သာသနာပြုမင်းကိုမျှော်

ဝီကီပီးဒီးယား မှ

သာသနာပြုမင်းကိုမျှော် ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

နတ်စက်ရောင်ဆရာတော်နှင့် ဇာဂရုပုဏ္ဏားတို့က သာသနာသက္ကရာဇ် ၂၄၀၀ ကျော်လျှင် သသနာ့ရာဇာပြုလိမ့်မည်ဟု ရေးခဲ့ကြောင်းကို ဖွဲ့ဆိုထားသည်။

သာသနာပြုမင်းကိုမျှော်[ပြင်ဆင်ရန်]

ဂဏန်းမှာ ပြွမ်းကာတွဲ၊ ဝမ်းဘဲပမာသို့၊ ထံရင်းမှာ ချဉ်းကာကပ်ပါလို့၊ သွင်းအပ်သည့် စာတဘောင်နှင့်၊ နတ်စက်ရောင် ဆရာမွန်ငဲ့ပြင်၊ မင်းသာလွန် ကျွန်ယုံထားခဲ့သည့်၊ ပုဏ္ဏားကျော်ဇာဂရုတို့က၊ ကိန်းပြုလို့ သင်ခဲ့ပေ။

ဒွေးအဋ္ဌာငယ်နှင့်၊ ဧက ဧကာပ၊ နှစ်ထောင်မှာ လေးရာလွှမ်းပါလို့၊ အစွန်ဝယ် ငါးဆယ်ဖြစ်ချေပေါ့၊ သက္ကရာဇ်ကောဇာ ငါးဆယ် ဖျောက်လိုက်တော့၊ တထောင်ပြင် နှစ်ရာမောက်၊ သာခြောက်ဆယ်ရှစ်ခုစွန်း၊ ဖြစ်ထွန်းသာသနာပွားစေဘို့၊ သိကြားဗြဟ္မာမပါလို့၊ ကာလမှာ အလွန်ကောင်းလိမ့်မတဲ့၊ ကျွန်ပြောင်းကာ သခင်ရွှေ့ရလိမ့်၊ အောက်မေ့မိချေ။

မြတ်ရှင်ပင် သဗ္ဗညုကဲ့သို့၊ ယှဉ်တုကာ အာဏာမိုးပါလို့၊ တန်ခိုးရှိန်တေဇာနှင့်၊ ကျိတ်နှီးကာ အမှီရကာမှ၊ လောကရှိကျမ်းအလာမှာ၊ ရဟန်းရှင် လူတကာဟူသမျှတို့၊ သင်္ဃာပါဆွမ်းအဟာရကိုဖြင့်၊ နန်းကမှချီးမြှောက်ချေ၊ ဖောက်သွေလို့ မတိမ်း။

မြေဝသုန် ရွှေဘုံသာက၊ သာသနာမြစ်စဉ်သို့ လျှောက်လိမ့်မတဲ့၊ သစ်တောက်ကယ်ပလ္လင်နှင့်၊ နောက်အစဉ် ရွှေနှင့်ပန်းပါတဲ့၊ မြို့နန်းတည်ခဲ့ ဟောင်းပေဂ၊ တကောင်းပြည် မန်လည်မှာ ရပ်သတဲ့၊ သည်ဇာတ်သည်လိုနှင့် ပြီးမှာဖြင့်၊ တတ်သီပုံးအခေါင်မို့၊ နတ်စက်ရောင် ဇာဂရုတို့၊ သာသနာရာဇာပြုမတဲ့၊ အာနုဘော် ဂုဏ်ကျော်ဇောပါလိမ့်၊ ဘုရားအလျာ သိကြားဗြဟ္မာနှင့် နှောရက်ကယ်မို့၊ ဂုဏ်ကျော်ဇောပါလိမ့်၊ ဘုရားအလျာ သိကြားဗြဟ္မာနှင့် နှောရက်ကယ်မို့၊ နှစ်ပါးဆရာ အလကားဝါလို့ မဟောတန်ဘုကွယ်၊ လောကတွက်ကိန်း။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။