မာတိကာသို့ ခုန်သွားရန်

သာမိုစဖီးယား အလွှာ

ဝီကီပီးဒီးယား မှ
လေထုအလွှာများ

သာမိုစဖီးယား အလွှာသည် ကမ္ဘာ့လေထု၏ အလွှာတခုဖြစ်ပြီး မီဆိုစဖီးယား အလွှာနှင့် အက်ဇိုစဖီးယား အလွှာကြားတွင် တည်ရှိသည်။ မီဆိုစဖီးယား အလွှာသည် ပင်လယ်ရေမျက်နှာပြင်မှ ၆၀ ကီလိုမီတာ (၅၀ မိုင်) မှ စတင်သည်။ ယင်းအမြင့်တွင် အပူချိန်သည် နေရောင်ခြည် ဖြာထွက်မှုကြောင့် အမြင့်ပေများလာသည်နှင့်အမျှ ပိုတိုးလာသည်။ အပူချိန်သည် နေ၏ လှုပ်ရှားမှု (Solar activity) ပေါ်မူတည်၍ ၂,၀၀၀ ဒီဂရီ စင်တီဂရိတ် (၃,၆၃၀ ဒီဂရီ ဖာရင်ဟိုက်) သို့မဟုတ် ထိုထက်ပိုနိုင်သည်။ ပင်လယ်ရေမျက်နှာပြင်မှ ၆၀၀ ကီလိုမီတာ (၃၇၅ မိုင်) ရောက်သောအခါ အက်ဇိုစဖီးယား အလွှာ စတင်ပြီး အပြင်ဘက် အာကာသ နယ်မြေသို့ ချဉ်းနှင်းသွားသည်။[၁] သာမိုစဖီးယား အလွှာ၏ အစိတ်အပိုင်း အများစုသည် အပြင်ဘက် အာကာသ ဖြစ်ကြသည်။ သာမိုစဖီးယား အလွှာနှင့် အက်ဇိုစဖီးယားအလွှာတို့၏ နယ်စပ်ကို သာမိုပေါ့စ် ဟုခေါ်သည်။


ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ Duxbury & Duxbury (1997)။ Introduction to the World's Oceans (5th ed.)။