သန်းစိုး (ရွေးကောက်ပွဲကော်မရှင်)
ဗိုလ်ချုပ် (ငြိမ်း) စည်သူ၊ ဦး သန်းစိုး | |
|---|---|
| ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၁၀ ဧပြီ ၂၀၂၅ | |
| ခန့်အပ်သူ | မင်းအောင်လှိုင် |
| ယခင်လူ | ကိုယ်တိုင် |
| တာဝန်သက်တမ်း ၃၁ ဇူလိုင် ၂၀၂၅ – ၇ ဧပြီ ၂၀၂၅ | |
| ခန့်အပ်သူ | အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ |
| ယခင်လူ | ကိုကို |
| ဆက်ခံသူ | ကိုယ်တိုင် |
| ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌ | |
| တာဝန်သက်တမ်း ၈ ဧပြီ ၂၀၂၅ – ၃၁ ဇူလိုင် ၂၀၂၅ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| ကော်မရှင်ဥက္ကဋ္ဌ | ကိုကို |
| ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် | |
| တာဝန်သက်တမ်း ၂၆ ဖေဖော်ဝါရီ ၂၀၂၁ – ၈ ဧပြီ ၂၀၂၅ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| ကော်မရှင်ဥက္ကဋ္ဌ | သိန်းစိုး ကိုကို |
| တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် | |
| တာဝန်သက်တမ်း ၄ ဇန်နဝါရီ ၂၀၁၆ – ၃၁ ဇန်နဝါရီ ၂၀၂၁ | |
| ခန့်အပ်သူ | တပ်မတော်ကာကွယ်ရေးဦးစီးချုပ် |
| ယခင်လူ | ဗိုလ်မှူးကြီး လှထွန်း[၁] |
| ကိုယ်ရေး အချက်အလက်များ | |
| မိခင်ကျောင်း | စစ်တက္ကသိုလ် |
| ဆုတံဆိပ်များ |
|
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | |
| တပ်/တပ်ဖွဲ့ခွဲ | |
| ရာထူး | ဗိုလ်ချုပ် |
ဦးသန်းစိုးသည် အငြိမ်းစား ဗိုလ်ချုပ်တစ်ဦး ဖြစ်သည်။ လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်နေသည်။ ၂၀၂၁ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုအပြီး ခန့်အပ်ခံထားရသည့် တတိယမြောက် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဖြစ်ပြီး၊ မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရ ခန့်အပ်ခံရသည့် ဆဋ္ဌမမြောက် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ လည်း ဖြစ်သည်။
စစ်မှုထမ်းခြင်း
[ပြင်ဆင်ရန်]ဦးသန်းစိုးသည် တပ်မတော်သား စစ်မှုထမ်းတစ်ဦးဖြစ်သည်။ သူ၏ ပြန်တမ်းဝင်အမှတ်မှာ ကြည်း ၁၆၇၃၅ ဖြစ်သည်။တပ်မတော်တွင် နှစ်ပေါင်း ၂၀ ကျော်ဖြတ်သန်းလာခဲ့သူ၎င်းသည် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေတ်တွင် ထားဝယ်မြို့ အခြေစိုက် အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စကခ(၈) ၏ ဌာနချုပ်မှူး ဖြစ်ခဲ့သည်။ထိုစဉ်က ဗိုလ်မှူးချုပ် အဆင့်ဖြင့် ဖြစ်သည်။[၃]
၂၀၁၀ ပြည့်နှစ်၊နောက်ပိုင်းတွင် သူသည် လက်ထောက်စစ်ရေးချုပ် အဖြစ် ခန့်အပ်ခံရသည်။ထိုတာဝန်ကို ၂၀၁၆ ခုနှစ်၊နှစ်ကုန်ပိုင်းအထိ ထမ်းဆောင်ခဲ့သည်။[၄]
၂၀၁၆ ခုနှစ်၊ဇန်နဝါရီ ၁၈ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၎င်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ အဆိုပြုချက်အရ တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် အဖြစ် ကြေညာခဲ့သည်။[၅]
ထိုသို့ကြေညာခံရသည့်နေ့မှစ၍ ၂၀၂၁ ခုနှစ်၊ဇန်နဝါရီ ၃၁ ရက် အထိ တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၆]
ထိုကာလတွင် ဗိုလ်ချုပ်သန်းစိုးသည် (၅၆)ဦးပါ တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့၏ ခေါင်းဆောင်လည်းဖြစ်သည်။[၇]ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အတွင်း ဆောင်ရွက်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် သဘောထားတင်းမာသူတစ်ဦး အဖြစ် ကျော်ကြားခဲ့သည်။[၈]
ရွေးကောက်ပွဲကော်မရှင်ဝင်
[ပြင်ဆင်ရန်]ဦးသန်းစိုးကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်အဖြစ် စတင်ခန့်အပ်ခဲ့သည်။ [၉]ထို့နောက် ၂၀၂၅ ခုနှစ်၊ ဧပြီ ၈ ရက်နေ့တွင် ဒုတိယဥက္ကဋ္ဌရာထူးသို့ တိုးမြှင့်ခန့်အပ်ခံခဲ့ရသည်။[၁၀]
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းကာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအား အမြင့်ဆုံးအုပ်ချုပ်ရေးယန္တရားအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုလည်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ [၁၁]ထိုပြင်ဆင်ဖွဲ့စည်းမှုတွင် ဦးသန်းစိုးအား ဥက္ကဋ္ဌရာထူး ပေးအပ်ခဲ့ပြီး၊ ယခင်ကော်မရှင်ဥက္ကဋ္ဌဖြစ်သူ ဦးကိုကိုမှာမူ တာဝန်မှ အနားပေးခံခဲ့ရသည်။
ဂုဏ်ပြုခံရခြင်း
[ပြင်ဆင်ရန်]၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၄၃/၂၀၂၆ ဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော စည်သူဘွဲ့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။[၁၂]
နိုင်ငံတကာ ပိတ်ဆို့ခံရခြင်း
[ပြင်ဆင်ရန်]လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် နိုင်ငံတကာမှ ဒဏ်ခတ်ပိတ်ဆို့မှုများ ခံနေရသည့် စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်မှုရှိသောကြောင့် ဦးသန်းစိုး အပါအဝင် နစကနှင့် စစ်အစိုးရအဖွဲ့ဝင်များစွာသည် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူခြင်းကို ခံရသည်။
| အရေးယူသည့် နိုင်ငံများ | ပိတ်ဆို့အရေးယူသည့် ရက်စွဲ | ရင်းမြစ် | |
|---|---|---|---|
| ၁။ | ၂၀၂၂ ဖေဖော်ဝါရီ ၂၁ | [၁၃] | |
| ၂။ | |||
| ၃။ | |||
| ၄။ | |||
| ၅။ | ၂၀၂၂ မတ် ၇ | [၁၄] | |
| ၆။ | ၂၀၂၂ ဒီဇင်ဘာ ၇ | [၁၅] |
ကိုးကား
[ပြင်ဆင်ရန်]- ↑ You must specify title = and url = when using {{cite web}}.။ ၂၀၁၁ ခုနှစ်၊ဇန်နဝါရီ ၂၁ရက်ထုတ်၊မြန်မာ့အလင်းသတင်းစာ၊စာမျက်နှာ(၈) (၂၀ ဇန်နဝါရီ ၂၀၁၁)။ ၂ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်သမ္မတရုံးအမိန့်ကြေညာစာ ၃/၂၀၁၆။ မြန်မာနိုင်ငံတော်ပြန်တမ်း (၄ ဇန်နဝါရီ ၂၀၁၆)။ ၂ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ။ Mizzima Burmese (၁၂ ဒီဇင်ဘာ ၂၀၀၈)။ ၂ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ကလေးစစ်သား ၉၆ ဦးကို တပ်မတော်က ပြန်လွှတ်ပေး။ BBC (၁၈ ဇန်နဝါရီ ၂၀၁၄)။ ၂ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းကြေညာ။ ၂၀၁၆ ခုနှစ်၊ဇန်နဝါ၇ီ ၁၉ ရက် ထုတ်၊မြန်မာ့အလင်းသတင်းစာ၊စာမျက်နှာ(၈) (၁၈ ဇန်နဝါရီ ၂၀၁၆)။ ၂ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ စစ်တပ်ကတင်မြှောက်တဲ့ ဒုသမ္မတကို မကန့်ကွက်ဘဲ ထောက်ခံတဲ့ပေါ် နားလည်ဖို့ ဒေါ်စု ပြော။ DVB (၁၄ မတ် ၂၀၁၆)။ ၂ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ တပ်မတော်ကတင်သွင်းမည့် ဒုသမ္မတအမည်စာ ရင်းကို ယနေ့ထုတ်ပြန်ကြေညာမည်။ ရွေးကောက်ပွဲဆိုင်ရာသတင်းအချက်အလက်ကွန်ယက်စနစ် (၃ မတ် ၂၀၁၆)။ 17 July 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ ပူးပေါင်းကော်မတီဖွဲ့ရေး တိုက်တွန်းတဲ့ အဆိုကို လွှတ်တော်မှာ အကြိတ်အနယ်ဆွေးနွေးခဲ့ကြရ။ BBC (၅ ဖေဖော်ဝါရီ ၂၀၁၉)။ ၂ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေး။ Ministry of Information။ 13 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးအား ကော်မရှင်ဒုတိယဥက္ကဋ္ဌအဖြစ် ပြောင်းလဲတာဝန်ပေးအပ်။ Eleven Media။ 15 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ပြင်ဆင်ဖွဲ့စည်းလိုက်သည့် UEC တွင် ဥက္ကဋ္ဌ အဖြစ် ဦးသန်းစိုး အား တာဝန်ပေးအပ်ထား။ Eleven Media။ 14 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း | Ministry Of Information (in en)။ 2026-03-02 တွင် ပြန်စစ်ပြီး။
- ↑ COUNCIL IMPLEMENTING REGULATION (EU) 2022/239 (အင်္ဂလိပ်ဘာသာစကားဖြင့်)၊ 2022-02-21၊ 2025-07-01 တွင် ပြန်စစ်ပြီး
- ↑ Massnahmen gegenüber Myanmar (Burma)။ State Secretariat for Economic Affairs။ 2025-7-1 တွင် ပြန်စစ်ပြီး။
- ↑ Branch၊ Legislative Services (2025-03-06)။ Consolidated federal laws of Canada, Special Economic Measures (Myanmar) Regulations။ 2025-07-01 တွင် ပြန်စစ်ပြီး။