ကျော်ထွန်း၊ သခင်

ဝီကီပီးဒီးယား မှ
(သခင်ကျော်ထွန်း မှ ပြန်ညွှန်းထားသည်)

သခင်ကျော်ထွန်းသည် ထန်းတပင်ခရိုင်၊ အလယ် ဘုတ်ရွာ ဇာတိဖြစ်သည်။ တောင်သူလယ်သမား မိဘများဖြစ် ကြသော ဦးဘိုးစံ၊ ဒေါ်အုံးတို့မှ ၁၉၁၅ ခုနှစ်တွင် မွေးဖွား သည်။ သာယာဝတီမြို့၊ အင်္ဂလိပ်-မြန်မာ ဗုဒ္ဓဘာသာအလယ် တန်းကျောင်းနှင့် အင်းစိန်မြို့ အစိုးရအထက်တန်းကျောင်းတို့ တွင် ပညာသင်ယူခဲ့သည်။ ဆယ်တန်းစာမေးပွဲကို ဖြေဆို အောင်မြင်ခဲ့သည်။


၁၉၃၅-၃၆ ခုနှစ်တွင် တို့ဗမာအစည်းအရုံးသို့ဝင်၍ သခင်ကျော်ထွန်းအမည်ကို ခံယူခဲ့သည်။ ထိုအချိန်မှ အစပြု ၍ တောင်သူလယ်သမား လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက် ခဲ့ပြီးနောက် ၁၉၃၈ ခုနှစ်တွင် တို့ဗမာအစည်းအရုံး၏ လက် အောက်ခံ အဖွဲ့တစ်ခုဖြစ်သော တောင်သူလယ်သမား အစည်း အရုံး (အင်းစိန်ခရိုင်)၏ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့လေ သည်။


၁၃ဝဝ ပြည့် အရေးတော်ပုံကြီးတွင် ပါဝင်လှုပ်ရှား ခဲ့ရုံသာမက တောင်သူလယ်သမားများအပေါ် ဖိနှိပ်ချုပ်ချယ် သည့် ဥပဒေများကို တိုက်ဖျက်ရန် ဆန္ဒပြတိုက်ပွဲ ဆင်နွှဲရာ ၌လည်း ဦးဆောင်ပါဝင်ခဲ့သဖြင့် နယ်ချဲ့ ဗြိတိသျှအစိုးရ၏ ဖမ်းဆီး အရေးယူခြင်းကို ခံခဲ့ရလေသည်။ ၁၉၄၂ ခုနှစ်တွင် နယ်ချဲ့အင်္ဂလိပ်ကို တော်လှန်သည့် လွတ်လပ်ရေးတိုက်ပွဲတွင် ပြည်သူ့အရေးတော်ပုံ ပါတီဝင် အဖြစ် ပါဝင်ခဲ့သည်။ ဘီအိုင်အေ အုပ်ချုပ်ရေးကာလအတွင်း အင်းစိန်ခရိုင် အုပ်ချုပ်ရေးတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် ဘီအိုင်အေ ဗိုလ်သင်တန်းကျောင်းသို့တက် ရောက်၍ စစ်ပညာများ သင်ယူသည်။ ဘီအိုင်အေမှ ဘီဒီအေအဖြစ် ပြောင်းလဲဖွဲ့စည်းသော အခါ တပ်မှထွက်၍ နိုင်ငံရေး ဆောင်ရွက်သည်။ ၁၉၄၅ခုနှစ် တွင် ဖက်ဆစ်တော်လှန်ရေးကြီးကို ဆင်နွှဲသောအခါ အင်းစိန် ခရိုင်၊ နိုင်ငံရေးတာဝန်ခံအဖြစ် ထမ်းဆောင်ရလေသည်။


၁၉၄၉ ခုနှစ်မှ ၁၉၅ဝ ပြည့်နှစ်အတွင်း လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန ပါလီမန်အတွင်းဝန်အဖြစ် လည်း ကောင်း၊ ၁၉၅ဝ ပြည့်နှစ်မှ ၁၉၆ဝ ပြည့်နှစ်အတွင်း ဗမာ နိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအစည်းအရုံး(ဗတလစ) အဖွဲ့ချုပ်တွင် အထွေထွေ အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ၁၉၅၂ ခုနှစ်တွင် ဖဆပလအစိုးရအဖွဲ့ဝင် လယ်ယာစိုက်ပျိုးရေး နှင့် သစ်တောရေးဝန်ကြီးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ရ သည်။ ၁၉၅၆ ခုနှစ်မှ ၁၉၆ဝ ပြည့်နှစ်အထိ (စပကသ) စီးပွားကုန်သွယ်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက် ၁၉၅၆ ခုနှစ် ပါလီမန်ရွေးကောက်ပွဲတွင် အမတ်အဖြစ်ပြန်လည် အရွေးခံခဲ့ရသည်။ ထိုနှစ်မှာပင် ဖဆပလအဖွဲ့ချုပ်တွင် အထွေ ထွေအတွင်းရေးမှူးချုပ်အဖြစ် ဆောင်ရွက်သည်။ ၁၉၅၇ခုနှစ် တွင် ဖဆပလအစိုးရအဖွဲ့ဝင် လယ်ယာစိုက်ပျိုးရေးနှင့် သစ် တောရေးဝန်ကြီးအဖြစ် ပြန်လည် ထမ်းဆောင်ရသည်။ ၁၉၅၉ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် လွတ်လပ် ရေးမော်ကွန်းဝင် (ပထမအဆင့်)အဖြစ် ချီးမြှင့်ခြင်းခံရလေ သည်။ သန့်ရှင်း ဖဆပလ အစိုးရလက်ထက်တွင် လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောရေး၊ သမဝါယမနှင့် ကုန်စည်ဖြန့် ဖြူးရေး ဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့သည်။ ထို့နောက် သန့်ရှင်းဖဆပလအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ် အဖြစ်လည်းကောင်း၊ ၁၉၆ဝ ပြည့်နှစ်တွင် ပြည်ထောင်စုပါတီ ၏ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ်လည်းကောင်း တင် မြှောက်ခြင်းခံရသည်။ ပါတီ၏တာဝန်များကို ၁၉၆၄ ခုနှစ် အထိ ထမ်းရွက်ခဲ့ပြီးနောက် ပြည်ထောင်စုပါတီမှ နုတ်ထွက်ခဲ့ လေသည်။


၁၉၆၄ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသို့ ဝင်ရောက်သည်။ ၁၉၆၅ ခုနှစ်၌ သမဝါယမနှင့် ထောက်ပံ့ ရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်သည်။ ကုန်သွယ်ရေး ကော်ပိုရေးရှင်းများ ဖွဲ့စည်းသောအခါ ကုန်သွယ်ရေးကော်ပို ရေးရှင်း အမှတ် ၆ တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ လေသည်။ ၁၉၆၉ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ ဆိုဗီယက်ဆိုရှယ် လစ် ပြည်ထောင်စုသမ္မတနိုင်ငံဆိုင်ရာ မြန်မာ့သံအမတ်ကြီး အဖြစ် မော်စကိုမြို့သို့ သွားရောက်၍ တာဝန်ထမ်းရွက်ရာမှ သက်ပြည့်ပင်စင်ဖြင့် အငြိမ်းစား အနားယူခဲ့လေသည်။ ၁၉၈ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် သခင်ကျော်ထွန်းသည် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ဇနီး ဒေါ်စိန်သောင်းနှင့် သားသမီးကိုးယောက် ကျန်ရစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. သုတေသီ ရေး ထင်ရှားကျော်ကြား ပုဂ္ဂိုလ်များ