သစ်ပင်လူသား

ဝီကီပီးဒီးယား မှ
သစ်ပင်လူသား

သစ်ပင်လူသားသည် အင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့ ၁၈၀ ကီလိုမီတာအကွာ အရှေ့တောင်ပိုင်း၊ တတ်ဂျန်ဂျာရာ ဒေသတွင်နေထိုင်သူ မစ္စတာ ဒီဒီ ကိုဆာဝါ ( ၃၂ )နှစ် ဖြစ်သည်။ ခန္တာကိုယ်ပေါ်ရှိ အရေပြားများသည် သစ်ခေါက်၊ သစ်မြစ်များကဲ့သို့ဖြစ်နေပြီး၊ အမှန်မှာ ထူးထူးဆန်းဆန်းရောဂါဖြစ်နေသူ တစ်ဦးဖြစ်သည်။

အမေရိကန်နိုင်ငံဆရာဝန်က တစ်ရူးစယူပြီး ဓာတ်ခွဲကာ ဆေးကုသပေးရန် ကမ်းလှမ်းချက်ကို အင်ဒိုနီးရှားအစိုးရ၏ ငြင်းဆန်ခြင်းခံခဲ့ရသူဖြစ်သည်။

အင်ဒိုနီးရှားသမ္မတအမိန့်နှင့် ပြည်တွင်းဆရာဝန်များက ဖြတ်တောက်ခွဲစိတ်လိုက်သော်လည်း မအောင်မြင်ပေ။ နောက်ဆုံးတွင် ၂၀၀၈-ခုနှစ်တွင် အမေရိကန်အကူအညီဖြင့် ဆေးကုသရာ သက်သာသွားသည်။

ဒါပေမဲ့ ဆက်လက်ကြီးထွားနေသော အခက်အလက်တွေကို ၂၀၀၉-ခုနှစ်တွင် ထပ်မံဖြတ်တောက်ပြီးနောက် ပညာရှင်ဆရာဝန်များ၏ အဆိုအရ

ထိုရောဂါကို ရပ်တန့်သွားအောင်မလုပ်နိုင်ကြောင်း သိရသည်။


ကိုးကား[ပြင်ဆင်ရန်]