အလွန်အလှအပနှင့် ပြည့်စုံကာ လူအများ၏ ချစ်ခင်မြတ်နိုးမှုကို ခံယူရရှိခဲ့သည်။ [၃]
တစ်နေ့တွင် သူမသည် သူဌေးသမီး ဥတ္တရာကြောင့် တရားနာခွင့်ရခဲ့ပြီး တရားတော်ကို နာကြားပြီးနောက် သောတာပန်အရိယာပုဂ္ဂိုလ် အဆင့်သို့ ရောက်ရှိခဲ့သည်။ [၄]
သိရိမာသည် သောတာပန်ဖြစ်ပြီးနောက် မြတ်စွာဘုရားနှင့် သံဃာတော်များကို ပင့်ဖိတ်၍ နေ့စဉ် ဆွမ်းကပ်လှူဒါန်းခဲ့သည်။ [၅] သူမသည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုများ ပြုလုပ်ကာ နောက်ဆုံးတွင် ကွယ်လွန်ခဲ့ပြီး ယာမာနတ်ဘုံသို့ ရောက်ရှိခဲ့သည်။ ထိုဘုံတွင်လည်း သူမသည် အနာဂါမ်အရိယာပုဂ္ဂိုလ် အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ [၆][၇]
အခြား သိရိမာများ
[ပြင်ဆင်ရန်]ပါဠိစာပေများတွင် သိရိမာအမည်ရှိသော အခြားပုဂ္ဂိုလ်များနှင့် နေရာများကိုလည်း ဖော်ပြထားသည်၊ ၎င်းတို့အထဲတွင် အချို့မှာ အောက်ပါအတိုင်းဖြစ်သည်။
- သိရိမာမထေရ် - ထေရဝါဒဗုဒ္ဓဘာသာတွင် ရဟန္တာတစ်ပါးဖြစ်သည်။ [၈]
- သိရိမာမိဖုရား - အနောမဒဿီမြတ်စွာဘုရားအလောင်း၏ကြင်ယာတော် [၉]၊ သုမနဘုရားရှင်၏ မယ်တော် [၁၀] နှင့် ဖုဿဘုရားရှင်၏ မယ်တော် [၁၁] တို့ဖြစ်သည်။
- သိရိမာဥပါသိကာမ - ရေဝတဘုရားရှင် [၁၂]၊ သုမေဓာဘုရား [၁၃]၊ ဒီပင်္ကရာမြတ်စွာဘုရား [၁၄]၊ ဝိပဿီမြတ်စွာဘုရား [၁၅] နှင့် ဝေဿဘူမြတ်စွာဘုရား [၁၆] တို့၏ မြတ်သောအလုပ်အကျွေးဖြစ်သည်။
- (ဝိပဿီဘုရားလောင်း၏) သိရိမာပြာသာဒ် [၁၇] နှင့် (မင်္ဂလဘုရားလောင်း၏) သိရိမာပြာသာဒ် [၁၈] တို့ဖြစ်သည်။
- သိရိမာနတ်သမီး - နတ်ဘုံတွင် ရှိသော နတ်သမီးတစ်ပါးဖြစ်သည်။ [၁၉]
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
- ↑ သီရိမန္တု (တိ) [သီရိ+မန္တု။ ထီ-၌ သိရိမတီ၊ သိရိမန္တီ။ မန္တုပစ္စည်း အဿတ္ထိအနက်အပြင် ပသံသာ-အနက်ကိုလည်း ထွန်းပြကြောင်း မ၊ဋီ၊၁၊၆ဝ။ မောဂ်၊ ၄။ ၇၈-တို့၌လည်း ဆိုသည်။ ၐြီမတ်-သံ။ သိရိမန္တ-ပြာ။ သိရီ-ကျက်သရေ- မင်္ဂလာ- ဘုန်းကံ-ပညာ-ရှိသော-နှင့်ပြည့်စုံသော၊ သူ။ သိရိမတောတိ ဧတ္ထ “သိရီတိ ဗုဒ္ဓိပုညာနံ အဓိဝစန”န္တိ ဝဒန္တိ။ အထ ဝါ ပုညနိဗ္ဗတ္တာ သရီရသောဘဂါဒိသမ္ပတ္တိကတပုညံ နိဿာယ ကတပုညေဟိ ဝါ နိဿီယတီတိ “သိရီ”တိ ဝုစ္စတိ၊ သာ ဧတဿ အတ္တီတိ သိရိမာ၊ တဿ သိရိမတော။ ဝိမာန၊ဋ္ဌ၊၇၅။ (မ၊ဋီ၊၁၊၆၀။ စရိယာ၊ဋ္ဌ၊၄၉။
- ↑ ဣမသ္မိံ နဂရေ သိရိမာ နာမ ဂဏိကာ အတ္ထိ။ ဓမ္မ၊ဋ္ဌ၊၂၊၂၀၀။
- ↑ [ဓမ္မ၊ဋ္ဌ၊၂၊၂၀၀]
- ↑ [သုတ္တနိ၊ဋ္ဌ၊၁၊၂၃၅]
- ↑ [ဓမ္မ၊ဋ္ဌ၊၂၊၆၇]
- ↑ [သုတ္တနိ၊ဋ္ဌ၊၁၊၂၃၆]
- ↑ သာလဝတိယာ ဂဏိကာယ ဓိတာ ဇီဝကဿ ကနိဋ္ဌာ သိရိမာ နာမ။ သုတ္တနိ၊ဋ္ဌ၊၁၊၂၃၅။ ဧဝံ သောတာပတ္တိဖလံ ပတ္တာ ပန သိရိမာ ဒသဗလံ နိမန္တေတွာ --- နိဗဒ္ဓံ ဒါပေသိ။ ဓမ္မ၊ဋ္ဌ၊၂၊၆၇။ တထာ နိပန္နေယေဝ သိရိမာ ကာလံ ကတွာ ယာမဘဝနေ သုယာမဿ ဒေဝီ အဟောသိ။ သုတ္တနိ၊ဋ္ဌ၊၁၊၂၃၆။ သိရိမာ ဒေဝကညာ အနာဂါမိဖလံ ပတ္တာ၊ သော စ ဘိက္ခု သောတာပတ္တိဖလံ ပတိဋ္ဌဟိ။ သုတ္တနိ၊ဋ္ဌ၊၁၊၂၄၄။ ဓမ္မ၊ဋ္ဌ၊၂၊၆၆၊ ၆၉။
- ↑ သိရိမာထေရ်။ နန္ဒော စ သိရိမာ စေဝ၊ ဒသ ထေရာ မဟိဒ္ဓိကာတိ။ ထေရ၊၂၅၂။ (ထေရ၊ဋ္ဌ၊၁၊၃၅၆။
- ↑ သိရိမာ နာမသာ နာရီ။ ဗုဒ္ဓဝံ၊၃၃၇။
- ↑ သိရိမာ နာမ ဇနိကာ၊ သုမနဿ မဟေသိနော။ ဗုဒ္ဓဝံ၊၃၃၀။ (အဘိ၊ဋ္ဌ၊၁၊၆၂-၈။ ဇာ၊ဋ္ဌ၊၅၊၄၂)။
- ↑ သိရိမာ နာမ ဇနိကာ ဖုဿဿာပိ မဟေသိနော။ ဗုဒ္ဓဝံ၊၃၆၂။ (ဇာ၊ဋ္ဌ၊၁၊၄၉)။
- ↑ သိရိမာ စေဝ ယသဝတီ၊ အဟေသုံ အဂ္ဂုပဋ္ဌိကာ။ ဗုဒ္ဓဝံ၊၃၃၃။
- ↑ ယသောဓရာ သိရိမာ စ၊ အဟေသုံ အဂ္ဂုပဋ္ဌိကာ။ ဗုဒ္ဓဝံ၊၃၄၇။
- ↑ ရိမာ ကောဏာ ဥပဋ္ဌိကာ၊ ဒီပင်္ကရဿ သတ္ထုနော။ ဗုဒ္ဓဝံ၊၃၂၃။
- ↑ သိရိမာ ဥတ္တရာ စေဝ၊ အဟေသုံ အဂ္ဂုပဋ္ဌိကာ။ ဗုဒ္ဓဝံ၊၃၆၅။
- ↑ ဂေါတမီ သိရိမာ စေဝ၊ အဟေသုံ အဂ္ဂုပဋ္ဌိကာ။ ဗုဒ္ဓဝံ၊၃၇၀။
- ↑ နန္ဒော သုနန္ဒော သိရိမာ၊ တယော ပါသာဒမုတ္တမာ။ ဗုဒ္ဓဝံ၊၃၆၅။
- ↑ ယသဝါ သုစိမာ သိရိမာ၊ တယော ပါသာဒမုတ္တမာ။ ဗုဒ္ဓဝံ၊၃၂၈။ (ဗုဒ္ဓဝံ၊ဋ္ဌ၊၁၇၁)။
- ↑ တေန စ သမယေန သိရိမာ ဒေဝကညာ အတ္တနော ဝိဘဝသမိဒ္ဓိံ ဩလောကေတွာ။ ဝိမာန၊ဋ္ဌ၊၇၀။