သာဒါရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု
| သာဒါရွာ လေကြောင်းတိုက်ခိုက်မှု | |
|---|---|
| မြန်မာပြည်တွင်းစစ် (၂၀၂၁–လက်ရှိ) ၏ တစ်စိတ်တစ်ပိုင်း | |
သာဒါရွာ တည်နေရာ | |
| နေရာ | မင်းပြားမြို့နယ်၊ သာဒါ (မူဆလင်) ကျေးရွာ၊ ရခိုင်ပြည်နယ် |
| ကိုဩဒိနိတ် | 20°23′28″N 93°15′27″E / 20.3910°N 93.2576°Eကိုဩဒိနိတ်: 20°23′28″N 93°15′27″E / 20.3910°N 93.2576°E |
| ရက်စွဲ | ၂၀၂၄ ခုနှစ်၊ မတ်လ ၁၈ ရက် |
| တိုက်ခိုက်မှု အမျိုးအစား | လေကြောင်းတိုက်ခိုက်မှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု |
| လက်နက်များ | ဂျက်ဖိုက်တာ၊ ဗုံး |
| သေဆုံးသူဦးရေ | ၂၂ ဦး |
ဒဏ်ရာရဦးရေ | ၂၉ ဦး |
| ပြစ်မှုကျူးလွန်သူများ | |
| |
သာဒါရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု သည် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ သာဒါ (မူဆလင်) ကျေးရွာတွင် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့၌ ဖြစ်ပွားခဲ့သော တပ်မတော်(လေ)၏ လေကြောင်းတိုက်ခိုက်မှု တစ်ခုဖြစ်သည်။ မြန်မာပြည်တွင်းစစ် ကာလအတွင်း တပ်မတော် (လေ) မှ ဂျက်တိုက်လေယာဉ်တစ်စင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုဖြစ်စဉ်ကြောင့် ထိုကျေးရွာတွင်းရှိ မူဆလင်အရပ်သား ၂၂ ဦး သေဆုံးကာ ၂၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။[၁][၂]
ဖြစ်စဉ်
[ပြင်ဆင်ရန်]၂၀၂၄ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ နံနက် ၁ နာရီ ၃၂ မိနစ်ခန့်တွင် တပ်မတော်(လေ)က သာဒါကျေးရွာအတွင်းသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုကြောင့် ၂၁ ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ ဒဏ်ရာရရှိသူများထဲမှ တစ်ဦးမှာ နောက်တစ်ရက် (မတ်လ ၁၉ ရက်) တွင် ထပ်မံသေဆုံးခဲ့သည်။ သေဆုံးသူများထဲတွင် သာဒါရွာခံ ၁၀ ဦးနှင့် အနီးနားရှိ ဆင်ကြီးပြင်ရွာမှ လာရောက်ခိုလှုံနေသော စစ်ဘေးရှောင် ၁၂ ဦး ပါဝင်သည်။ ထို့ပြင် အရပ်သားနေအိမ် ၆ လုံးလည်း ပျက်စီးဆုံးရှုံးခဲ့သည်။ ဤတိုက်ခိုက်မှုသည် စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများအပေါ် ကျူးလွန်သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။[၃][၄][၅]
| စဉ် | အမည် | အသက် | အဘအမည် | အလုပ်အကိုင် | နေရပ် | မှတ်ချက် |
|---|---|---|---|---|---|---|
| ၁ | (Mv) ဟာဘောန်အာလီ | ၅၇ | ဦးအာလီအာမောတ် | ဘာသာရေးဆရာ | သာဒါ | |
| ၂ | အာနူဝါရာဘေးဂေါမ် | ၅၅ | ဦးဟာဆောန် | မှီခို | သာဒါ | |
| ၃ | မာမောတ်ဟူဆောန် | ၉ | (Mv) ဟာဆောန်အာလီ | ကျောင်းသား | သာဒါ | |
| ၄ | ဟာမိဒါ | ၁၈ | ဦးအာဒူဆော်မောတ် | မှီခို | သာဒါ | |
| ၅ | စောဒုတ်လာမိန် | ၂၈ | ဦးရောဖိက် | ကျပန်း | သာဒါ | |
| ၆ | ဆေးနူး | ၂၅ | ဦးနူရ်ရိုဆလင် | မှီခို | သာဒါ | |
| ၇ | မော်ဇူမာ | ၂၈ | ဦးနူမျှာ | မှီခို | သာဒါ | |
| ၈ | နူရ်မာရ် | ၉ | ဦးအဒူဇော်လိတ် | မှီခို | သာဒါ | |
| ၉ | ဟာရော်နီးဆား | ၈ | ဦးရွှေမောင် | ကျောင်းသား | သာဒါ | |
| ၁၀ | အဇူးရိုး | ၄၅ | ဦးအီစီမာလ် | ကျပန်း | ဆင်ကြီးပြင် | စစ်ဘေးရှောင် |
| ၁၁ | ဘေးဂေါဓဇာဟာန် | ၃၀ | ဦးဘော်လီဆုလ်တန် | မှီခို | ဆင်ကြီးပြင် | စစ်ဘေးရှောင် |
| ၁၂ | ဘီးဘီး | ၃ | ဦးရော်ဟိမ် | - | ဆင်ကြီးပြင် | စစ်ဘေးရှောင် |
| ၁၃ | ရှူးနီး | ၆ | ဦးအုံမော်ရာလီ | - | ဆင်ကြီးပြင် | စစ်ဘေးရှောင် |
| ၁၄ | မော်ဟီးဘူလ္လား | ၁၀ | ဦးရှော်ဘုလ်လ္လာ | ကျောင်းသား | ဆင်ကြီးပြင် | စစ်ဘေးရှောင် |
| ၁၅ | ရှာဖော်ဒိန် | ၅ | ဦးရှော်ဘုလ်လ္လာ | ကျောင်းသား | ဆင်ကြီးပြင် | စစ်ဘေးရှောင် |
| ၁၆ | မူဘာရိတ် | ၁၈ | ဦးအဒူရော်ကိမ် | လယ်လုပ် | ဆင်ကြီးပြင် | စစ်ဘေးရှောင် |
| ၁၇ | မာမာတ်နော်ဇုမ် | ၃၀ | ဦးအမိရ်ဟူဆောန် | ကျပန်း | ဆင်ကြီးပြင် | စစ်ဘေးရှောင် |
| ၁၈ | နူရ်ဟာစီနာ | ၁ | ဦးမာမောတ်နော်ဇုမ် | - | ဆင်ကြီးပြင် | စစ်ဘေးရှောင် |
| ၁၉ | ရော်မာခါတူ | ၂၇ | ဦးမာမောတ် | မှီခို | ဆင်ကြီးပြင် | စစ်ဘေးရှောင် |
| ၂၀ | မာမောတ်နော်ယိမ် | ၈ | ဦးအဒူရာမာန် | ကျောင်းသား | ဆင်ကြီးပြင် | စစ်ဘေးရှောင် |
| ၂၁ | လာလူ | ၈ | ဦးအုံမော်ရာလီ | ကျောင်းသား | ဆင်ကြီးပြင် | စစ်ဘေးရှောင် |
| ၂၂ | ဘီဘီဇိုက်ကူ | ၈ | ဦးရော်ဖိတ် | - | ဆင်ကြီးပြင် | ၁၉ ရက်နေ့ သေဆုံး |
ကိုးကား
[ပြင်ဆင်ရန်]- ↑ AA၊ ULA / (2024-03-20)။ မင်းပြားမြို့၊သာဒါရွာအားSACမှဗုံးကြဲတိုက်ခိုက်မှုကြောင့်သေဆုံးသူ(၂၂)ဦးနှင့်ဒဏ်ရာရရှိသူ(၂၉)ဦးအထိရှိ (in en)။ 1 May 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-05-03 တွင် ပြန်စစ်ပြီး။
- ↑ မိုးဦး၊ ခင်ငြိမ်းချမ်း (2024-03-18)။ မင်းပြားတွင် ညအချိန် လေကြောင်းမှ ဗုံးကြဲ၍ ၂၁ ဦးအထိသေဆုံး (in en-US)။ 2026-05-03 တွင် ပြန်စစ်ပြီး။
- ↑ ရောင်နီ (2024-03-19)။ မင်းပြားဗုံးကြဲတိုက်ခိုက်ခံရမှု သေဆုံး ၂၂ ဦးရှိလာ၊ ကလေး ၉ ဦးပါဝင် (in en-US)။ 11 August 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-05-03 တွင် ပြန်စစ်ပြီး။
- ↑ ၂၀၂၄ မတ် ၁၈ ရက် ဘီဘီစီသတင်းများတိုက်ရိုက်တင်ဆက်မှု (in my) (2024-03-18)။ 2026-05-03 တွင် ပြန်စစ်ပြီး။
- ↑ Burmese၊ R. F. A. (2024-03-18)။ မင်းပြားမှာ ရွာထဲ လေကြောင်းဗုံးကြဲခံရမှုကြောင့် ရိုဟင်ဂျာ ၂၃ ဦးသေ၊ ၃၃ ဦးဒဏ်ရာရ (in my)။ 2026-05-03 တွင် ပြန်စစ်ပြီး။