သိင်္ဃသူ့သမီး

ဝီကီပီးဒီးယား မှ

သိင်္ဃသူ့သမီး သည် ပုဂံခေတ်က မင်းမိဖုရားတစ်ဦး ဖြစ်သည်။ အမည်ကို အတိအကျမသိရှိရပေ။ သို့သော် ကျောက်စာပါစကားများအရ မထိလို၏ မြေးဖြစ်ကြောင်း မြန်မာနှစ် ၆၂၈ ခု (ခရစ်နှစ် ၁၂၆၆) တွင် ပုဂံထီးနန်းစိုးစံလျက်ရှိသော မင်းမိဖုရား ဖြစ်ကြောင်း၊ သိင်္ဃသူ့သမီး ဖြစ်ကြောင်းတို့ကို သိရသည်။ မြန်မာနှစ် ၆၂၈ ခုနှစ်တွင် ထီးနန်းစိုးစံလျက်ရှိခဲ့သော မင်းမှာ တရုတ်ပြေးမင်းခေါ် နရသီဟပတေ့ ဖြစ်သည်။ သိင်္ဃသူမှာ ကျစွာမင်းကြီး၏ သားတော်တစ်ပါး ဖြစ်သည်။ သမက်တော် နရသီဟပတေ့လက်ထက်တွင် မင်းအမတ်အဖြစ်လည်း တာဝန်ယူခဲ့သည်။

သိင်္ဃသူ့သမီးသည် မြန်မာနှစ် ၆၂၈ခု၊ပိသျှက်နှစ်၊နံကာလဆန်း(၇)ရက် တွင် ကျောင်းဆောက်လုပ်လှူဒါန်းခဲ့သည်။ ထိုကျောင်းတွင် နေထိုင်သည့် ရဟန်းသံဃာတို့ကို လယ်၊ ဥယျာဉ်၊ ကျွန်များ အကြွင်းမဲ့ လှူသည်။ ထို့နောက်တွင် ထိုအလှူများ အစုစုတို့အတွက် ဆုတောင်းသည်ကို သိင်္ဃသူ့သမီးကျောက်စာတွင် တွေ့ရသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာစာ၊ ဒဿမတန်း