သဟာယ စာကြည့်တိုက်(မိုးကုတ်မြို့)

ဝီကီပီးဒီးယား မှ

သဟာယ စာကြည့်တိုက်ကို ၁၉၃၅ ခုနှစ်က မိုးကုတ်မြို့ အနောက်ပိုင်း ကျပ်ပြင်မြို့မရပ်တွင် စတင်တည်ထောင်ဖွင့်လှစ်ခဲ့သည်။ ဝိုင်အမ်ဘီအေအသင်းကြီး၏ စည်းရုံးလှုံဆော်မှုနှင့် ကျပ်ပြင်မြို့မ လူမှုရေးအဖွဲ့ဝင်လူကြီးများဖြစ်သော ဦးနန်း၊ ဦးကျော်၊ ဦးသာရင်၊ ဦးချစ်စိန်တို့က စာကြည့်တိုက်ကို စတင်တည်ထောင်ခဲ့ကြသည်။ သဟာယ စာကြည့်တိုက် စတင်တည်ထောင်စဉ်က ဦးသာရင်၏ နေအိမ်ကို စာကြည့်တိုက်အဖြစ် ဖွင့်လှစ်ခဲ့သည်။ ထို့နောက် နေရာများပြောင်းလဲဖွင့်လှစ်ခဲ့ရပြီး ယခုအခါ သဟာယ စာ ကြည့်တိုက်သည် ကျပ်ပြင်မြို့မ လူမှုရေးအဖွဲ့၊ ကျပ်ပြင်မြို့မရေကော်မတီ၊ သဟာယစာကြည့်တိုက်ရန်ပုံေငွများနှင့် ကျပ်ပြင်မြို့မရပ်၊ အမှတ်(မ/၁၆၆၊ မ/၁၆၇)ရှိ အဆောက်အအုံကို ဝယ်ယူဖွင့်လှစ်ခဲ့သည်။ စာကြည့်တိုက်တွင် စာအုပ်ဗီရို ၂၇ လုံး၊ သုတ၊ ရသစာအုပ်များ၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ လုံးချင်းစာအုပ်များ စုစုပေါင်း ၁၀၀၀၀ နီးပါး ဝယ်ယူစုဆောင်းထားပြီး စာဖတ်သူအသင်းဝင် ၅၀၀ ကျော်ရှိသည်။ သဟာယ စာကြည့်တိုက်သည် ၂၀၁၀ ပြည့်နှစ်တွင် ၇၅ နှစ်ပြည့်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

အလင်းတန်းဂျာနယ်အမှတ် ၆၄၄ (၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်)