သာဒွန်း၊ ဦး(ဘင်ဂျို)

ဝီကီပီးဒီးယား မှ

ဘင်ဂျို ဦးသာဒွန်း[ပြင်ဆင်ရန်]

ဘင်ဂျိုကိုသာဒွန်းသည် ဒုတိယကမ္ဘာစစ်မဖြစ်မီက ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီ၏ အသံထွက် တီးဝိုင်းတွင် ဂီတာသောင်၊ ဆရာတောက်၊ စန္ဒရား ကိုသာနု၊ တယော ကိုချစ်လှ စသည့် တူရိယာပညာရှင်များနှင့် တွဲဖက်၍ ဘင်ဂျိုတီးခဲ့သည်။ ကျိုက်ထီးရိုး သီချင်းကို ခင်မောင်ရင်ခင်ခင်ရီတို့ သီဆိုရန်အတွက် ရေးပေးခဲ့သည်။ စစ်ပြီးခေတ်တွင် ဂီတလုလင်မောင်ကိုကိုအဖွဲ့တွင် ဆက်လက်လုပ်ကိုင်ရင်း (၁၉၅၈)ခုနှစ် အသက် (၄၅)နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။ စစ်ကြိုခေတ်အငြိမ့် လူရွှင်တော်ကြီး ဦးဒန်ပေါက်သည် ဘင်ဂျို ကိုသာဒွန်း၏ ဦးလေးအရင်းဖြစ်သည်။ [၁]

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

  1. အကယ်ဒမီဂီတလုလင်ဦးကိုကို၏ ပြောပြချက်။