သစ်လွင်၊ လင်းယုန်
လင်းယုန်သစ်လွင် (၁၉၁၇-၁၉၉၃)
[ပြင်ဆင်ရန်]၁၂၇၉ - ခုနှစ်၊ တော်သလင်းလပြည့်ကျော်(၉)ရက်၊ ခရစ်နှစ်-၁၉၁၇-စက်တင်ဘာ(၉)တနင်္ဂနွေနေ့တွင် ဧရာဝတီတိုင်း ညောင်တုန်းမြို့၌ အဖ-ဦးဖိုးလူ၊ အမိ-ဒေါ်နှင်းဦးတို့က ဖွားမြင်သည်။ ညောင်တုန်းမြို့၊ အစိုးရအထက်တန်း ကျောင်းတွင်-အဌမတန်းအထိ ပညာသင်ကြားခဲ့သည်။ စစ်မဖြစ်မီက မော်လမြိုင်မြို့မှ ထုတ်ဝေသော ခေါင်း ဆောင်သတင်းစာတွင် နယ်သတင်းထောက်အဖြစ် ဆောင်ရွက်ခဲ့။
၁၉၄၇ - ဟံသာဝတီနှင့် ဗမာ့ခေတ်-သတင်းစာတွင် နယ်သတင်းထောက်အဖြစ်ဆောင်ရွက်ခဲ့။
၁၉၄၉ - ရန်ကုန်သို့ရောက်ရှိပြီးလင်းယုန်သတင်းစာတွင် အလုပ်သမားသတင်းထောက်လုပ်ရာမှ လင်းယုန် သစ်လွင် ကလောင်အမည်ယူခဲ့သည်။ ထို့နောက်လင်းယုန်ဂျာနယ်၊ ပြည်တော်သစ်ဂျာနယ်၊ လူထုဂျာနယ် တို့တွင် အယ်ဒီတာအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့။ ရှုဒေါင့်ဂျာနယ် အယ်ဒီတာအဖွဲ့ဝင်အဖြစ်လည်း ဆောင်ရွက်ခဲ့ သည်။
၁၉၅၀ - ပြည့်နှစ်၊ စာရေးဆရာအသင်းနှစ်ပတ်လည်စာပေပြိုင်ပွဲတွင်တို့ကျေးရွာဝတ္ထုတိုဖြင့် ဝတ္ထုတိုဆုရရှိခဲ့။
၁၉၅၇ - ၅၈ - ပြည်ထောင်စု မြန်မာနိုင်ငံစာရေးဆရာအသင်း အလုပ်အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့။
၁၉၆၂ - သီတာသောင်ခြေဦးလုံးချင်းဝတ္ထုဖြင့် အနုပညာစာပေ ဝတ္ထုရှည်ဆုရရှိ။
၁၉၆၈ - ယိုးဒယား မြန်မာ မီးရထားလမ်း ကိုယ်တွေ့ချွေးတပ်မှတ်တမ်း စာအုပ်ဖြင့် အမျိုးသားစာပေ၊ စာပ ဒေသာဆုရရှိခဲ့။
၁၉၇၁ - ဓမ္မဝိလာသ လုံးချင်းဝတ္ထုရှည်ဖြင့် အမျိုးသားစာပေ ဝတ္ထုရှည်ဆုရရှိခဲ့။ စာရေးဆရာကြီးလင်းယုန် သစ်လွင်သည် ၁၉၅၂-ခုနှစ်မှ ၁၉၈၆-ခုနှစ်အထိ-လုံးချင်းစာအုပ်(၇၀)ရေးသားခဲ့သည်။
၁၉၉၃ - ဩဂုတ်လ(၂၁)ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။
ထင်ရှားသောစာအုပ်အချို့
[ပြင်ဆင်ရန်]- ဘုံကျွန်
- သေမင်းတမန်လမ်းပေါ်ဝယ်
- သောင်းဒီပါမြေ
- ဓမ္မရက္ခိတ
- သီတာသောင်ခြေဦး(စာပေဆုရ)
- ဓမ္မဝိလာသ(စာပေဆုရ)
- ယိုးဒယားမြန်မာမီးရထားလမ်းကိုယ်တွေ့ ချွေးတပ်မှတ်တမ်း(စာပေဆုရ)
- ဆားချက်မြေ
- ပင်လယ်တံငါ
- အသက်သွေးချွေးစတေး၍
- ယမုံနာ(ဝတ္ထုတိုပေါင်းချုပ်)
| စဉ် | စာအုပ်အမည် | ထုတ်ဝေသောခုနှစ် | စာအုပ်တိုက် | မှတ်ချက် |
|---|---|---|---|---|
| ၁ | တူပြိုင်လေကူးမယ်ပ | ၁၈၅၂ | ||
| ၂ | သက်ဆုံးကြော့ကေခိုင် | ၁၉၅၃ | ||
| ၃ | ဆိုက်ကားသမား | ၁၉၅၃ | ||
| ၄ | ချစ်တုန့်မပြန် | ၁၉၅၄ | ||
| ၅ | ဘုံကျွန် | ၁၉၅၄ | ||
| ၆ | မေတ္တာသာလျှင် | ၁၉၅၅ | ||
| ၇ | လက်ရွေးစင်ဝတ္ထုတိုများ | ၁၉၅၆ | ||
| ၈ | ကရုဏာလှိုင်း | ၁၉၅၇ | ||
| ၉ | အမွေဆိုင်ညီအစ်ကို | ၁၉၅၈ | ||
| ၁၀ | တရားခံ | ၁၉၅၈ | ||
| ၁၁ | လျှိ | ၁၉၅၉ | ||
| ၁၂ | နှင်းဆီမြိုင်လူသတ်မှု | ၁၉၅၉ | ||
| ၁၃ | ငွေရတုဂိုဏ်း | ၁၉၅၉ | ||
| ၁၄ | ရတနာခင်နှင့်လူသတ်ဂိုဏ်း | ၁၉၅၉ | ||
| ၁၅ | အသက်သွေးချွေး | ၁၉၆၀ | ||
| ၁၆ | ချစ်သောမာမီ | ၁၉၆၀ | ||
| ၁၇ | ခြေတော်တင်ခံမလေး | ၁၉၆၁ | ||
| ၁၈ | မိုးတစ်ညဝယ် | ၁၉၆၁ | ||
| ၁၉ | စပယ်ခြံလူသတ်မှု | ၁၉၆၁ | ||
| ၂၀ | သီတာသောင်ခြေဦး | ၁၉၆၂ | ||
| ၂၁ | မေတ္တာရနံ့ပြယ်လေသော် | ၁၉၆၂ | ||
| ၂၂ | စောနန်းမွန် | ၁၉၆၂ | ||
| ၂၃ | ဘဝဇာတ်ဆရာထံတွင် | ၁၉၆၂ | ||
| ၂၄ | သမုဒယသံယောဇဉ် | ၁၉၆၂ | ||
| ၂၅ | ဂလက်ဒီယေးတားဂိုဏ်း | ၁၉၆၂ | ||
| ၂၆ | သေနတ်တစ်ချက်အသက်တစ်ချောင်း | ၁၉၆၂ | ||
| ၂၇ | လျှို့ဝှက်ရတနာ | ၁၉၆၂ | ||
| ၂၈ | လူသတ်ပတ္တမြား | ၁၉၆၂ | ||
| ၂၉ | မေတ္တာပုလဲပန်း | ၁၉၆၂ | ||
| ၃၀ | ရွှေမနိုင်ခင်လေး | ၁၉၆၃ | ||
| ၃၁ | သွေးသောက်ဓား | ၁၉၆၃ | ||
| ၃၂ | သိန်းထိုက်ရတနာ | ၁၉၆၃ | ||
| ၃၃ | ချစ်ရလေမည့်မွေးရပ်မြေ | ၁၉၆၃ | ||
| ၃၄ | မေတ္တာနှောင်ကြိုး | ၁၉၆၃ | ||
| ၃၅ | သေမင်းတမန်လမ်းပေါ်ဝယ် | ၁၉၆၄ | ||
| ၃၆ | သောင်းဒီပါမြေ | ၁၉၆၅ | ||
| ၃၇ | သမုဒယနှောင် | ၁၉၆၅ | ||
| ၃၈ | သက်စွန့်ဆံဖျား | ၁၉၆၅ | ||
| ၃၉ | ယမုံနာတံငါဝတ္ထုတိုများ | ၁၉၆၅ | ||
| ၄၀ | နှစ်ဦးမေတ္တာဆုံကြရာဝယ် | ၁၉၆၅ | ||
| ၄၁ | ရတနာနဒီ | ၁၉၆၆ | ||
| ၄၂ | ဓမင်းဆိပ်သို့ရောက်လေသော် | ၁၉၆၆ | ||
| ၄၃ | လျှို့ဝှက်ဂေဟာ | ၁၉၆၇ | ||
| ၄၄ | စစ်သူလျှိုဂိုဏ်း | ၁၉၆၇ | ||
| ၄၅ | ကပ္ပဒိန်မာဒင် | ၁၉၆၇ | ||
| ၄၆ | ယိုးဒယား-မြန်မာမီးရထားလမ်း ကိုယ်တွေ့ချွေးတပ်မှတ်တမ်း | ၁၉၆၈ | အတွဲ (၁) နှင့် (၂) သတင်း နှင့် စာနယ်ဇင်း ော်ပိုေးရှင်း၊ အတွဲ (၃) ောမင်းကြီးစာေ | မူလ (၃) အုပ်ကို (၂၀၀၃) တွင် စပယ်ဦးစာပေမှ ပေါင်းထုတ်သည်။ |
| ၄၇ | ပင်လယ်တံငါ | ၁၉၇၁ | ||
| ၄၈ | ဓမ္မဝိလာသ | ၁၉၇၁ | ||
| ၄၉ | ဆားချက်မြေ | ၁၉၇၃ | ||
| ၅၀ | ပါးစပ်လိုက်လား လက်လိုက်လား | ၁၉၇၃ | ||
| ၅၁ | အလွှာ | ၁၉၇၄ | ||
| ၅၂ | ဓမ္မရက္ခိတ | ၁၉၇၄ | ||
| ၅၃ | မိုးသောက်ကြယ် | ၁၉၇၅ | ||
| ၅၄ | အနာဂတ်အတွက်မွေးဖွားခြင်း | ၁၉၈၄ | ||
| ၅၅ | ကျွန်းပြန်စိန်တစ်ပွ့ | စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ် | ||
| ၅၆ | အိမ်ော်မြခင် | စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ် | ||
| ၅၇ | ကိုဖိုးဒေါင်း | စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ် | ||
| ၅၈ | တို့ကျောင်းတော်သူ | စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ် | ||
| ၅၉ | ရွာခေါင်းဆောင် | စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ် | ||
| ၆၀ | ခွင့်လွှတ်ပါမောင်ရယ် | စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ် | ||
| ၆၁ | သည်လယ်မြေ | စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ် | ||
| ၆၂ | ဆောင်းလပြာသို | စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ် | ||
| ၆၃ | အဖြစ်နှင့်အမှန် | စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ် | ||
| ၆၄ | ငပိပဒေသာ | ၁၉၇၃ | ||
| ၆၅ | လှေ | ၁၉၈၁ | ||
| ၆၆ | မြန်မာ့အာဟာရငပိနှင့်ငန်ပြာရည် | ၁၉၈၆ |