သည်ကပ်အနိုင်ကျော်တော့

ဝီကီပီးဒီးယား မှ

သည်ကပ်အနိုင်ကျော်တော့ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

၁၂၈၉ ခုနှစ်အတွင်း စနေ နှင့် ရာဟုဂြိုဟ် အသွားအလာတို့၏ အကျိုးအပြစ်ကို ရေးသားဖွဲ့ဆိုထားသည့် စနေ − ရာဟုဖွဲ့ သံချို ဖြစ်သည်။

သည်ကပ်အနိုင်ကျော်တော့[ပြင်ဆင်ရန်]

ထောင့်နှစ်ရာရှစ်ဆဲ့ကိုးမှာတော့၊ ဆိုးလိုက်ပုံအခြေဆိုရလျှင်၊ စနေဂြိုဟ်ရာဟုမင်းရယ်က၊ အတင်းကွယ်ဘေးရန်ပြုချေတော့၊ ကိန်းယခုကြုံပြန်လာ။

အပြစ်ရှိစရာဆိုးမှဖြင့်မချွင်းပြီဘု၊ မဇ္ဈိမာ ကိုးရာအတွင်းမှာလ၊ သူတင်းလျှင်ငါမာမည်ဟု၊ ရာဇာတွေပါဝါလုပ်ပါလို့၊ အားထုတ်ကာစစ်ဆင်ထိုးကြလိမ့်၊ ဆိုးလိုက်မည့်သည်အခါ။

ထိုသည့်ပြင်ဂန္ဓာလရာဇ်မှာလ၊ ရန်စစ်သည်သူပုန်ထပါလို့၊ ကြုံရလေသည်ခေတ်တွင်းမှာဖြင့်၊ ရန်ချင်းရန်ပွေလို့ထပ်ကရော၊ သည်ကပ်အနိုင်ကျော်ရအောင်၊ တူပျော်ပျော်ကျင့်သီလရယ်နှင့်၊ ပွားလိုက်ကြဘာဝနာ၊ သည်အခါခေတ်ဆိုး။

ဗုဒ္ဓဘာသာတွေနှင့်၊ မြန်မာပြေချန်လို့ ကြွင်းတန်ငဲ့၊ ကျမ်းရင်းစာဆိုမဖြင့် စနေဂြိုဟ်ရာဟုနင်းတာက၊ မဇ္ဈိမနယ်အတွင်းရယ်နှင့်၊ တရုပ်ပြည်မချန်ချွင်းပြီကဘု၊ အတင်းကွယ်သည်အခါဆော်တော့၊ ပြည်နဂရာမော် − မငြိမ်သက်ဘို့အပိုင်းမှာကွယ်၊ ရိုင်းချက်တမျိုး။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ မဇ္ဈိမ = မဇ္ဈိမတိုက်၊ အိန္ဒိယပြည်။

၂။ ကိုးရာအတွင်း = ယူဇနာ အဝန်းကိုးရာရှိသော အိန္ဒိယပြည်အတွင်း။

၃။ ဂန္ဓာလရာဇ် = ဂန္ဓာလရာဇ်၊ တရုတ်ပြည်။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။