သမီးလှကျွန်းအဏ္ဏဝါအမျိုးသားဥယျာဉ်
| သမီးလှကျွန်းအဏ္ဏဝါအမျိုးသားဥယျာဉ် | |
|---|---|
IUCN category IV (habitat/species management area) | |
| တည်နေရာ | ငပုတောမြို့နယ်၊ ပုသိမ်ခရိုင်၊ ဧရာဝတီတိုင်းဒေသကြီး |
| ကိုဩဒိနိတ် | 15°51′00″N 94°16′00″E / 15.85000°N 94.26667°E |
| ဧရိယာ | ၁၂,၁၁၄.၆၀ ဧက (၄၉.၀၂၆၀ စတုရန်း ကီလိုမီတာ) |
| ဖွဲ့စည်း | ၁၉၇၀ (သဘာဝဘေးမဲ့တော) ၂၀၂၆ (အဏ္ဏဝါအမျိုးသားဥယျာဉ်) |
| အုပ်ချုပ်ရေး | သစ်တောဦးစီးဌာန |
သမီးလှကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ် သည် မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် တည်ရှိသော အဏ္ဏဝါသဘာဝထိန်းသိမ်းရေးနယ်မြေတစ်ခု ဖြစ်သည်။ မူလက "သမီးလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော" အဖြစ် သတ်မှတ်ခဲ့သော်လည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဧရိယာတိုးချဲ့ပြင်ဆင်၍ အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် ၂၀၂၆ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့တွင် အဆင့်မြှင့်တင် သတ်မှတ်ခဲ့သည်။[၁]
တည်နေရာ
[ပြင်ဆင်ရန်]မြောက်လတ္တီတွဒ်၁၅°၅၁'၊ အရှေ့လောင်ဂျီတွဒ် ၉၄°၁၆' တွင် တည်ရှိပြီး ၁၉၇၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့နယ်ခွဲရှိ သမိုင်းဝင်မော်တင်စွန်းဘုရားမှ ရေမိုင် (၆) မိုင်ခန့်အကွာတွင် တည်ရှိသည်။ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ် (Andaman Sea) တို့မှ ရေကြောင်းများဆုံရာ ငဝန်မြစ် (ပုသိမ်မြစ်ဝ) အနီးတွင် တည်ရှိသည်။ မူလဘေးမဲ့တော ဧရိယာ ၂၁၇.၆ ဧက အပြင် ပတ်ဝန်းကျင်ရေပြင် ဧရိယာ ၁၁,၈၉၇ ဧကကို ထပ်မံတိုးချဲ့ သတ်မှတ်ခဲ့သဖြင့် စုစုပေါင်း အကျယ်အဝန်းမှာ ၁၂,၁၁၄.၆၀ ဧက ရှိသည်။[၂]
သဘာဝအရင်းအမြစ်များ
[ပြင်ဆင်ရန်]ရွက်ကြွေတောနှင့် အမြဲစိမ်းတော သစ်တောအမျိုးအစားဖြစ်သည်။ လိပ်လောင်း(Olive ridley sea turtle)၊ ပြင်သာလိပ်(Green sea turtle)၊ လိပ်ခွေး(Loggerhead sea turtle)၊ လိပ်စောင်းလျား(Leatherback sea turtle)၊ လိပ်စွန်(Hawksbill sea turtle) များ ကျတ်စားနေထိုင်ကြသည်။
ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ
[ပြင်ဆင်ရန်]သမီးလှကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်သည် မြန်မာနိုင်ငံတွင် သဘာဝထိန်းသိမ်းရေးနယ်မြေ အမျိုးအစား (၃) ဖြစ်သော အဏ္ဏဝါအမျိုးသားဥယျာဉ် (Marine National Park) အမျိုးအစား သဘာဝထိန်းသိမ်းရေးနယ်မြေ ဖြစ်သည်။
ခရီးသွားလာရေးလုပ်ငန်းများ
[ပြင်ဆင်ရန်]လမ်းပန်းဆက်သွယ်ရေး
[ပြင်ဆင်ရန်]- ရန်ကုန်-ပုသိမ် ကားဖြင် (၁၂၀)မိုင်
- ပုသိမ်-ငပုတော ကားဖြင် (၂၁)မိုင်
- ငပုတော-ဟိုင်းကြီးကျွန်း ရေလမ်း(၄၀)မိုင်
- ဟိုင်းကြီး-သမီးလှကျွန်း ရေလမ်း(၇)မိုင်
ကြည့်ရှုလေ့လာနိုင်သောအခွင့်အလမ်းများ
[ပြင်ဆင်ရန်]- ဒီရေတောများ၏ ဂေဟစနစ်ကို လေ့လာနိုင်ခြင်း
- ရေပျော်ငှက်များ၊ ကုန်းတွင်းပိုင်းဌာနေငှက်များ၊ ရာသီအလိုက် ရွေ့ပြောင်းလှုပ်ရှားသော ဆောင်းခိုငှက်များကို လေ့လာကြည့်ရှုနိုင်ခြင်း
- ပင်လယ်လိပ်ကြီးများ ဥ ဥချခြင်းကို လေ့လာနိုင်ခြင်း
ကိုးကား
[ပြင်ဆင်ရန်]- မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝမှု၊ သစ်တောဦးစီးဌာန 23 October 2014 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- သမီးလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော[လင့်ခ်သေ]
- Report: Myanmar Protected Area (2011)
- ↑ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်အတွင်းရှိ သမီးလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအား “သမီးလှကျွန်းအဏ္ဏဝါအမျိုးသားဥယျာဉ်” အဖြစ် ပြောင်းလဲ၍ ဧရိယာပြင်ဆင်သတ်မှတ်ခြင်း | Ministry Of Information (in en)။ 2026-03-24 တွင် ပြန်စစ်ပြီး။
- ↑ သမီးလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအား (in my-MM) (2026-03-23)။ 2026-03-24 တွင် ပြန်စစ်ပြီး။