သက်ထွန်း (ဝဏ္ဏကျော်ထင်)

ဝီကီပီးဒီးယား မှ
(သက်ထွန်း၊ ဦး(ဝဏ္ဏကျော်ထင်) မှ ပြန်ညွှန်းထားသည်)
ဦးသက်ထွန်း
မွေးဖွားသက်ထွန်း
(1926-08-06)၆ ဩဂုတ်၊ ၁၉၂၆
ရန်ကုန်မြို့
ကွယ်လွန်ဇူလိုင် ၄၊ ၂၀၁၂(2012-07-04) (အသက် ၈၅)
နိုင်ငံသား
မိခင်ကျောင်းB.A (University of Rangoon)., B.Sc (University of London)
အလုပ်အကိုင်အငြိမ်းစားသံအမတ်၊ စာရေးဆရာ၊ သမိုင်းပညာရှင်
ကျော်ကြားမှုအရင်းခံသံအမတ်ကြီး
လက်တွဲဖော်(များ)ဒေါ်ခင်ခင်အုန်း
သားသမီး၄ ယောက်
မိဘ(များ)ဦးဖိုးသောင်၊ ဒေါ်စိန်တုတ်
ရရှိသည့်ဆုများဝဏ္ဏကျော်ထင်

ဝဏ္ဏကျော်ထင် ဦးသက်ထွန်း (၁၉၂၆-၂၀၁၂) သည်[၁] သံအမတ်၊ သမိုင်းပညာရှင်၊ စာရေးသူ ဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ဦးဖိုးသောင်၊ ဒေါ်စိန်တုတ်တို့မှ ၁၉၂၆ ခု၊ ဩဂုတ်လ ၈ ရက်တွင် မွေးသည်။

မြို့မအမျိုးသားကျောင်း (အ.ထ.က(၂) ဒဂုံ) တွင် ပညာသင်သည်။ ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရသည်။ ဂျပန်သို့ ပညာတော်သင် သွားရသည်။ အင်္ဂလန်သို့လည်း ပညာသင်ရာ လန်ဒန်တက္ကသိုလ်မှ သိပ္ပံဘွဲ့ ရခဲ့သည်။

အသက်မွေး ဝမ်းကျောင်းမှု[ပြင်ဆင်ရန်]

၁၉၅၁ မှ ၁၉၇၅ အထိ အမျိုးသား စီမံကိန်း ဝန်ကြီးဌာန ဗဟို စာရင်းအင်းနှင့် စီးပွားရေး ဌာနခွဲ၌ ညွှန်ကြားရေးမှူးချုပ် အဆင့်ထိ တာဝန်ယူခဲ့သည်။ ယင်းကာလအတွင်း ကမ္ဘာငွေကြေး ရန်ပုံငွေ အဖွဲ့ (IMF)၊ အာရှနှင့် အရှေ့ဖျား ဒေသဆိုင်ရာ စီးပွားရေး ကော်မရှင် (ECAFE)၊ ကမ္ဘာဘဏ် (IBRD) တို့၌ တနှစ်ခန့်စီ တာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၇၅ မှ ၇၈ အထိ ပြင်သစ်ဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် ထမ်းဆောင်ခဲ့သည်။[၂] ဆွစ်ဇာလန်နိုင်ငံနှင့် စပိန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် လည်းကောင်း၊ ယူနက်စကိုဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်နှင့် ကုလသမဂ္ဂ လက်နက်ဖျက်သိမ်းရေးကော်မတီ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် အဖြစ်လည်းကောင်း ပူးတွဲ တာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၇၉ မှ ၁၉၈၆ အထိ ပါရီမြို့၊ ယူနက်စကိုဌာနချုပ်၌ အာရှနှင့် ပစိဖိတ်ဌာနခွဲ ညွှန်ကြားရေးမှူး အဖြစ် တာဝန်ယူခဲ့သည်။

ထွန်းဖောင်ဒေးရှင်းဘဏ်၌ ဒါရိုက်တာအဖြစ် ဆောင်ရွက်သည်။

စာပေ ရေးသားခြင်း[ပြင်ဆင်ရန်]

မြန်မာ့သမိုင်း အဖွဲ့ဝင်အဖြစ် ဒေါက်တာ သန်းထွန်းဒေါက်တာ သော်ကောင်း၊ မြန်မာစာအဖွဲ့ဝင် ကထိက ဒေါ်မြင့်သန်း၊ သမိုင်းပညာရှင် ဦးမြင့်ကြွယ် (မြို့မမြင့်ကြွယ်)၊ တက္ကသိုလ် စာပေးစာယူဌာနမှူး ဦးစန်း စသော ပညာရှင်များနှင့်အတူ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ၊ ၁၇ ရက် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသားကျောင်းအဖြစ် မြို့မကျောင်း စတင်ခဲ့ကြောင်း ၁၉၉၅ ခု၌ သမိုင်းအထောက်အထားပြုစုရာတွင် ပါဝင်ခဲ့သည်။

အတွေးအမြင် စာစောင်၏ ပင်တိုင်ဆောင်းပါးရှင် ဖြစ်ပြီး၊ အခြား မဂ္ဂဇင်းစာစောင်များတွင် အတွေ့အကြုံ ဆောင်းပါးများနှင့် အခြား ဆောင်းပါးများ ရေးသည်။

ရေးသားသော စာအုပ်များ[ပြင်ဆင်ရန်]

ခေါင်းစဉ် ထုတ်ဝေနှစ် ထုတ်ဝေသူ မှတ်ချက်
ကင်းဝန်ခြေရာ လိုက်၍သာ (In the Footsteps of Kinwun) ၁၉၉၈ အမျိုးသားစာပေ (စာပဒေသာ) ဆု
သံတို့ အမြင် (Bilingual Essays) ၁၉၉၉
မျက်မှောက်ခေတ် မြန်မာနှင့် အခြား အင်္ဂလိပ်−မြန်မာ နှစ်ဘာသာဆောင်းပါးများ (The Contemporary Myanmar & Selected Writings) ၂၀၀၂
အနောက်တိုင်း ဟာသ
သူတို့အဆို သူတို့ဟာသ
နိုင်ငံရပ်ခြား အတွေ့အကြုံများ (Experiences Abroad)
သူတို့အကြောင်း တစေ့တစောင်း (Portraits and Vignettes of Myanmar Personalities)
မြန်မာတစ်ဦး၏ ကမ္ဘာ့အမြင် (A Myanmar Looks at Others)
အနောက်တိုင်း နှုတ်သီးကောင်းလျှာပါးတို့၏ အဆိုများ
ဥရောပလူမျိုးအချင်းချင်း မျက်နှာ အိုးမည်းသုတ်ခြင်း
The Writings of General Aung San ဦးမြဟန်၏ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာများ ကို ဘာသာပြန်
Waves of Influence
Myanmar Politics 1958-1962 မြန်မာသမိုင်းအဖွဲ့
Selected Writings of Retired Ambassador U Thet Htun မြန်မာသမိုင်းအဖွဲ့

အသင်းအဖွဲ့ဆိုင်ရာ လှုပ်ရှားမှု[ပြင်ဆင်ရန်]

မြို့မကျောင်း စိန်ရတု (၁၉၂၀-၁၉၉၅) တွင် အငြိမ်းစား ဗိုလ်မှူးချုပ် ချစ်လှိုင်၊ အငြိမ်းစား ဗိုလ်ချုပ် သောင်းတင်၊ ဗိုလ်ချူပ် စိန်ထွား၊ ဗိုလ်မှူးကြီး ညွန့်ဆွေ၊ ကထိက ဒေါ်မြင့်သန်း၊ တက္ကသိုလ် စာပေးစာယူဌာနမှူး ဦးစန်း စသော မြို့မ ကျောင်းသားဟောင်းများနှင့်အတူ ကျင်းပရေးကော်မတီ နာယကအဖြစ် ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံသမိုင်းအဖွဲ့၌ အချိန်ပိုင်းအဖွဲ့ဝင်အဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းများအသင်း၏ ဥက္ကဋ္ဌအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့ သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၂၀၁၂ ခု၊ ဇူလိုင်လ ၄ ရက်တွင် ကွယ်လွန်သည်။ ဇနီး ဒေါ်ခင်ခင်အုန်းနှင့် သားသမီး ၄ ယောက် ကျန်ရစ်သည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. အငြိမ်းစား သံအမတ်ကြီး ဦးသက်ထွန်း ကွယ်လွန်ဧရာဝတီသတင်း (၅ ဇူလိုင် ၂၀၁၂)။ ၁၁ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. သံအမတ်ကြီး ဦးသက်ထွန်း ဆုံးBBC Burmese (၆ ဇူလိုင် ၂၀၁၂)။ ၁၁ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. Myanmar.com။ 12 August 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 February 2013 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်များ[ပြင်ဆင်ရန်]