သက်တင်၊ ဦး(မန္တလေး)

ဝီကီပီးဒီးယား မှ

ဦးသက်တင် (မန္တလေး)[ပြင်ဆင်ရန်]

ဦးသက်တင် (မန္တလေး)မှာ ဝိုင်အမ်ဘီအေဆရာတင်၏ တပည့်ဖြစ်၍ နေမျိုးဗလကျော်သူဘွဲ့ရ ရွာစားကြီး ဦးစိန်ဗေဒါ၏ဓာတ်ပြားသီချင်းများ ရေးသားပေးရသည်။ ဦးစိန်ဇေဒါအတွက် ပထမဆုံးရေးပေးသောသီချင်းမှာ “မြန်မာ့တူရိယာ”သီချင်း ဖြစ်သည်။ ဦးသက်တင် ရေးသားသောသီချင်းများမှာ ၂၅ပုဒ်လောက်ရှိခဲ့သည်ဟု သိရသည်။ တိမ်မြုပ်နေသည့် ပန်တော်ချင်း (ခေါ်) ထန်းဖိုထန်းလျက်သီချင်းကို ဦးစိန်ဗေဒါကိုယ်တိုင် သီဆိုဓာတ်ပြားသွင်းခဲ့ကြောင်းနှင့် ဘို့နှစ်ဘို့၊ အလှူတော်၊ လူပျိုစင်၊ ပဉ္စသိင်္ခ၊ မင်္ဂလာရကင်း၊ ကျေးဇူးလည်ပြန်၊ မင်္ဂလာယင်မည့်သတို့သား၊ အလှပြိုင်ပွဲ စသောသီချင်းများမှာ ဓာတ်ပြားလောက၌ ကျော်ကြားပါသည်။

ဦးသက်တင်သည် အငြိမ့်မင်းသမီးများဖြစ်ကြသော ဒဂုန်ခင်လှကြည်၊ လေဘာတီမမြရင်၊ ပျော်တော်ဆက် မတင်အောင်၊ နေပြည်တော်မြရီ၊ ဥဩမယ်တင်၊ ဒီးဒုတ်သန်းရီ၊ အာဇာနည်ညွှန့်ရီ၊ မြန်မာအဆွေ မအေးခင်၊ ပဟိုရ်စည်မြလေး၊ ဗန္ဓုလ မြသန်းရီ၊ ဒေါ်ဩဘာသောင်းတို့အတွက် သီချင်းများကို ရေးသားခဲ့သူဖြစ်သည်။ ဦးသက်တင်၏ မိဘများမှာ မန္တလေးမြို့ ချမ်းမြသာစည် မြောက်ရွာသစ်ပိုင်းနေ ဦးပေါက်၊ ဒေါ်ထူးတို့ဖြစ်ပြီး ၁၂၆၁ခုနှစ် ဝါဆိုလပြည့်ကျော် ၁၃ရက်တွင် မွေးဖွားပါသည်။ မွေးချင်းလေးဦးရှိသည့်အနက် တစ်ဦးတည်းသော သားယောကျာ်းလေးဖြစ်သည်။ အသက်၈၀ကျော်အထိ မန္တလေးမြို့မ တူရိယာအဖွဲ့နှင့် မခွဲတမ်းလိုက်ပါ၍ ဂီတဝါသနာကြီးသူပီပီ ပျော်ရွှင်စွာ နေထိုင်လျက်ရှိကြောင်း သိရသည်။ [၁]

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

  1. ဗိုလ်ကလေးဦးတင့်အောင်ပြုစုပါသည်။