သပြေကန်ရွာ၊ ကဝမြို့

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
သပြေကန်ရွာ
ရွာ
သပြေကန်ရွာ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
သပြေကန်ရွာ
သပြေကန်ရွာ
သပြေကန်ရွာ တည်နေရာ
ကိုဩဒိနိတ်: 17°03′46″N 96°26′21″E / 17.0626697540283°N 96.4392471313477°E / 17.0626697540283; 96.4392471313477ကိုဩဒိနိတ်: 17°03′46″N 96°26′21″E / 17.0626697540283°N 96.4392471313477°E / 17.0626697540283; 96.4392471313477
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး
ခရိုင်ပဲခူးခရိုင်
မြို့နယ်ကဝမြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

သပြေကန်ရွာသည် ပဲခူးတိုင်းဒေသကြီးပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ပါဝင်ပြီး ကဝမြို့၏ အနောက်ဘက်တွင် တည်ရှိသည်။ ကဝမြို့မှ သပြေကန်ရွာသို့ ကားဖြင့်လည်းကောင်း၊ ဆိုင်ကယ်ဖြင့်လည်းကောင်း သွားလာနိုင်သည်။ ပညာရေး အနေဖြင့် အလယ်တန်းကျောင်း ပညာရေး စာသင်ကျောင်းရှိသည်။ အရှေ့ဘုန်းတော်ကြီးကျောင်းတိုက်နှင့် အနောက်ဘုန်းတော်ကြီးကျောင်းတိုက် တို့ရှိသည်။

သပြေကန်ရွာသည် ယခင်က မကြက်ကြီးရွာနှင့် နီးကပ်စွာတည်ရှိသည်။ သို့သော် ပဲခူးမြစ်ကမ်းပါးရေတိုက်စားမှုကြောင့် ရွာသစ်တည်ရန် ပြုလုပ်ခဲ့ကြသည်။ ယခင်ကကမ်းမပြိုဘဲကျန်နေခဲ့သော နေရာကို သပြေကန်ရွာဟောင်း ဟုခေါ်ဆိုကြပြီး၊ ယခုရွာအသစ်ကို သပြေကန်ရွာ ဟုခေါ်ဆိုကြသည်။ ယခုရွာအသစ်ကို ကဝ-ခမေကြီး-သပြေကန်-မကြက်ကြီး လမ်းဘေးတွင်တည်ရှိသည်။ သပြေကန်ရွာဟောင်းသည် ပဲခူးမြစ်ကမ်း၏ မိုင်ဝက်ခန့်အကွာတွင်တည်ရှိပြီး ရန်ကုန်တိုင်းနယ်နိမိတ်နှင့် ပဲခူးမြစ်သာ ခြားသည်။

အများစုမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ လယ်လုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။ စိုက်ပျိုးသော သီးနှံများမှာ မိုးတွင်းအခါတွင် စပါးအမျိုးမျိုး စိုက်ပျိုးကြပြီး ဆောင်းတွင်းအခါတွင် မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲစသည်တို့ကို စိုက်ပျိုးကြသည်။ ရွာရှိလူဦးရေမှာ ငါးရာခန့်(ခန့်မှန်း) ရှိသည်။

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

အမှတ်(၂) လမ်းမကြီး၏ ရန်ကုန်-ပဲခူးလမ်းပိုင်းရှိ အင်းတကော်မှတစ်ဆင့် အင်းတကော်-ထုံးကြီး-ကဝ-သပြေကန်-မကြက်ကြီး-သပြုလမ်းပိုင်းမှ သွားရောက်နိုင်သည်။ ရန်ကုန်တိုင်းဒေသကြီး၏ ဒါးပိန်မြို့မှတစ်ဆင့် ပဲခူးမြစ်ကို သမ္ဗာန်ဖြင့်ကူးကာ သပြုကျေးရွာမှလည်း သွားရောက်နိုင်သည်။

ကိုးကား[ပြင်ဆင်ရန်]